Saturday, November 20, 2010

ဒေါ်စုကို ကြိုဆိုလိုက်တဲ့ ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်ခံရ



ပြည်တွင်းမှာ လူကြိုက် များ လှသည့် First Eleven အားကစား ဂျာနယ် မျက်နှာဖုံးစာမျက်နှာပေါ်တွင်
အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီ
အသင်း တို့ တွေ့ ဆုံမှုကို SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟုဖော်ပြထားရှိပြီး“ အနီရောင်စာလုံးများဖြင့် ”စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကိုပညာသားပါပါဖြင့် ဖော်ပြခဲ့မှူကြောင့် စာပေစ်စစ်ရေးမှ First Eleven ဂျာနယ်အား စာစောင်ထုတ်ဝေမှူအား နှစ်ပတ် ပိတ်လိုက်သည်။ ၄င်းသတင်းကို Eleven Media Group မှ ၀န်ထမ်း တစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ စာပေစိစစ်ရေးမှ နှစ်ပတ် ပိတ်ခိုင်း လိုက်သည်ကို အတည်ပြုပြောဆိုသွားခဲ့သည်။ နိုဝင်ဘာလ ၁၃ရက် န့က နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်သည့် အကြောင်းများ၊ မိန့်ခွန်းများကို ပြည်တွင်း ဂျာနယ်မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့် ပိတ်ပင်ထားလျှက်ရှိသည်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More