Tuesday, November 23, 2010

ကိုကျော်သူနှင့် အနှပညာရှင်များ အေအိုင်ဒီအက်စ်ရောဂါခံစားနေရသူများကို သွားရောက်တွေ့ဆုံ


၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော်အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံ...ရှိမဖြူဖြူသင်းထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကို လူသားချင်းကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုတော်အနဂ္ဂသည် သူ၏အ၀တ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှ ငွေသားများ၊ ဦးကျော်သူမှ T-Shirtများ၊ ပြည်မြို့ရွှေပေါက်ပင် ဆရာတော်ကြီး၏ ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော်ကျင့်စဉ်စာရွှက်များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော်တစ်ဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်နောက် ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းထားသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
လူနာများကို အားပေးနှစ်သိမ့်ခဲ့ကြသလို လူနာများ၏ ပြန်လည်ပြောကြားသောရင်တွင်းစကားများ၊ ခံစားချက်များ၊ ခံယူချက်စိတ်ဓါတ်များတို့သည် အားပေးခဲ့သူ အားပေးစကားပြောကြားခဲ့သူ အနုပညာမောင်နှမများအတွက် အင်အားသစ်များများစွာ ဖြစ်ခဲ့ကြကြောင်း သိရှိရသည်

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More