Friday, November 12, 2010

စောလားဘွဲ နှင့် မဟာမိတ်တပ်များ ဝေါလေးကိုအမှန်တကယ် ပြန်လည်သိမ်းပိုက် လိုက်ပါပြီ။

ဒီကေဘီမှ ဗိုလ်ထူးမောင် နဲ့ ဗိုလ်အေဝမ်းတို့ ဦးစီးတဲ့ တပ်ဖွဲ့များဟာ နအဖ တပ်များနဲ့ ဘုရားသုံးဆူဒေသမှာ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကူလိုက်လာတဲ့ နအဖ တပ်များကို ဗိုလ်တင်လှိုင် ဦးစီးတဲ့ ကေအန်ယူ တပ်ရင်း ၁၆ မှ ကြားဖြတ်တိုက်ခိုက်ရာ နအဖ တပ်သား ၆၀ ခန့် ကျဆုံးတယ်လို့ သိရှိရပါတယ်။

စောလားဘွဲ နှင့် မဟာမိတ်တပ်များ ဝေါလေးကိုအမှန်တကယ် ပြန်လည်သိမ်းပိုက် လိုက်ပါပြီ။

နယ်ခြားစောင့်တပ်နှင့် ပါတ်သက်သည့် အခြား သတင်းတစ်ခုသိရှိရတာကတော့ နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၁ မှ သူအားလုံးသည်။ ခန့်မှန်းခြေ အယောက် (၁ဝဝ)ကျော် တို့သည် မြိုင်ကြီးငူရှိ မြိုင်ကြီးငူဆရာတော် ဦးသုဇနထံသို့သွား၍ မိမိတို့ နယ်ခြား စောင့်တပ် မလုပ်နိုင်တော့ပါဟု လျှောက်ထားပြီး နယ်ခြားစောင့်တပ် တံဆိပ်များကို ဖြုတ်ပြီး ပေးအပ်သွားသည်။

ဆုံဆည်းရာမှာ တင်ပြထားတဲ့သတင်းကတော့

ရှမ်း SSA မြောက်ပိုင်းက ယမန်နေ့က နအဖ စစ်တပ် ခလ၇ ၃၆၁ မှ စစ်ကားတစ်စီးကို ရှမ်းပြည်လွှတ်မြောက်ရေး တပ်မတော်က ချုံခိုက်တိုက်ခိုက်ရာ စစ်သားအားလုံး ကျဆုံးသွားကြောင်းသိရှိရသည်။ ခလ၇ ၃၆၁ မှ တပ်ရင်းမှူး ဗိုလ်မှူး အပါအ၀င် တပ်ကြပ်တဦးကိုလည်း အသေဖမ်းဆီးရမိပါသည်။ ဂျီသရီးရိုင်ဖယ်တလက်၊ ကာဘိုင်တလက်နဲ့ ၉ မမ ပစ္စတို တလက်အပြင် ကြေးနန်းဆက်သွယ်ရေးတခုကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တပ်မတော်က အကျအဆုံးမရှိကြောင်းလည်း သိရသည်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More