Tuesday, November 2, 2010

မင်းပဲကျင့် ငါမကျင့်တဲ့တရား

တိုင်းပြည်တပြည်မှာ အုပ်ချုပ်မင်းလုပ်သူတို့ လိုက်နာကျင့်သုံး အပ်သည့် မင်းကျင့်တရား ၁၀ ပါးရှိပါတယ်.....။

(၁)-ဒါန = စွန့်ကြဲ ပေးကမ်း ခြင်း
(၂)-သီလ = သီလ စောင့်တည်ခြင်း 
(၃)-ပရိစာဂ= လခ ရိက္ခာ လုံလောက်အောင် ပေးခြင်း
(၄)-အဇ္ဇဝ= ဖြောင့်မတ် ရိုးသား စွာကျင့်ခြင်း
(၅)-မဒ္ဒဝ= စိတ်နှလုံး နူးညံ့သိမ်မွေ့အောင် ကျင့်ခြင်း
(၆)-တပ= ခြိုးခြံ ချွေတာခြင်း
(၇)-အကောမ= အမျက်ဒေါသ မထွက်အောင် စောင့်ဆည်းခြင်း
(၈)-အဝိဟိံ= မညှင်းဆဲ မနှိပ်စက်ခြင်း
(၉)-ခန္တီ= သီးခံ ခွင့်လွှတ်ခြင်း
(၁၀)-အဝိရောဓန= တိုင်းသူ ပြည်သား တို့ရဲ့ ဆန္ဒ ကို မဆန့်ကျင်ခြင်းတို့ဖြစ်ပါတယ်။

ကဲ..ဒါဆိုလက်ရှိကျွန်တော်တို့ခေါင်းချောင်ကြီး..အဲ..ခေါင်းဆောင်ကြီးရဲ့ အရည်အချင်းတွေနဲ့ ဘယ်လောက်တောင်ကွဲလွဲ …. အဲ..ကိုက်ညီမှု ရှိသလဲဆိုတာ ဆင်ခြင်သုံးသပ်ကြည့်လိုက်သောအခါ...
(၁)-ဒါန=စွန့်ကြဲပေးကမ်းခြင်း...ကတော့ပက်စက်သလားမမေးနဲ့ဗျို့...။ သူ့မိသားစုအသိုင်းအဝိုင်းတွေ ကြီးပွားချမ်းသာနေကြတာကိုပဲကြည့်
(ကျုပ်တို့ပြည်သူတွေကတော့ချွင်းချက်ပေါ့ )
(၂)-သီလ = သီလ စောင့်တည်ခြင်း....သီလကတော့ လုံခြုံမလုံခြုံတော့မသိဘူး.. ခုဆို အဝီစိဆိုတဲ့ တိုင်းပြည်ကြီးမှာ ကြိုပွိုင့်တောင် ရထားဘီဗျ။(၃)-ပရိစာဂ= လခ ရိက္ခာ လုံလောက်အောင် ပေးခြင်း.. ပေးပါ့ဗျာ.. သူတို့အကြီးအကဲတွေ ပိုလျှံနေတာသာကြည့်...။ (အဲ..အောက်ခြေဝန်ထမ်းတွေကတော့ချွင်းချက်ပေါ့နော့ )
(၄)-အဇ္ဇဝ= ဖြောင့်မတ် ရိုးသား စွာကျင့်ခြင်း.. ဖြောင့်မတ်ရိုးသားစွာ ကျင့်လားတော့မသိ.. သူတို့အစီစဉ်တွေ ဖျက်မဲ့မောင့်ဆိုရင်တော့ အရိုးအသားနာအောင် ကျင့်ပေးတော့တာပါပဲဗျာ။စိတ်နှလုံး နူးညံ့သိမ်မွေ့အောင် ကျင့်ခြင်း.. .စိတ်နှလုံးကတော့ နူးညံ့ပါ့ဗျာ.. လမ်းပေါ်က သသံဃာတော်တွေကို ထောင်ထဲပြောင်းရွေ့သတင်းသုံးခိုင်းတာပဲကြည့်။
(၆)-တပ= ခြိုးခြံ ချွေတာခြင်း.. အင်း..ခြိုးခြံချွေတာပါတယ်ဗျာ.. မီးပေးတဲ့အချိန်တွေ. အင်တာနက်လိုင်းတွေ ဖြတ်တောက်ပီးတော့ကို အဲ..သူတို့အိမ်တွေကတော့ချွင်းချက်ပေါ့
(၇)-အကောမ= အမျက်ဒေါသ မထွက်အောင် စောင့်ဆည်းခြင်း.. အမျက်ဒေါသထွက် မထွက်တော့သိဘူးဗျို့. စိတ်ဆိုးရင်တော့ သံဃာတွေဘာတွေနားမလည်ဘူး. အကုန်ဆွဲစိတာပဲ
(၈)-အဝိဟိံ= မညှင်းဆဲ မနှိပ်စက်ခြင်း.. မညှင်းဆဲမနှိပ်စက်ပါဘူး.. ဘုန်းကြီးခေါင်းရိုက်ခွဲရုံလောက်ပေါ့
(၉)-ခန္တီ= သီးခံ ခွင့်လွှတ်ခြင်း.. ဘယ်လောက် သီးခံခွင့်လွှတ်သလဲဆိုရင်. . သူမြည်းလေးကြိုက်သလို ထင်ရာစိုင်းနေတာသာကြည့်တော့
(၁၀)-အဝိရောဓန= တိုင်းသူ ပြည်သား တို့ရဲ့ ဆန္ဒ ကို မဆန့်ကျင်ခြင်း.. ဟဲ..ဟဲ..ဟဲ. ဒါကတော့ အထွေအထူး ပြောနေစရာမလိုတော့ပါဘူးဗျာအားလုံးအသိပါပဲ

ဖိုးသကြား တင်ပြသည်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More