Tuesday, November 16, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြမယ့် နယူးရောက်ပြည်နယ်နဲ့ ဂျပန်က ဒီမိုအင်အားစုများ

Buffalo,New York
နိုဝင်ဘာလ ၁၄ နေ့က အမေရိကန်နိုင်ငံ နယူးရောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ နိုင်ငံရေးအခမ်းအနားတခုကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကတော့ နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုတဲ့ အခမ်းအနား တရပ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး အခမ်းအနားမှာ ဘတ်ဖဲလိုးမြို့ ဒီမိုအင်အားစုတွေက နိုင်ငံရေးလမ်းစဉ်တခုကိုလည်း ချမှတ်ခဲ့ကြကြောင်း ကြားသိရပြီး အဲဒီချမှတ်ခဲ့တဲ့ လမ်းစဉ်ကတော့ ”ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ” တနည်းအားဖြင့် ( We stand with DASSK ) ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေး အတွက် အောင်ဆန်းလမ်းစဉ်နဲ့ လွတ်လပ်ရေးအရယူနိုင်ခဲ့သလို အခု ၂၁ ရာစု ဒီမိုကရေစီလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ( we stand with DASSK ) ကို ကျနော်တို့ အကြွင်းမဲ့ယုံကြည်တယ်။ ကျနော်တို့ နိုင်ငံရေး ပရောဟိတ်တွေမလုပ်ဘူး ၊ မတွေဝေဘူး ၊ ဟိုဟာထောက်ခံ၊ ဒီဟာကန့်ကွက် အလုပ်မဖြစ်တဲ့အရာတွေနဲ့ အချိန်မကုန်ဘူး ၊ ဒေါ်အောင်ဆန်းစုကြည် လမ်းစဉ်အတိုင်း သူနဲ့အတူရပ်တည်မယ် ။ သူပြောတဲ့အတိုင်းလုပ်မယ်။ သူကထောက်ခံဆို ထောက်ခံမယ်။ သူက ကန့်ကွက်ဆို ကန့်ကွက်မယ်။ သူက အမျိုးသားပြန်လည်သင့်မြတ်ရေး လို့ပဲပြောပြော အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပဲဆိုဆို လုပ်ပါဆို လုပ်မယ်။ ထိပ်တိုက်ရင်ဆိုင်ပါဆို ထိပ်တိုက်ရင်ဆိုင်မယ်။

Buffalo,New York
အဲဒါ We stand with Daw Aung San Suu Kyi တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ်ပဲလို့ ရှင်းပြခဲ့သလို ၁၉၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဝမ်းကတော့ ” တကမ္ဘာလုံးမှာရှိနေတဲ့ မြန်မာ့ ဒီမိုကရက်တစ်အင်အားစုများအားလုံး တညီတညွတ်ထဲ ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ်ကို ( We stand with DASSK ) နဲ့ ၀ိုင်းဝန်းထောက်ခံဘို့ပါ၊” လို့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့ မျိုးဆက်သစ်ကျောင်းသားတွေအပါအ၀င် ကမ္ဘာ့အနှံအပြားမှာ ရောက်ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးကို We stand with DASSK ဆိုတဲ့ အသံကို ဆူညံသွားအောင် လုပ်ပေးကြဘို့ တိုက်တွန်းနိုးဆော်သွားပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုတဲ့ အခမ်းအနားနဲ့ ဂျပန်ရောက် မြန်မာ့ဒီမိုအရေး လှုပ်ရှားနေသူတွေကလည်း တိုကျို မှာရှိတဲ့ နအဖစစ်သံရုံး(အခွန်ရုံး )ရှေ့မှာ ပြုလုပ်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ( we stand with DASSK ) အတိုင်းလိုက်နာကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ချခဲ့တယ်လို့ လည်း သိရှိသတင်းရရှိပါတယ်။
japan
အားလုံးဘဲ we stand with DASSKကို တကမ္ဘာလုံး ညံသွားအောင် ကျင်းပပြုလုပ်သွားပြီး အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆိုလိုက်ကြ ရပါစို့…….။
We stand with Daw Aung San Suu Kyi
japan
တိုကျိုကလှုပ်ရှားမှုပုံများကို အလင်းအိမ်မဂ္ဂဇင်းမှ ရယူသည်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More