Wednesday, November 17, 2010

ဒီကေဘီကို ကေအဲန်ယူအစည်းအရုံးမှ ဂုဏ်ပြုကြိုဆို

ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း
peace for dkba&knu
နိုဝင်ဘာလ ၁၇ ရက်နေ့က ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့် နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ကျင်းပပြုလုပ်သွားခဲ့သည်။
၁၅နှစ်ကျော်ကြာ သောင်းကျန်းသူနအဖစစ်အစိုးရ၏ ကရင်တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှူကို နည်းလမ်းပေါင်းစုံဖြင့် ဖြိုခွဲခဲ့ပြီး အချင်းချင်း သတ်ဖြတ်၊ တိုက်ခိုက်မှူများ ဖြစ်အောင်လုပ်ဆောင်နေမှူများကို ကရင်လူမျိုးလက်နက်ကိုင် အဖွဲ့တို့မှ ကောင်းစွာနားလည်လက်ခံလာပြီး
သောင်းကျန်းသူ နအဖစစ်အာဏာရှင်တို့အား အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသည့် ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်သူများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ဒေသခံပြည်သူများနှင့် နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပပြုလုပ်သွားခဲ့ကြသည်။
၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေတပ်မှ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝတို့ ဦးဆောင်၍ တပ်သား ၁၅၀ ကျော်တို့မှ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More