Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Sunday, November 28, 2010

ကရင်နီတပ်တွေနဲ့ နအဖတိုက်ပွဲသတင်းဗွီဒီယို

ကရင်နီတပ်တွေနဲ့ နအဖသောင်းကျန်းသူတွေရဲ့ တိုက်ပွဲ ဗွီဒီယိုပါ၊ လွတ်လပ်ခြင်းတရားမျှတခြင်းတွေနဲ့ မွေးရာပါလူ့အခွင့်အရေးတွေ အပြင် အဖိနှိပ်ခံတိုင်းရင်းသားတွေရဲ့ ထိရင်ကြွတတ်ကြတဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တွေ အတုယူမွေးမြူကြစို့၊ ”ရရင်ရ မရရင်ချ”ပါးစပ်က အော်နေရုံနဲ့ မပြီးဘူး တိုက်ပွဲဝင်ကြပါ၊ တိုက်ပွဲဝင်နေသူတွေကို တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ကြပါ၊။

ဒုတိယပင်လုံညီလာခံအတွက် ပြောကြားသွားတဲ့ ဒေါ်အောင်ဆန်ဒစုကြည် မိန့်ခွန်းစုစည်းမှူ

ဒုတိယ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားတဲ့ မိန့်ခွန်းကို တင်ပြပေးထားတယ်။
second pin lon_ dassk -

တိုင်းရင်းသားများကိုစစ်ဆင်ရန်ကိစ္စ -( တပ်မတော်လျှို့ဝှက်အတွင်းစာ)

than shwe order -

Tuesday, November 16, 2010

ပြည်သူကချစ်တဲ့ အနုပညာသည်ကျော်သူ

kyawthuart&dassk and father
ပစ်တိုင်းထောင် ရုပ်မှာ အမေစု ပုံကို ဆွဲထားတာပေါ့။ အဓိက အမေစုကလည်း ပစ်တိုင်းထောင် ရုပ်လိုပဲ ဘယ်လို လှဲလှဲ မလဲဘူး ဆိုတဲ့သဘောနဲ့ တင်စားပြီး ဆွဲထားတာပါ။ နောက် ပစ်တိုင်းထောင် ရုပ်တရုပ် မျက်နှာမှာတော့ ဗိုလ်ချုပ်အောင် ဆန်း ကို ထည့်ထားတာပါ။ ဒီနောက်မှာတော့ ဇီးကွက် ၂ ခု ကို ထည့်ဆွဲထားတယ်။ ဒီ ဇီးကွက်က ဘာကို ဆိုလိုချင်တာလဲ ဆိုတော့ အသိဉာဏ်ပညာကြီးမားတဲ့ သဘောကို ဆိုချင်တာပါ။ ပစ်တိုင်းထောင်ရုပ် အောက်ကို သေချာကြည့်ရင် မြန်မာပြည် မြေပုံရယ်၊ မြန်မာ ပြည်သူလူထု လက်သီး လက်မောင်း တန်းနေတာ၊ လက်တွေ မြှောက်နေတဲ့ဟာတွေ ပါတယ်။ (ကျော်သူ)
dassk&kyaw thu
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ ကျော်သူ

kyawthu&group
ကျနော်တို့ ဘ၀အတွက်ရော ပြည်သူလူထု ဘ၀ အတွက်ရော နွေးထွေးမှု တခုရသွားပြီ။ ရှေ့ဆက်လျှောက်ရမယ့် လမ်း မပျောက်ချင်ဘူး။ လမ်းရှိပါလျက်နဲ့ လမ်းမလျှောက်ဝံ့တဲ့ ဘ၀ကို မရောက်ချင်ဘူး။ အခု အမေစုကနေ ဦးဆောင်လမ်း ညွှန်ပြနိုင်တော့ မှာပေါ့။ ဒီအတွက် အတိုင်းမသိပျော်ရွှင်တယ်။ ဒါပေမယ့် ပျော်နေလို့တော့ မပြီးဘူးပေါ့။ အမေစု လမ်းညွှန်တဲ့ အတိုင်းဆက် လျှောက်ဖို့ အရေးကြီးတယ်။ (ကျော်သူနဲ့ သွေးသောက်များ)

Saturday, November 13, 2010

DKBA ၊ KNU ရဲဘော်များ နှင့် စစ်ပြေးဒုက္ခသယ်များကို ကူညီထောက်ပံကြမယ်ဆိုရင်

တိုက်ပွဲဝင်နေသော DKBA ၊ KNU ရဲဘော်များ နှင့် စစ်ပြေးဒုက္ခသယ်များကို ထောက်ပံ့ ကူညီလိုပါက အောက်ပါ အကောင့်သို့ ငွေလွဲခြင်းဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။

Below is the bank information for the org. please let us know when you transfer.
This e-mail address is being protected from spambots. You need JavaScript enabled to view it

Bank name - Bangkok Bank

Branch - Mae Sot

Account name - LOI WA -WAPO

Account No. - 713 – 0 – 04465 - 9

Swift code - BKKBTHBK

Bank address - 127/8, Prasawhiti road
This e-mail address is being protected from spambots. You need JavaScript enabled to view it
E-mail:

jjipo@hotmail.com

kcboerc@gmail.com
Phone:

Mahn Mahn +66 879438750

Naw Hsa Moo +66 817408119

Naw Paw Gay +66 872113035

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်သည့်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့က ပုံများ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ပြောသော စကားအသံဖိုင်နှင့် ဗွီဒီယို

“မတွေ့တာကြာပြီဆိုတော့ ပြောစရာတွေ အများကြီးရှိတယ်၊ အဲဒါတွေ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီ လာခဲ့ အသံချဲ့စက်နဲ့ ပြောမယ်”ဟု လူထုကို ဒေါ်အောင်ဆန်းစုကြည် က ပြောရာ မြန်မာလူထုက အားပေးကြကြောင်း သိရသည်။
နိုဝင်ဘာလ ၁၃ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ဆိုသည်နှင့် လာရောက် စောင့်ဆိုင်းသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု အော်ဟစ်၍ အမေစုအတွက်  ဆုတောင်းမေတ္တာပို့ကြသည်

ဗိုလိမှူးချုပ်ခင်ရီမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဒေါ်စုနှင့်ပတ်သက်သည့် ပို့သည့် အစီရင်ခံစာ

ဗိုလိမှူးချုပ်ခင်ရီမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပို့သည့် အစီရင်ခံစာ

၂ဝ၁ဝခုနှစ် နိုဝင်ဘာလ(၁၂)ရက်
ပ-ဗခခင်ရီ
လ-နပတ
လက်ရှိ နိုင်ငံရေးနဲ့ပတ်သက်ပြီး အထက် စီစဉ်ခိုင်းတဲ့တိုင်း ကျနော်တို့ဖက်က ပြုလုပ်စီစဉ်ပြီး သေချာစီစဉ်ပြုလုပ် ထားပါတယ်။ နံနက်ပိုင်းမှာတော့ သံတမန်များနဲ့ပေးတွေ့ပြီး လက်ရှိအခြေအနေမှာ
နိုင်ငံရေးနဲ့ ပြန်ပြီး ကိုင်ဖို့ကိစ္စကို ကျနော်တို့ဖက်က စီစဉ်ထားပါတယ်။ လက်ရှိ ကောင်မလေးနေအိမ် ဝန်းကျင်မှာ လုံခြုံရေးဆိုင်ရာကို အင်အားမြှင့် စောင့်ကြည့်ခိုင်းထားပါတယ်။
ကောင်မလေးနေအိမ်ဝန်းကျင်မှာ လက်ရှိ NLDပါတီအဖွဲ့ဝင်ရော နိုင်ငံရေးပါတီအဖွဲ့ဝင်များရောက်ရှိနေတဲ့ အချက်တွေ့ ရှိရသည်။ လုံခြုံရေးဆိုင်ရာကို လက်ရှိ ပြည်ထဲရေးရဲ အထူးတပ်ဖွဲ့များကို အရပ်ဝတ်လဲပြီး စောင့်ကြည့်မှူဆိုင်ရာအထက်က စီစဉ်တဲ့ အတိုင်းကို ၄နာရီလောက်မှာ ကောင်မလေးကို လွှတ်ပေးမဲ့အသံကို
ထွက်ဖော်ထားပြီး ကျနော်တို့ဖက်က ကြိုတင်ပြင်ဆင် မှူပိုင်းကို စီစဉ်ပြီး နိုင်ငံရေးအရပြန်ပြီးကိုင်ဖို့ကိစ္စ အထက်က စီစဉ်ခိုင်းတဲ့အတိုင်း စီစဉ်ပြီး ပြင်ဆင်မှူပိုင်းကို အထက်က ညွှန်ကြားချက်ကို စောင့်နေပါတယ်။
လက်ရှိ အခြေအနေကိုစောင့်ကြည့်ပြီး အထက်ကပြုလုပ်ခိုင်းတဲ့အတိုင်း ပေးတွေ့ပြီးလွှတ်ခိုင်းထားတဲ့ စီစဉ်တိုင်း ပြုလုပ်ထားပါတယ်။ အထက်တင်ပြတာပါ။
ပ-ဗခမောင်အေး
လ-နပတ
အထက်ကို အခြေအနေများနဲ့ပတ်သက်ပြီး တင်ပြချင်တာက နိုင်ငံရေးဆိုင်ရာ အခြေအနေမကောင်းတဲ့ အချက်ကြောင့် ကောင်မလေးနဲ့ပတ်သက်ပြီး လွှတ်ပေးပြီး နိုင်ငံရေးဆိုင်ရာအရ လက်ရှိအခြေအနေမှာ စီးပွားရေးသိပ်မကောင်းတဲ့အချက်ကြောင့် နိုင်ငံရေးအရ ကောင်မလေးကို ညိုနှိုင်းတွေ့ဆုံမှုပိုင်း ပြုလုပ်ပြင်ဆင်ပြီး ကောင်မလေးနဲ့အထက်လူကြီး တွေ့ဆုံပြီး ညိုနှိုင်းဖို့ကိစ္စကိုပြုလုပ်စီစဉ်ပြီး အထက်လူကြီးနဲ့ပတ်သက်ပြီး အခြေအနေကို ၂ဝ၁ဝခုနှစ် နိုဝင်ဘာလ(၁၂)ရက် ၂ ပြုလုပ်စီစဉ်ထားတဲ့ အချက်လက်များနဲ့ ပတ်သက်ပြီး ဆင်ပြီး ပြုလုပ်စီစဉ်သွားဖို့ကိစ္စကိုပြုလုပ်ချင်တယ်။
လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားစစ်ရေးဆိုင်ရာကို ကျနော်တို့ဖက်က ရေရှည်သွားရင် စစ်ရေးဆိုင်ရာ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဒီတိုင်းဆက်သွားရင် နိုင်ငံရေးအရ စီးပွားရေးပိုင်းအရ စစ်ရေးဆိုင်ရာ အရ ကြပ် တည်းနိုင်တဲ့ အခြေအနေကို တွေရှိရတာကြောင့် အထက်လူကြီးကို
ခုလိုအခြေအနေများနဲ့ပတ်သက်ပြီး တင်ပြတာပါ။
ပ-ဗခခင်ရီ
လ-ရန်ကုန်တိုင်း ရဲမှူး
လက်ရှိ ရန်ကုန်တိုင်း လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကောင်မလေးအိမ်ကို အဓိက တင်းကြပ်ထားပြီး
နိုင်ငံရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး စောင့်ကြည့်မှူပိုင်းကို စီစဉ်ပြုလုပ်ထားတဲ့အတိုင်းစောင့်ကြည့်ထားပါ။
လက်ရှိအခြေအနေမှာ အရေးကြီးတဲ့အချက် ကြောင့် လက်ရှိနိုင်ငံရေးဆိုင်ရာ လပ်ရှားမှူဖြစ်လာနိုင်တဲ့
အခြေအနေကိုကြည့်ပြီး စစ်ရေးဆိုင်ရာအရ ချေမှုန်းဖို့ကို စီစဉ်ပါ။
လက်ရှိ နိုင်ငံရေးနဲ့ပတ်သက်ပြီး လပ်ရှားမှူပိုင်းဖြစ်တာနဲ့ ဖြိုခွဲဖို့ကိစ္စကို ပြည်ခိုင်ဖြိုးတပ်ဖွဲ့များနဲ့ လက်ရှိ
လုံခြုံရေးတပ်ဖွဲ့များ ပူးတွဲပြီး ပြုလုပ် ပြင်ဆင်ထားပါ။
NLD ပါတီဖက်က လပ်ရှားမှူပိုင်းပြုလုပ်တာနဲ့ လပ်ရှားမှူအခြေအနေကိုကြည့်ပြီး ဖြိုခွဲဖို့ကိစ္စ စီစဉ်ထားတဲ့တိုင်း လက်ရှိ ရဲမှူးကိုယ်တိုင်း စီစဉ်လုပ်ဆောင်ဖို့ ပြင်ဆင်ပါ။

မှတ်ချက်
အထက်ပါ နအဖအတွင်းရေးအစီခံစာ(လျှို့ဝှက်စာ) များ အား ရရှိလာသည့်အတွက် တင်ပြပေးခြင်းသာ ဖြစ်သည်။

ဗိုလ်မှူးချုပ်ခင်ရီမှ သန်းရွှေထံသို့ ဒေါ်စုနှင့်ပတ်သက်သည့် အစီရင်ခံစာ ဖိုင် ဒေါင်းလော့ရယူနိုင်သည်။

သန်းရွှေမှ တင်အောင်မြင့်ဦးသို့ တရုတ်အကူအညီနှင့် ပတ်သက်ပြီး လျှို့ဝှက် ပို့စာ( နအဖစစ်တပ်အတွင်းရေး)

၂ဝ၁ဝခုနှစ် နိုဝင်ဘာလ(၁၂)ရက်

ပ-နပတ
လ-ဗခတင်အောင်မြင့်ဦး

လက်ရှိ တရုတ်က စစ်ရေးနဲ့ပတ်သက်ပြီး အကူညီပေးတဲ့ကိစ္စ ပေါက် ကြားမှုမရှိအောင် စီစဉ်ပြုလုပ်ပြီး လက်ရှိ စစ်ရေးနဲ့ပတ်သက်ပြီး ငွေကြေးအင်အားပိုင်း နဲ့ရိက္ခာဆိုင်ရာ စီးပွားရေးအင်အားနဲ့ပတ်သက်ပြီး အဓိက ပေါက်ကြားမှုမရှိအောင်ဗိုလ်ချုပ်တင်အောင်မြင့်ဦး တစ်ဦးတည်း စီစဉ်လုပ်ဆောင်သွားဖို့ ကိစ္စကို လုပ်ဆောင်ပါ။

Tuesday, November 2, 2010

Boycott ၂၀၁၀ ရွေးကောက်ပွဲရွေးကောက်ပွဲမြင်ကွင်း စာစောင်

Boycott ၂၀၁၀ ရွေးကောက်ပွဲရွေးကောက်ပွဲမြင်ကွင်း စာစောင် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ၂ရက်၊ အတွဲ ၁၊ အမှတ် ၇ အဖြစ် ထုတ်ဝေလိုက်တာဖြစ်ပြီး ဖတ်မယ်ဆိုရင်တော့ အောက်က read more ကိုသာ ကလစ်နှိပ်လိုက်ပါ

Friday, October 29, 2010

ဧရာဝတီဂျာနယ် ”ရွေးကောက်ပွဲ အထူးတုတ်ဂျာနယ်”

၂၀၁၀ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အာဏာရှင်တို့က တဖက်သတ် ရေးဆွဲ အတည်ပြု ပြဌာန်းခဲ့သော စစ်အာဏာရှင် စနစ် ဆွဲဆန့်ရေး အခြေခံဥပဒေကို အသက်သွင်းသည့် ခြေလှမ်း ဖြစ်သည်။ ရွေးကောက်ပွဲ နှင့် ပတ်သက်တဲ့ သတင်းတွေကို အဓိကထားတင်ပြထားတဲ့ ဂျာနယ်တစ်စောင် ဖြစ်သည့်အတွက် မျှဝေပေးလိုက်ပါသည်။ ဖတ်မယ်ဆိုရင်တော့ အောက်က ”အပြည့်အစုံဖတ်ရန်”ကိုသာ ကလစ်နှိပ်လိုက်ကြပါ။

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More