Showing posts with label သေရာ္စာ. Show all posts
Showing posts with label သေရာ္စာ. Show all posts

Friday, August 19, 2011

ႏုိ္င္ငံေတာ္ သမ္မဒက်ီး မွ ေပးစာ “သမ္မဒက်ီး ”



ျပည္ပေရာက္ ႏိုင္ငံေရးအင္အားစုမ်ား ၀မ္းေျမာက္ဖြယ္

ျပည္ပေရာက္ ျမန္မာႏိုင္ငံေရး တက္ၾကြသူ၊ ႏိုးၾကားသူ၊ လႈပ္ရွားသူ၊ လုပ္စားသူ၊ အဖဲြ႕အစည္းမ်ား လူပုတ္ဂိုလ္မ်ားကို က်န္းမာရႊင္လန္း ေစေၾကာင္း ဦးစြာ ႏႈတ္ခြန္းဆက္လိုက္ပါတယ္။
လြန္ခဲ့တဲ့ ၾသဂုတ္လ (၁၇)ရက္ေန႕က ေနပူေတာ္မွာ က်ေနာ္ ေတြ႕ဆံုေျပာၾကားလိုက္တဲ့ မိန္းခြန္းမွာ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအေရးနဲ႕ ပတ္သက္ၿပီး ျပန္လာႏိုင္ဖို႕ က်ေနာ္တို႕ စဥ္းစားေပးရမွာ ျဖစ္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။ ျပန္လာခဲ့ပါလို႕ ဖိတ္ေခၚတာေတာင္ မဟုတ္ပဲ စဥ္းစားေပးရမွာ ျဖစ္ပါတယ္လို႕ ေျပာၾကားလိုက္ရံုနဲ႕ ျပည္ပေရာက္ ျမန္မာႏိုင္ငံေရး သမားေတြ အဖဲြ႕အစည္းေတြၾကား “ ျပန္မယ္.. မျပန္ဘူး.. ေစာင့္ၾကည့္မယ္.. စဥ္းစားဦးမယ္.. တိုင္ပင္ဦးမယ္.. ယံုၾကည္တယ္.. မယံုၾကည္ဘူး ” စသျဖင့္ သေဘာထား အမ်ဳိးမ်ဳိးကဲြျပားခဲ့သလို တဦးအေပၚတဦး အယံုအၾကည္ေတြကင္းမဲ့ၾက… နားလည္မႈေတြလဲြၾက..နဲ႕ အေတာ္ေလးကို အားရဖြယ္ ေတြ႕ျမင္ရပါတယ္။
            ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီတခ်က္တည္းနဲ႕တင္ က်ေနာ္တို႕ လုပ္ရပ္အေတာ္ေလး ေအာင္ျမင္တာမို႕ ၀မ္းေျမာက္မိပါတယ္။ ဘာျဖစ္လို႕လည္း ဆိုေတာ့ ဘာမွ လုပ္ေပးတာ မဟုတ္ေသးပဲနဲ႕ေတာင္ အေတာ္ႀကီးကို ေသြးကဲြကုန္လို႕ ျဖစ္ပါတယ္။ ဒုတိယ အဆင့္အေနနဲ႕ က်ေနာ္တို႕ သေဘာထားႀကီးပါတယ္ဆိုၿပီး ႏိုင္ငံတကာကို ျပသႏိုင္တာမို႕ ထပ္ဆင့္ေက်နပ္မိပါတယ္။
            က်ေနာ္ ဒီစကားေျပာတဲ့အခါ ပစ္မွတ္က အမ်ားႀကီးကို ထိပါတယ္။ က်ေနာ္တို႕က “ေစတနာေကာင္းနဲ႕ ခြင့္လႊတ္ႏိုင္တာေတြကို ခြင့္လႊတ္ေပးမယ္ ျပန္လာခဲ့ပါ” ဆိုရဲ႕သားနဲ႕ မျပန္လာရင္လည္း က်ေနာ္တို႕ သေဘာထားႀကီးတာကို ျပႏိုင္တာမို႕ ေအာင္ျမင္ပါတယ္။ အဲ.. က်ေနာ္ေျပာတာ အဟုတ္ထင္ၿပီး ျပန္လာရင္ေတာ့.. “ကိုယ့္ထိုက္နဲ႕ကိုယ့္ကံ” “အမိုက္နင့္ျပင္ ရွိဦးမလား”လို႕သာ သေဘာထားခဲ့ၾကဖို႕ လိုပါတယ္။
            ဘာပဲျဖစ္ျဖစ္ က်ေနာ္ေျပာလိုက္တဲ့စကားေၾကာင့္ ၀မ္းေျမာက္၀မ္းသာ ျပန္လာမယ့္သူမ်ားအတြက္ ပိုၿပီး၀မ္းသာႏိုင္ေအာင္ က်ေနာ္တို႕ စီစဥ္ေဆာင္ရြက္ေပးမယ့္အစီအစဥ္မ်ားကိုလည္း တဆက္တည္း ေျပာၾကားေပးပါ့မယ္။ ျပည္ပက ျပန္လာသူေတြအတြက္ က်ေနာ္တို႕ ေထာင္ေတြကို တိုးခ်ဲ႕ေဆာက္လုပ္ေပးပါ့မယ္။ ယခင္က အင္းစိန္ေထာင္၊ သာယာ၀တီေထာင္၊ ျမစ္ႀကီးနားေထာင္၊ စစ္ေတြေထာင္၊ သရက္ေထာင္ စသျဖင့္ ႏိုင္ငံအႏွံ႕ ေထာင္ေတြပဲ ရွိခဲ့ပါတယ္။ ယခု ႏိုင္ငံတကာေထာင္ေတြအျဖစ္ အေမရိကန္ျပန္မ်ားအတြက္ “အေမရိကန္ ေထာင္”၊ ၾသစေတးလ်ျပန္မ်ားအတြက္ “ၾသစေတးလ်ေထာင္” ၊ ဂ်ပန္က ျပန္လာသူေတြအတြက္ “ဂ်ပန္ေထာင္”၊ ထိုင္းက ျပန္လာသူေတြအတြက္ “ယုိးဒယားေထာင္”..ကိုးရီးယားေထာင္၊ မေလးရွားေထာင္ စသျဖင့္ သီးသီးသန္႕သန္႕ စီစဥ္ေပးမွာျဖစ္ပါတယ္။
            ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ ေထာင္ထဲမွာ ႏိုင္ငံအလိုက္ အထူးအစီအစဥ္ရွိပါတယ္။ ဥပမာ မေလးရွား အတြက္ အဖဲြ႕၀င္ေတြ ေဖါေဖါသီသီထုတ္ခြင့္ေပးပါ့မယ္။ ဂ်ပန္က သံရံုးေရွ႕ေန႕စဥ္လာေအာ္သူေတြ ၀ါသနာမပ်က္ အဆင္ေျပေစဖို႕ ေန႕စဥ္ မိနစ္ ၃၀ စိတ္တိုင္းက် ေအာ္ခြင့္အစီအစဥ္၊ အေမရိကန္က လူေတြအတြက္ ဖိနပ္ေပါက္ အားကစားကြင္း၊ ယိုးဒယားျပန္ေတြအတြက္ အရက္ဆိုင္နဲ႕ လက္ေ၀ွ႕ကြင္း စသျဖင့္ ေထာင္တြင္းမွာ စီစဥ္ေပးမွာျဖစ္ပါတယ္။
            ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ ဂ်ာနယ္ထုတ္တာ ၀ါသနာပါတဲ့သူေတြအတြက္ ေထာင္တြင္း ဂ်ာနယ္၊ ေထာင္တြင္းနံရံကပ္စာေစာင္ေတြနဲ႕ ေထာင္တြင္း မီဒီယာသမားမ်ား၊ ေထာင္တြင္းဘေလာ့ကာမ်ား၊ ေထာင္တြင္းစီေဘာက္သမားမ်ား၊  ကိုယ့္ဘက္ေတာ္သားအခ်င္းခ်င္း အားပါးတရ အျပင္းအထန္ ျပစ္ျပစ္ ႏွစ္ႏွစ္၊ ပိုးဆိုးပက္ဆက္ သြားပုတ္ေလလြင့္ ေရးသား ႏိုင္မွာျဖစ္ပါတယ္။
            ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ ေထာင္တြင္းမွာ အမ္ဂ်ီအိုေတြ မအိုတအိုေတြလည္း ထားေပးမွာျဖစ္ပါ တယ္။ ေငြေၾကးလည္း အလွဴခံခြင့္၊ ပေရာဂ်က္ေရးခြင့္၊ ပရိုပိုဇယ္ေရးခြင့္ေတြေပးၿပီး အန္ဂ်ီ မအိုတအိုေတြထံ တင္ျပခြင့္ေပးထားမွာ ျဖစ္ပါတယ္။ အန္ဂ်ီအိုေတြ ရွိျခင္းအားျဖင့္၊ ေငြေၾကးေတြ ကိုင္တြယ္အသံုးျပဳျခင္းအားျဖင့္ သူတို႕အခ်င္းခ်င္း ဘာမွလုပ္စရာမလိုပဲ ကဲြၾက ျပၾက ေဆာ္ၾက ႏွက္ၾကနဲ႕ အလြန္ကို ေပ်ာ္စရာေကာင္းလွတာကို က်ေနာ္တို႕ အၿမဲျမင္ေတြ႕ခဲ့ရလို႕ ျဖစ္ပါတယ္။ ေငြစာရင္းေတြကို ရွင္းမရ။ ေငြစာရင္း ရွင္းတမ္းေတာင္းရင္ မာန္ဖီၾက၊ “အလွဴေငြေကာက္ရင္ ငါတုိ႕အဖဲြ႕နဲ႕ ငါနဲ႕ေတာ့မထည့္ႏိုင္ေပမယ့္ အဖဲြ႕၀င္သစ္ေလးေတြဆီက ေကာင္ေပးမယ္”ဆိုၿပီး ထမိန္ရည္ပူလဲႊၾကာတာမ်ဳိးလည္း အင္မတန္မွ ၾကည္ႏူးစရာေကာင္းလွတာကိုးခင္ဗ်။
ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ ျပည္ပက ျပန္လာသူေတြကို ရံပံုေငြပဲြေတြ လုပ္ခြင့္လည္း ျပဳမွာျဖစ္ပါတယ္။ ဒါလည္း ဆိုခဲ့သလို ကဲြေစျပဲေစတဲ့နည္းလမ္းတခုကိုးခင္ဗ်။ အႏွစ္ ၂၀ေက်ာ္ က်ေနာ္တို႕ကို ျပည္ပက ဘာမွ ထိထိေရာက္ေရာက္မလုပ္ႏိုင္တာ ဒီလို အခ်က္ေတြလည္းပါတာမို႕ ျပည္တြင္းမွာလည္း သူတို႕ကို ဒါေတြ ဆက္လုပ္ခြင့္ျပဳမွာျဖစ္ပါတယ္။
ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ အစားအေသာက္နဲ႕ပတ္သက္ၿပီး နံနက္စာ၊ ေန႕လည္စာေတြအျပင္ ညစာကိုလည္း အရက္၀ိုင္းေတြဘာေတြ ဖန္တီးေပးထားမွာျဖစ္ပါတယ္။ေထာင္တြင္း သက္သာဆိုင္၊ ေထာင္တြင္းကာရာအိုေက အႏွိပ္ခန္း စသျဖင့္ ထားရွိေပးမွာျဖစ္ပါတယ္။ ကိုယ့္ေငြနဲ႕ကိုယ္ စိတ္တိုင္းက် မူးယစ္ေပ်ာ္ပါးၿပီး ႏိုင္ငံေရးေဆြးေႏြး ေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။
ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ က်ေနာ္တို႕ အစိုးရသစ္ရဲ႕ ေစတနာေတြေပါ့ခင္ဗ်ာ။ အျပင္ကေန တိုင္းျပည္ေကာင္းေအာင္ ဘာလုပ္မယ္ ညာလုပ္မယ္ေျပာေနမယ့္အစား လက္ေတြ႕က်က် လုပ္ႏိုင္ေအာင္ ျပည္ပက ျပန္လာသူေတြကို လမ္းတံတားေဆာက္တာေတြ၊ အုတ္သယ္ခဲသယ္ ခြင့္ေတြကို ျပည့္ျပည့္၀၀ေပးၿပီး ႏုိင္ငံေတာ္သစ္ကို တည္ေဆာက္ေစမွာျဖစ္ပါတယ္။
ဒါတင္ပဲလား သမ္မဒက်ီးရယ္ ဆိုရင္ေတာ့.. ရွိပါေသးတယ္။ တိုက္ပဲြေပ်ာ္မ်ားအတြက္ကေတာ့ ျပန္လာရင္ တပ္မေတာ္အတြက္ ေပၚတာလိုက္ခြင့္၊ အေသခံ လူသားမိုင္းရွင္းသမားအျဖစ္ မိုင္းနင္းခြင့္လည္း ေပးမွာျဖစ္ပါတယ္။
ယခု ေျပာေနတာေတြက က်ေနာ္ တကယ္ကို ေစတနာထားၿပီး ေဆာင္ရြက္ေပးမွာေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ျပန္လာမယ္ဆိုရင္ အားမနာတမ္း အသက္ကို ဖတ္နဲ႕ထုပ္ၿပီး ျပန္လာႏိုင္ပါၿပီဆိုတဲ့အေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္ခင္ဗ်ား။

ခ်စ္ခင္စြာျဖင့္
ဒါတင္ပဲလား သမ္မဒက်ီး

သတ္ပုံမ်ားကုိ ေရးထားသည္႔အတုိင္းဖတ္ၾကေပးၾကပါရန္။

Friday, November 5, 2010

ဖိုးသိႀကားတပါတ္ရိုက္ခံရျခင္း ” သေရာ္စာ ”

ဖိုးသိႀကားတပါတ္ရိုက္ခံရျခင္း
ဖိုး သိႀကား
ႏုိ၀င္ဘာလ ၆၇က္ ၂၀၁၀
တေန႔ ကြ်ႏု္ပ္သိႀကားမင္းသည္ ဒန္းေလာ့ေမြ႔ယာထက္၌ ဇိမ္က်ေနစဥ္ ကြ်ႏ္ုပ္၏ ဒန္းေလာ့ တင္းမာလာ သျဖင့္ တခုခုေတာ့ထူးေလျပီ္ မွတ္ထင္ကာ လူျပည္လူ႔ရြာကို လွမ္းေမွ်ာ္ႀကည့္လိုက္ရာ အလို..လ႔ူရြာမွာ လူေတြရုတ္ရုတ္ရုတ္နဲ႔ ဘာေတြမ်ား ျဖစ္ေနႀကပါလိမ့္.. ဟဲ့မာတလိ.. ရထားျပင္. လူ႔ျပည္ဆင္းေတာ္မူမယ္.. ထိုခဏတြင္.. တီတီတီ..တူတူတူ.. တာတာတာ. ကြ်ႏုပ္၏ဟန္းဖုန္းမွျမည္လာေလသည္..
(သိႀကား).."ဟလို..အေဆြေတာ္ငရဲသနင္းယမမင္း"(ယမမင္း).."ဟလို..အႀကည္ေတာ္ နတ္တို႔သနင္း သိၾကား မင္း. ေလာင္းတိုင္းႏိုးဆီး. မေတြ႔တာႀကာဘီေနာ္"
(သိႀကား).."ဟုတ္ပါ့ဖိုးယမရာ.နင္ဘာေတြအလုပ္ရွဳပ္ေနတာတုန္း" (ယမမင္း).."ဒီလိုကြဖိုးသိႀကားရ..ငါခုတေလာ ငရဲတိုးခ်႔ဲရပ္ကြက္ ေဆာက္ေနတာ ႀကီးႀကပ္ေနရလို႔ကြ.. ဒီလိုကြာ ေနာက္မႀကာခင္ တို႔ရဲ႔ငရဲျပည္မွာ စည္ကားဦးမယ္ကြ.. တို႔ငရဲျပည္ကို ငေရႊနဲ႔ ေတေဖာ္ ေတဖက္ မ်ား ဆိုတဲ့ လူတသိုက္ ေျပာင္းလာႀကေတာ့မယ္ေလ.. လူ႔ရြာမွာရွိတဲ့ ငရဲ၀င္မွဳ ႀကီးႀကပ္ေရးဌာနက အေႀကာင္းႀကားထားတယ္..

ခုဆိုလက္မွတ္ေတာင္ျဖတ္ထားၿပီးၿပီဆိုဘဲ..အဲဒီအတြက္အားျခင္း ေဆာက္ေနရတာေပါ့…. ေနာကၿ္ပီးခုေရာက္လာမယ့္ သူေတြက သာမန္လူေတြမဟုတ္ဘူး ယုတ္မာေကာက္က်စ္တဲ့ေနရာမွာ ပရီးမီးယား အဆင့္ရွိသူေတြဆိုေတာ့ သာမန္ငရဲသားေတြနဲ႔ ေရာေႏွာထားလို႔မရဘူးေလ အဲ..က်ဳပ္တို႔ဆီက ႏွစ္ႀကီးငရဲသား ငေဒကိုသိတယ ္မဟုတ္လား..(ေဒ၀ဒတ္ေလ).. သူကေတာ့ ေတာ္ေတာ္ေပ်ာ္ေနရွာတယ္ကြ. သူ႔ေဆြမ်ိဳးေတြနဲ႔ ျပန္ေတြ႔ရေတာ့မယ္ဆိုျပီး.. ခုေတာင္ ငါ့ကိုငေရႊတို႔နဲ႔တူတူ ေနပါရေစဆၿိုပီး ေတာင္းဆိုေနတာ.. ဒီလိုေတာ့ တူတူေပးထားလို႔မျဖစ္ဘူးကြ.. ေတာ္ႀကာ ငေဒနဲ႔ငေရႊေပါင္းျပီး ငါ့ရဲ႔အာဏာကို သိမ္းလိုက္မွျဖင့္ ငါေတာ့ဒုတ္ေကာက္ပဲ.. "(သိႀကား).."ေအး.ဟုတ္သကြ.. ဒီလူေတြက အာဏာကရူးပါ့နဲ႔.. ခုေတာင္မလႊဲသာလို႔ အုပ္ခ်ဳပ္ရတာပါဆိုၿပီး ခုထိ အာဏာမလႊဲေသးဘူးေလ. အဲဒါသြားစံုစမ္းမလို႔ "(ယမမင္း).."ေကာင္းတယ္ဖိုးသိႀကား.. ငါလည္းဒီလူေတြရဲ႔ေဒတာေတြကို လိုခ်င္ေနတာ.. ေသခ်ာစံုစမ္းခဲ့စမ္းပါ" (သိႀကား).."ေကာင္းပီေလ..ဒါဆို..တာ့တာေနာ္..ဂိုးဘီ" ဤသို႔ျဖင့္ ကြ်ႏ္ုပ္ဖိုးသိႀကာလည္း လူ႔ျပည္သို႔ဆင္းလာခဲ့ရာ.. လူ႔ရြာသို႔ေရာက္ေသာ္ "ဟဲ့မာတလိ..ငါတို႔ခုေရာက္ေနတာ ငေရႊတို႔တိုင္းျပည္မွ ဟုတ္ရဲ႔လား"
(မာတလိ).."ဟုတ္ပါတယ္အရွင္.ဘာျဖစ္လို႔လဲ" (သိႀကား)."ဟိုသံုးေ၇ာင္ျခယ္မွာ ႀကယ္ႀကီးျပဴးတူးၿပဲတဲနဲ႔ အရင္ကစပါးႏွံေတြ စက္သြားေတြလဲ မျမင္ပါလား "(မာတလိ).."ႏိုင္ငံေတာ္ႀကီးက ေခတ္မွီတိုးတက္ေနၿပီီဆၿိုပီး. စပါးႏွံနဲ႔စက္သြားေတြကို အနားေပးလိုက္တာလို႔ သိရပါတယ္ ခုဆိုရင္ႏိုင္ငံေတာ္မွာ.. တိရစၦန္ေတြႀကီးစိုးတဲ့ ေခတ္ကိုေရာက္ေနပါၿပီ…..
ျခေသ့ၤေတြ.. ႀကံ႔ေတြဖြတ္ေတြနဲ႔႔ ေနရာတိုင္းသူတို႔ေတြခ်ည္းပါပဲ" (သိႀကား).."ေဟ..ဖြတ္တက္မွေတာ့ေကာင္းပါေတာ့မလား.. ႏိုင္ငံေတာ္မြဲသထက္ မြဲဖို႔ပဲရွိေတာ့တာေပါ့" သို႔ႏွင့္ဆက္လက္ထြက္လာရာ.. တေနရာအေရာက္တြင္ ၀ါးတီးကုတ္မ်ားျဖင့္ လူတစုပိုစတာႀကီးမ်ားကိုင္ကာ ေဟာေျပာေနႀကသည္ကို ေတ႔ြလိုက္ရ၏ ကြ်ႏု္ပ္တို႔လည္း ေရွ႔နားတိုး၍ႀကည့္လတ္ေသာ္ "ကြ်န္ေတာ္တို႔က ႀကံ႔ဖြတ္ေတြပါ.. ကြ်န္ေတာ္တို႔ကိုမဲေပးႀကပါ. ကြ်န္ေတာ္တို႔ကိုမဲမေပးရင္ ခင္ဗ်ားတု႔ိမိသားစုေတြ ဘာျဖစ္သြားႀကမယ္ ဆိုတာ သိပါတယ္ေနာ္.. ကြ်န္ေတာ္တို႔ေနာက္မွာ ဘယ္သူေတြရွိတယ္ဆိုတာ ခင္ဗ်ားတို႔သိမွာပါ "ဟုဆိုကာ ျခိမ္းေျခာက္ေဟာေျပာေနႀကသည္ကို ေတြ႔လိုက္ရ၏..
ဟဲ့မာတလိ.. သူတို႔ေနာက္မွာ ဘယ္သူေတြရွိလဲကြယ့္.. "
သူတို႔ေနာက္မွာ ေမ်ာက္ေတြရွိတယ္ေလ.. အဲ..သူတို႔ေနာက္မွာ စစ္ဗိုလ္ခ်ဳပ္ေတြရွိတယ္ေလ..
ခုႀကံ႔ေတြ၊ ဖြတ္ေတြဆိုတာလဲ စစ္ဗိုလ္ခ်ဳပ္ေတြကေဘာင္းဘီခြ်တၿ္ပီး တိရစာၦန္အေရျခံဳလိုက္တာ..
ဟိုမွာႀကည့္ပါလား. အမတ္ေလာင္းေတြရဲ႔ ပံုေတြကို "(သိႀကား).."ေဟ..ဟုတ္သားဟ.. ဘယ္ဒူေတြမ်ားလဲလို႔ လတ္စသတ္ေတာ့ အေစာကလူဂ်ီးပဲ.. ဒါနဲ႔ က်န္တဲ့ပါတီေတြကေရာ.. အေျခအေနမေကာင္းဘူလား?" (မာတလိ).."က်န္တဲ့ပါတီေတြက ႀကံ႔ဖြတ္ေတြေလာက္ ေငြအင္အားမရွိဘူေလ ႀကံ႔ဖြတ္ေတြကေတာ့ ႏိုင္ငံေတာ္ရဲ႔ ဘ႑ာေတြကို သူ႔ပေထြးအေမြလို သံုးစြဲေနႀကတာေပါ့. ေနာကၿ္ပီး တျခားပါတီေတြက လြတ္လပ္စြာ ေဟာေျပာစည္းရံုးခြင့္မရႀကဘူး. ဟိုရက္ကေတာင္ ခေမာက္ေတြရဲ႔ ပိုစတာေတြကို ေဆးေတြနဲ႔မွဳတ္ျပီး ယုတ္မာႀကေသးတယ္... အဲဒါေႀကာင့္ ျပည္သူေတြက သူတို႔ရဲ႔ပံုရိပ္ေတြကို ျပနၿ္ပီးမီးနဲ႔ရွိဳ႔ႀကတာေပါ့" (သိႀကား).."ေအး..အားရသကြာ.. ေဟာဟိုမွာလူေတြစုစု.. စုစုနဲ႔.. ခုမွသတိရတယ္.. ျပည္သူအားလံုးခ်စ္ခင္ေလးစားႀကတဲ့ စုစုတေယာက္ေရာမျမင္ပါလားကြ"
မွတိခ်က္ (အေမစုခင္ဗ်ား..ဒီေနရာမွာစုစုလို႔သံုးႏွဳန္းလိုက္ရတဲ့အတြက္ ကြ်န္ေတာ့ကိုခြင့္လႊတ္ပါလို႔အႏူးအညြတ္ေတာင္းပန္ပါတယ္..ကြ်န္ေတာ္အဂါရ၀နဲ႔သံုးႏွဳန္းတာမဟုတ္ပါဘူး.. သရုပ္ေပၚလြင္ေအာင္ေရးဖြဲ႔လိုျခင္းေႀကာင့္သာျဖစ္ပါတယ္..တကယ္ေတာ့အေမစုဟာ ကြ်န္ေတာ့ရင္ထဲမွာထာ၀ရရွင္သန္ေနမယ့္ Idol ပါ)
(မာတလိ).."သူ႔ကို ငေရႊတို႔ထိန္းသိမ္းထားတ ာႏို၀င္ဘာ၁၃ရက္ေန႔မွျပည့္မွာ.. အဲဒါေတာင္လြတ္ေကာင္းလြတ္ႏိုင္တယ္ "လို႔ပဲေျပာႏိုင္တယ္တဲ့ (သိႀကား).. "ဒီလိုဆိုရင္ေတာ့ တိုင္းျပည္အေရးကေတာ့ ရင္ေလးစရာဘဲ.." ထိုစဥ္ျပည္သူေတြထဲမွ တီးတိုးစကားသံမ်ား ႀကားလိုက္ရသည္. ေဟ့..ႀကားၿပီးၿပီလား.. ဟိုေန႔ကႀကံ႔ေတြဖြတ္ေတြ စပါးႏွံေတြကိုဖ်က္ဆီးသြားလို႔တဲ့.. ေအး..ႀကားတယ္ ၿပီးေတာ့ခေမာက္ေတြန႔ဲလည္း ရိုက္ႀကႏွက္ႀကေသးတယ္.. ဟုတ္တယ္. .ခုခေမာက္ကခေမာက္ေတာ့ခေမာက္ပဲ ဒါေပမယ့္ခေမာက္မဟုတ္ဘူးကြ.. စသည္ျဖင့္ႀကားရေလသည္.။
ဟဲ့မာတလိ.. ႀကားရတာေတြကလည္း.. ဘာေတြလဲ.. ေခါင္းေတြေတာင္မူးလာဘီ. .လာလာေရွ႔ဆက္သြားႀကစို႔.. သို႔ျဖင့္တေနရာအေရာက္တြင္.. ပုပ္ေနသည့္ ဒညင္းခြံကို ရႊ႔ံထဲႏွစ္ကာ ဖေနာင့္ျဖင့္ေပါက္ထားသကဲသို႔ ရွံဳတြတြေပစုတ္စုတ ္ဥပဒိရုပ္ျဖင့္လူတစုမွာ ဟဟုိဒီဒီ လမ္းသလားေနႀကသည္ကို ေတ႔ြရွိရသည္..
(သိႀကား).."ဟဲ့မာတလိ. ဒီေပစုတ္စုတ္ေကာင္ေတြက ဘာေကာင္ေတြတုန္းကြယ့္
"(မာတလိ).. "ငေရႊရဲ႔လက္ကိုင္တုတ္ ရမ္းကားရွင္ေတြပါ.. ေခြးေကာက္ပြဲကို ေႏွာက္ယွက္ဆန္႔က်င္မဲ့ သူေတြကို ဒုကၡေပးဖို႔ ေစာင့္ေနႀကတဲ့ ငရဲမေႀကာက္ေကာင္ေတြေပါ့.. ၂၀၀၇ ေရႊ၀ါေရာင္တာ္လွန္ေရး တုန္းက သံဃာေတာ္ေတြကို ၀ါးရင္းတုတ္နဲ႔ ပူေဇာ္ခဲ့တဲ့ေကာင္ေတြေလ .ခုဆိုဒီေကာင္ေတြက ငရဲ၀န္မွဳႀကီးႀကပ္ေရးဌာနမွာ ငေရႊရဲ႔ေထာက္ခံခ်က္နဲ႔ ငရဲသားအိုင္စီနံပါတ္ေတာင္ ရထားႀကျပီ.. "(သိႀကား).. "ဒါေႀကာင့္လည္း ငရဲျပည္မွာ တိုးခ်ဲ႔ရပ္ကြက္ ထပ္ေဆာက္ႀကရတာကိုး.. အလို.. ဟိုမွာျပည္သူတြကယ္ပါ.. ယူပါ.တစာစာနဲ႔ဘာျဖစ္ေနႀကတာလဲ.."
(မာတလိ).. "ဟိုရက္က ဂီရိမုန္တိုင္းေႀကာင့္ အိုးမဲ့အိမ္မဲ့ ျဖစ္ေနႀကသူေတြပါ "(သိႀကား).. "ဗုဒၶဘာသာတိုင္းျပည္မွာ သူတို႔ရဲ႔ဒုကၡေတြကို ကူညီတဲ့သူေတြမရွိႀကဘူးလား "(မာတလိ).. "ရွိပါတယ္. .ကူညီႀကလွဴဒါန္းထားႀကတ ဲ့ပစၥည္းေတြကိုအာဏာပိုင္ေတြက တဆင့္လွဴႀကရမယ္ဆိုလို႔ ခုလိုၾကန္႔ႀကာေနတာပါ" ထိုစဥ္အာဏာပိုင္တဦးက.. "ခင္ဗ်ားတို႔ကိ ုစားစရာနဲ႔ ရိကၡာေတြေပးမယ္ ဒါေပမယ့္ခင္ဗ်ားတို႔မဲထည့္ႀကရမယ္. .မဲထည့္ရာမွာလည္း ႀကံ႔ဖြတ္ကိုပဲမဲထည့္ရမယ္ " ဟုေျပာဆိုသံႀကားလိုက္ရသည္။
ဒုကၡေရာက္ေနႀကေသာ ျပည္သူတို႔မွာ နာက်ည္းျခင္း၊ ခံျပင္းျခင္းတို႔ျဖင့္ အံတႀကိတ္ႀကိတ္. ေတာက္တေခါက္ေခါက္. ေနာက္ဆံုးမွာေတာ့ မိမိတို႔ရဲ႔သားသမီးမ်ား အသက္ရွင္ရပ္တည္ႏိုင္ေရးအတြက္ ၎တို႔၏ဂုဏ္သိကၡာဆႏၵကို စေတးလုိက္ရေလသည္.. မ်က္လံုးအိမ္တြင္ေတာ့ မ်က္ရည္မ်ားရစ္၀ဲလ်က္.. ကြ်ႏ္ုပ္မွာ အလြန္ခံျပင္းလ်က္ရွိေသာ္လည္း အခ်ိန္မက်ေသးသျဖင့္ ေအာင့္အီးလိုက္ရေပသည္ "ကဲ..မာတလိေရ.. ဒီတခါေတာ့ျဖင့္. ေခါင္းေခ်ာင္ႀကီး ငေရႊအိမ္ကိုသြားစံုစမ္းႀကရေအာင္. "ဟုဆိုကာ ငေရႊအိမ္းသို႔ထြက္လာခဲ့ေလသည္.. ငေရႊအိမ္အေရာက္ "ဟိုက္ရွားဘား.. ငေရႊတေယာက္ မိုက္ခဲလုပ္ေနပါလား. ."အိုင္ဗုတ္တီရွပ္ကို၀တ္ ေအာက္မွအလံသစ္ကို ေရွာ့ပင္ခ်ဳပ္၀တ္ကာ မိုက္ခဲေနေလ၏ <<မေပး..ေပး..ေပး..ေပး.. ေပးေပးေပး.. ရေအာင္ယူဖို႔၀န္မေလး >><< အားလံုးထည့္ႀက.. ငါ့ပါတီ.. ျပည္သူမ်ား. ငါ့ေအာ့ေႀကာလန္သည္.. အေနာက္ဖက္ပိုင္းကေတာ့ သိပ္မႀကည္.. ငါ့နာမည္က.. ငရဲေဂၚလီ>> ကြ်ႏု္ပ္တု႔ိလည္း အိမ္ထဲ၀င္သြားရာ. .ကြ်ႏိုပ္တို႔အားျမင္ေသာ္.. ငေရႊလန္႔သြားေလသည္။ အမေလး.ေဒ၀ဒတ္ (ငေရႊသည္.. ဗုေဒၶါဟုမေယာင္တတ္ပါ.. ေဒ၀ဒတ္ဟုသာ ေယာင္တတ္သည္)
"သိပ္ေႀကာက္သြားသလား.. ငေရႊ. .ငါသည္နတ္တို႔သနင္း သိႀကားမင္းျဖစ္ေပတယ္.. သင့္အေႀကာင္း စံုစမ္းရေအာင္ လာခဲ့ျခင္းျဖစ္ေပတယ္.."
(ငေရႊ).. "ေႀသာ္..ဖိုးသိႀကားကိုး. ဘာအလိုရွိပါသလဲ.. ေကတီဗီလား.. မာဆတ္လား.. ဒါမွမဟုတ္ ခုတေလာနာမည္ႀကီးေနတဲ့ ေခမီကိုရဲ႔ အဆိုနဲ႔အကလား? ေျပာပါအားမနာပါနဲ႔ ကြ်န္ေတာ္မ်ိဳး အကုန္ေဆာင္က်ဥ္းေပးႏိုင္ပါတယ္ "(သိႀကား).. "တိတ္စမ္း.. ေျပာေတာ့ ယဥ္ေက်းမွဳအေမြအႏွစ္မ်ား မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဆိုၿပီးခုေတာ့ ဖ-ာႏိုင္ငံႀကီး ျဖစ္ေတာ့မယ္"
(ငေရႊ).. "မင္းသိသလို မထင္ပါနဲ႔.. မင္းေတြ႔သလိုမျမင္ပါနဲ႔
"(သိႀကား).. "အံမာ..ပတ္ခြ်ဲနပ္ခြ်ဲ လာလုပ္မေနနဲ႔"
(ငေရႊ).."ခိုးထားတဲ့ဘ႑ာေတြလဲေပးပါ့မယ္. "(သိႀကား).."မလိုခ်င္ဘူး
"(ငေရႊ.).."ဓျမတိုက္ျပီးယူထားတဲ့ စိန္ေတြကိုလည္း ေပးပါ့မယ္
"(သိႀကား).."မလိုခ်င္ဘူး"
(ငေရႊ). ."စကၤာပူမွာ အပ္ထားတဲ့ေငြေတြကိုလည္း ေပးပါ့မယ္..
"(သိႀကား).." ေတာ္တန္တိတ္.. သင္ျပည္သူေတြအေပၚ ဘယ္လိုသေဘာထားတယ္ ဆိုတာ သိရေအာင္ သင့္ေရွ႔မွာဘဲ ျပည္သူေတြကို ေခၚယူေမးျမန္းမယ္.. မာတလိျပည္သူတေယာက္ကိ ုေခၚလိုက္စမ္း"
ငေရႊမွာ မ်က္ႏွာအႀကီးအက်ယ္ပ်က္ေနေခ်ျပီ.. မာတလိမွာ ျပည္သူတေယာက္ကိ ုေခၚလာခဲ့သည္။ (သိႀကား).." ေမာင္မင္း.. မွန္ရာကိုေျဖဆိုပါ.. မည္သူ႔ကိုမွ်မေႀကာက္လင့္.. ကြ်ႏု္ပ္သည္ နတ္တို႔သနင္း သိႀကားမင္း ျဖစ္ေပတယ္..
ေရွးယခင္ကေမးနည္းအတိုင္းအသံတိတ္ေမးမယ္.. ကိုင္း. .စျပီ.ဟုဆိုကာ ပထမဦးဆံုး လက္၅ေခ်ာင္းေထာင္ျပလိုက္ေလသည္.. သေဘာက သင္တို႔၏ေခါင္းေခ်ာင္ႀကီး ငေရႊသည္၅ပါးသီလျမဲသလား ဟု ဆိုလိုျခင္းျဖစ္သည္... ထိုျပည္သူက လက္၁၀ေခ်ာင္းျပန္ေထာင္ျပသည္.. (ငေရႊ).. "ေတြ႔လားဖိုးသိႀကား.. ၅ပါးသီလျမဲတဲ့အျပင္ မင္းက်င့္တရား ၁၀ ပါးနဲ႔ အညီအုပ္ခ်ဳပ္ပါတယ္ " လို႔ေျဖတယ္..
(သိႀကား).. "ေမာင္မင္း..သူေျပာသလိုဟုတ္သလား? "(ျပည္သူ).."မဟုတ္ေႀကာင္းပါ.. ကြ်န္ေတာ္ဆိုလိုသည္မွာ.. ၅ပါးသီလမျမဲတဲ့အျပင္ ဒုစရိုက္တရား ၁၀ ပါးနဲ႔ ျပည့္စံုပါတယ္လို႔ ဆိုလိုတာပါ.." (သိႀကား).." ကဲငေရႊဘာျငင္းခ်င္ေသးလဲ
"(ငေရႊ).." ဒီတေယာက္နဲ႔ဘဲ မဆံုးျဖတ္သင့္ပါဘူး
"(သိႀကား).." ေကာင္းျပီ.. မာတလိ.. ေနာက္တေယာက္ေခၚလာခဲ့.."မာတလိလည္း ေနာက္တေယာက္ ေခၚလာခဲ့ရာ ယခုတခါေျဖဆိုမည့္သူသည္ ဘုန္းႀကီးတပါးျဖစ္ေလသည္။
ကြ်ႏု္ပ္က ယခုတခါတြင္ ရင္ဘတ္အားပုတ္ျပလိုက္ေလသည္.. သေဘာမွာငေရႊသည္။ ျပည္သူေတြအေပၚ ရင္၀ယ္သားကဲ့သို႔ အုပ္ခ်ဳပ္ပါသလားေပါ့ ဘုန္းႀကီးမွ ေက်ာကိုလည္းပုတ္ျပသည္.. ရင္ကိုလည္းပုတ္ျပေလသည္။
(ငေရႊ).." ဟား.ဟား.ဟား. .ဒီတခါေတာ့ဖိုးသိႀကား. သင္ယံုျပီမဟုတ္လား?" ကြ်ႏု္ပ္သည္ ျပည္သူမ်ားအေပၚတြင္ ေက်ာသားရင္သား မခြဲျခားဘူးဆိုတာ..
(သိႀကား).." အရွင္ဘုရား... ဟုတ္ပါသလား "(ဘုန္းႀကီး).." ဘယ္ကလာ.. က်ဳပ္ျပတဲ့အဓိပါယ္က.. က်ဳပ္တို႔ေတြကိုႏိွပ္စက္ထားတာ ေက်ာေရာရင္ပါေအာင့္ေနတာပဲလို႔ ဆိုလိုတာပါ"
"ကဲ..ငေရႊ.. သင္ဘာေျပာခ်င္ေသးလဲ.. မာတလိ.. ငေရႊရဲ႔.. ပရိုဖိုင္နဲ႔ေဒတာေတြကို ယမမင္းထံ Gmailနဲ႔ခ်က္ခ်င္းပို႔.. ဒါမွဟိုမွာ စီစဥ္စရာရွိတာစီစဥ္လို႔ရမွာ.. "ငေရႊကေတာ့ဘာကိုသေဘာက်သည္မသိ..
မ်က္ႏွာမွာ အျပံဳးရိပ္တခ်က္ လက္သြားသည္... သူ႔လက္မွလည္း တစံုတခုကိုအခ်က္ျပသလို ေျမာက္လိုက္သည္။ ထိုစဥ္မွာပဲ. မာတလိကအစီရင္ခံသည္... "အရွင္သိႀကားမင္း.. ယခုတြင္ပဲ အင္တာနက္ေကာ္နက္ရွင္ျပတ္ေတာက္သြားပါတယ္..
"ေဟ.. အင္း.. ငေရႊ. .ငေရႊ.. ငါ့ကိုေတာင္ တပါတ္ရိုက္လိုက္ေသးသကိုး.. သင္ကံမကုန္ခင္ေတာ့ လုပ္ထားဦးေပါ့.. သင္ကံကုန္တဲ့တေန႔မွာေတာ့....

Tuesday, November 2, 2010

ေရႊေရႊ ဦးစီး ကျပမယ္႔ နတ္ကႏၵားပြဲ ႏုိ၀င္ဘာ ၇ရက္ စမည္

ယခုလ ႏုိ၀င္ဘာလ ၇ ရက္ေန႔တြင္ အာဏာရွူးနအဖတုိ႔က ျမန္မာျပည္သူတုိ႔အား  စစ္ကၽြန္သက္ရွည္ေရးအတြက္ အထူးစီမံျပဳလုပ္ထားသည္႔ ေ၇ြးေကာက္ပြဲ အမည္ခံ နတ္ကႏၵားပြဲႀကီးကုိ ၿခိမ္႔ၿခိမ္႔သဲ က်င္းပမည္ျဖစ္ၿပီး အဲဒီေရြးေကာက္ပြဲ နတ္ကႏၵားပြဲႀကီးတြင္ ပါ၀င္ၾကမည္႔ အဖြဲ႔အစည္း ၃၇ ဖြဲ႔မွ မင္းျဖစ္ခ်င္ၾကသည္႔ ၃၇ မင္းေသာ ႏုိင္ငံေရး ၀န္ႀကီးရွူး၊ အာဏာရွူးတုိ႔အား အမွန္အကန္ဦးေဆာင္ ကျပမည္႔သူလည္းျဖစ္ ၃၇မင္း တုိ႔အား ထိမ္းသိမ္းမည္႔ ျမန္မာျပည္မွ နတ္မည္ႀကီး နတ္ကႏၵားထိမ္း သန္းေရႊ(ခ)ေရႊေရႊ ပင္ ျဖစ္ေပေတာ႔သည္။ ေရႊေရႊကေတာ႔ ဒီတပြဲမွာျဖင္႔ မီးကုန္ ယမ္းကုန္ ကျပေပေတာ႔မည္။

                      ၃၇မင္းတုိ႔ကုိ ဦးေဆာင္ၿပီး အမွန္အကန္ လိမ္ေတာ႔မယ္႔ ရုပ္နဲ႔ ေရႊေရႊ


                          ခ်ဳိမုိင္မုိင္အကနဲ႔ ကုိယ္တုိင္ေလး၀င္ႏြဲမယ္ဆုိတဲ႔ ေရႊေရႊပါတဲ႔

မင္းပဲက်င္႔ ငါမက်င္႔တဲ႔တရား

တိုင္းျပည္တျပည္မွာ အုပ္ခ်ဳပ္မင္းလုပ္သူတို႔ လိုက္နာက်င့္သံုး အပ္သည့္ မင္းက်င့္တရား ၁၀ ပါးရွိပါတယ္.....။

(၁)-ဒါန = စြန္႔ၾကဲ ေပးကမ္း ျခင္း
(၂)-သီလ = သီလ ေစာင့္တည္ျခင္း 
(၃)-ပရိစာဂ= လခ ရိကၡာ လံုေလာက္ေအာင္ ေပးျခင္း
(၄)-အဇၨဝ= ေျဖာင့္မတ္ ရိုးသား စြာက်င့္ျခင္း
(၅)-မဒၵဝ= စိတ္ႏွလံုး ႏူးညံ့သိမ္ေမြ႕ေအာင္ က်င့္ျခင္း
(၆)-တပ= ၿခိဳးျခံ ေခြၽတာျခင္း
(၇)-အေကာမ= အမ်က္ေဒါသ မထြက္ေအာင္ ေစာင့္ဆည္းျခင္း
(၈)-အဝိဟိ ံ= မညွင္းဆဲ မႏွိပ္စက္ျခင္း
(၉)-ခႏၱီ= သီးခံ ခြင့္လႊတ္ျခင္း
(၁၀)-အဝိေရာဓန= တိုင္းသူ ျပည္သား တို႔ရဲ႕ ဆႏၵ ကို မဆန္႔က်င္ျခင္းတို႔ျဖစ္ပါတယ္။

ၾကပ္ေျပး ယၾတာအလံစာ..

           ျမန္မာသကၠရာဇ္၁၃၇၂ ေတာ္သလင္းလျပည္႔ေက်ာ္ ၁၃ရက္ ခရစ္ႏွစ္ ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၂၁ရက္ေန႔ ေန႔လည္ ၃နာရီ၃၀ မိနစ္တြင္ သရ အမည္ရွိသာ ေျမဖုတ္ဘီလူးသည္.. မနပလ  ဆိုေသာ  ျမန္မာျပည္၏ အေရွ႕ေတာင္ အရပ္မွ ကက အမည္ရွိေသာ ဥစၥာေစာင့္မိန္းမမွ ခိုးယူလာ သည္႔ အေရာင္ေလးမ်ိဳးပါသည္႔ အဝတ္တစ္ခုကို ကိုင္ကာ လဒကိုစီးလွ်က္ ၾကပ္ေျပးဆိုေသာ အရပ္သို႔ ဆင္းေလသည္.. ထိုေန႔ကားနတ္ျပည္၌ ရက္ရာဇာ.. လူ႔ျပည္၌ ျပည္သူလူထုအတြက္ ရက္ရာဇာ ျဖစ္ျပီး မတရားအုပ္ခ်ဳပ္ေနသူမ်ား အတြက္ ျပႆဒါးေန႔ျဖစ္၏.. ဤကား ယၾတာအလံ အက်တည္း။

Saturday, October 30, 2010

ငါးစီးရွင္ေက်ာက္ဆည္၏ ကာခ်င္း

(နိဒါန္း)
ကၽြႏ္ုပ္ကို လူထုက ဘုရင္ရူး၊ မင္းၾတားရူး၊ မယားေၾကာက္ရူး၊ အာဏာရူး၊ ယၾတာရူး။ ပါ၀ါရူး၊ ဥစၥရူး စသျဖင့္ အရူးပေဒသာဘဲြ႕ကို ေပးအပ္ထားရံုသာမက ေပါတာႀကီး၊ ျမံဳစိစိနဲ႕ ထံုေပေပႀကီး လူရမ္းကားႀကီး စသျဖင့္ လည္း ေထာပနာျပဳၾကေပသည္။ ကၽြႏ္ုပ္သည္ စစ္တိုက္ဖုိ႕နဲ႕ လႊတ္မိုက္ဖို႕ပဲ သိသူအျဖစ္ ထင္ရွားလင့္ကစား ကၽြႏု္ပ္၏ ရင္တြင္း၀ယ္ အႏုပညာစိတ္လည္း ကိန္းေအာင္းေနေပသည္တမံု႕။ အားလပ္ခ်ိန္မ်ားတြင္ ဂိမ္းကစားျခင္း၊ ၾကြက္ႏွင့္ေၾကာင္ ကာတြန္းကားကို တရႈိက္မက္မက္ၾကည့္ရႈအားေပးျခင္းသာမက ရံဖန္ရံခါ ေတးသီခ်င္း ေရးစပ္ ျခင္း စာကဗ်ာေရးစပ္ျခင္းကုိလည္း ၀ါသနာထံုေၾကာင္းကိုကား သိသူ အလြန္နည္းေပသည္။

လက္ညဳိးေထာင္၍ေခါင္းညိတ္ပါ ”သေရာ္စာ”


ကုိေအးေဆြ တစ္ေယာက္ ေရြးေကာ္ပြဲ ဆုိသည္႕ အသံ ၾကားကတည္းက ဂနာမၿငိမ္ေတာ႔ လႊတ္ေတာ္ အမတ္ ၿဖစ္ခ်င္ေဇာက အားၾကီးေနသည္ ။ သတင္းမ်ားကုိ နားစြင္႕ေနသည္ ။ အၾကားခ်င္ဆုံး သတင္း ၾကားရပါၿပီ သတင္းေကာင္း NLD ေရြးေကာက္ပြဲ မ၀င္ ။ ထုိအခ်ိန္မွ စ၍ ကုိေအးေဆြ တစ္ေယာက္ အမတ္ေရာဂါ ရေနၿပီ ။ သူသာမဟုတ္ ႏူိင္ငံေရး လက္စလက္န နည္နည္း ရွိသူမ်ားကလည္း ပါတီေတြ အေၿပးအလႊား ေထာင္ၾကသည္ ။ သူသာ မဟုတ္ ႏူိင္ငံေက်ာ္ တဲ႕လူေတြပင္ လႊတ္ေတာ္ အမတ္ၿဖစ္ခ်င္ၾကသည္ဟု မီဒီယာမ်ားကုိ ဖြင္႕ဟ ၾကသည္ ။ မလုပ္၍ မရ ေဒၚစု ဦးေဆာင္သည္႕ NLD မပါတုန္း အပီအၿပင္ ၀င္ၾကံဳဳးရမည္႕ ဟု အားလုံးက အားခဲထားသည္႕ ပြဲၿဖစ္သည္ ။ အေၿခခံ ဥပေဒ စာအုပ္ကုိ ေယာက္၍ ေတာင္ ၿပီးေအာင္ မဖတ္ဖူး ။ လုိခ်င္သည္႕ အခ်က္အလက္ကုိ သာ ႏူတ္တုိက္ က်က္ထားရသည္ ။

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More