Saturday, October 30, 2010

ဦးနေဝင်း လက်သုံး ဆရာဝန်ကြီး ကွယ်လွန်

သတင်း ဧရာဝတီဘလော့ဂ်

အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ ဆရာဝန်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဒေါက်တာ ကျော်ဝင်း ဆုံးသွားပြီလို့ ဘီဘီစီက ကြေညာသွားပါတယ်။ ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု) ရဲ့ ဘလော့ဂ်မှာ သူဆရာဝန်ဖြစ်စက ဆရာရင်း ဖြစ်ခဲ့တဲ့ ဒေါက်တာ ကျော်ဝင်းကို သွားကန်တော့တဲ့ အကြောင်းနဲ့ ဆေးတွေ အများကြီး ပြန်ပေးလိုက်တဲ့အကြောင်း ရေးထားတာ တွေ့ရပါတယ်။ ဒေါက်တာ ကျော်ဝင်းဟာ အင်္ဂလန်ကနေ သူ့ပိုက်ဆံနဲ့သူ ပညာသွားသင်ပြီး ဆေးပညာဘွဲ့ ရခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အာဏာရှင် ဦးသန်းရွှေကတော့ သူ့ကျန်းမာရေးကို တာဝန်ယူဖို့ ဒေါက်တာ ကျော်မြင့် (ကျန်းမာရေးဝန်ကြီး၊ ကြံ့ဖွံ့ အမတ်လောင်း)၊ ဒေါက်တာ ပိုင်စိုး (ကျန်းမာရေး ဒုဝန်ကြီး၊ ကြံ့ဖွံ့အမတ်လောင်း) နဲ့ ဆေးဝန်ထမ်း ညွှန်ကြား ရေးမှူးချုပ် ဗိုလ်ချုပ် သန်းအောင်တို့ကို ခန့်ထားတယ်လို့ သိရပါတယ်။

0 comments:

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More