Tuesday, November 2, 2010

ရွေးကောက်ပွဲတွင် မဲလိမ်ရန်စီစဉ်နေ


မြန်မာနိုင်ငံအတွင်းရှိ မ.ယ.က ၇ုံးများသို့ ယနေ့ ညနေပိုင်းတွင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးနှင့် မဲပြားများ ရောက်ရှိလာပြီ ဖြစ်ပြီး၊ ၇ ရက်နေ့ မှ ရွေးကောက်ပွဲ ပြုလုပ်ရမည် ဖြစ်သော်လည်း မဲလိမ်ရန် အတွက် ကြိုတင် စီစဉ်နေကြောင်း သတင်းရရှိပါသည်။
 စီစဉ်ပုံမှာ ၄ ရက်နေ့တွင် မ.ယ.က ရုံး၌ ကြိုတင်မဲများ စတင်ကောက်ယူမည်ဖြစ်ပြီး ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရပ်ကွက် ရ.ယ.က ၇ုံးများတွင်ပါ ကောက်ယူမည် ဖြစ်ပါသည်။ ထိုသို့ ကောက်ယူရာတွင် ၇ပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်၍ခေါ်ဆိုကာ ကြိုတင်မဲ ပေးခိုင်းမည်ဖြစ်ပြီး၊ မဲရုံ စောင့်ကြည့်မည့် တာဝန်သိပြည်သူများ နှင့်အတိုက်အခံ မှ လူများအား ၀င်ရောက်ခွင့် ပေးမည်မဟုတ်ကြောင်း သိရပါသည်။
ထို့အပြင် မဲရုံဝန်းကျင်တွင် စောင့်ကြည့်၇န်အတွက် စွမ်းအားရှင်အဖွဲ့များအား ထားရှိမည် ဖြစ်ပြီး မဲရုံအတွင်း၌လည်း ပြည်သူများ၏ မဲပြားများအားစောင့်ကြည့်၍ ကြံ့ဖွံ့ပါတီ မဲရရှိစေရန် ဆောင်ရွက်မည်ဖြစ်သည်။ထို့အပြင် မဲရုံ၏ မဲမသမာမှုများအား ဖော်ထုတ်မည့်သူ၊တိုင်တန်းမည်ဟု ယူဆရသူများအား အထူးစောင့်ကြည့်ရန်၊လိုအပ်ပါက ရွေးကောက်ပွဲလွန် ကာလအထိ ဖမ်းဆီးထိန်းသိမ်းထားရန် နှင့် မဲရုံတွင်ဖြစ်သော ပြသနာများအား ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်မှ တာဝန်ယူကာကွယ်ပေးရန် အထက်မှ လျို့ဝှက် အမိန့်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။

သတင်း မြန်မာ့အရေး

0 comments:

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More