Saturday, November 20, 2010

နိုင်ငံရေးသမားကြီးတွေကို ဂါရ၀ ပြုပွဲ ကျင်းပပြုလုပ်

nld

ပြည်တွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှား နေတဲ့ ဒီမိုအင်အားစုတွေက ၀ါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့် ရှိ ၀ါရင့်နိုင်ငံရေးသမားဟောင်း သခင်သိန်းဖေ အိမ်တွင် ၂၀.၁၁.၂၀၁၀ စနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သွားခဲ့ကြသည်။

အဆိုပါ ကန်တော့ ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီဝင်များ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်ဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားကျိုးပမ်းနေကြသူများ တက်ရောက်ခဲ့ကြ့ပီး ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဒီမိုကရေစီအင်အားစုများ၏ ပန် ကြားလွှာကို ဖတ်ကြားခြင်း၊ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ ကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင် ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြော ကြား ခြင်းတို့အပြင် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာ သည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးအပ်ခဲ့ကြ့ပီး ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် တာဝန်ကို လက်ခံခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့် ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်တွင် ယနေ့ ၂၀.၁၁.၂၀၁၀ စနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင် ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၆၂ မျိုး ဆက် ၇၄-၇၅-၇၆ မျိုးဆက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုက ရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ ၁၀၀ ကျော်ခန့် တက်ရောက်ကြသည်။
dassk
ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန် ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ ကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင် ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြော ကြား ခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာ သည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးပြီးနောက် ဆုံးအစီအစဉ် အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန် ပြောကြားခဲ့သည်။

ကန်တော့ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီး ၂၀ ကျော်တက်ေ၇ာက် အပူဇော်ခံခဲ့သလို ကျမ်းမာရေးကြောင့် မတက်ရောက်နိုင်ခဲ့ကြသည့် သက်ကြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ အိမ်သို့ သွားရောက်ကန်တော့ခဲ့ကြပြီး သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာသူပေါင်း ၁၅၀ ကျော်ရှိကြောင်း သိရှိသတင်းရရှိသည်.

0 comments:

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More