Wednesday, November 17, 2010

ဖေ့စ်ဘုတ် မှာ ကူးစက်နိုင်သည့် ဗိုင်းရပ်စ် သတိထား


ပြည်တွင်း ပြည်ပရောက် မြန်မာတွေ အသုံးများသည့် နာမည်ကျော် လူမှုရေးကွန်ရက် Website Facebook ပေါ်တွင် Imagine that ဟု အမည်ရသော Facebook Application အယောင်ဆောင် ထားသည့် Virus တစ်မျိုး နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ကာပျံ့နှံ့ အနှောင့်အယှက် ပေးလျက် ရှိကြောင်းသိရှိရပြီး  အဆိုပါ Virus ကူးစက် နှောင့်ယှက်ခံရသော ပြည်တွင်း Facebook Account ပိုင်ရှင်အချို့ထံမှ သိရသည်။ အဆိုပါ Virus သည် သုံးစွဲသူ တစ်ယောက်ထံသို့ မိတ်ဆွေသူငယ်ချင်း များ၏ Comment များမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါ Comment များတွင်ပါဝင်သော http://apps.facebook.com/ /imaginedat ဆိုသည့် Link ကို ကလစ်နှိပ်၍ လက်ခံလိုက်မိပါက ကူးစက်ခံရမည် ဖြစ်ကြောင်း အဆိုပါ နည်းလမ်းဖြင့် ကူးစက်ခံခဲ့ရသော Facebook Account ပိုင်ရှင်များ  ပြည်တွင်းတွင် တော်တော်များများ ကူးစက်ခံနေကြရကြောင်း သတင်းရရှိသည်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More