Thursday, October 28, 2010

၂၀၁၀ ကိုကျော်ဖြတ်ခြင်း "ထွန်းအောင်ကျော်”


မြန်မာ့နိုင်ငံရေး အလားအလာနှင့် ယနေ့အခြေအနေကို အမှန်အကန် သုံးသပ်ရလျှင် ...
(၁) ပြည်ပရောက် အတိုက်အခံများ ညီညွတ်မှုမရှိဘဲ ဒီမိုကရေစီရေးအတွက် ထောက်ပံ့ငွေ သန်းချီရနေသော အဖွဲ့အစည်းများ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်၍ ကိုယ်ကျိုးရှာ စီးပွားရေးသမား နိုင်ငံရေးလုပ်စားသူများ ဖြစ်လာကြခြင်း၊ ခြံခတ်နိုင်ငံရေးကြောင့် ငွေကြေးဖြတ်တောက်မှုများဖြင့် နိုင်ငံရေးသေလာခြင်း။
 (၂) ပြည်တွင်း NLD ပါတီဆုံးဖြတ်ချက်ကို သဘောတူပြီးမှ NDF အမည်ဖြင့် ခွဲထွက်ပါတီထောင်ခြင်းကြောင့် နအဖမှ ကမ္ဘာသို့ NLD အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် ပါဝင်နေပါသည်ဟု အကြောင်းပြချက် ရရှိသွားခြင်း ကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခြင်းမှာ ထိရောက်သင့်သလောက် မထိရောက်တော့ခြင်း။ ထို့ အပြင် NLD ခေါင်းဆောင်ပိုင်းမှ အသက်ကြီးရင့်သူများကို သွေးသစ်လူငယ်များဖြင့် အစားထိုး အားဖြည့်နိုင်မှု မရှိခြင်း။
(၃) မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော အမေရိကန်၊ ဗြိတိန်နှင့် EU နိုင်ငံများ နောင်တက်လာမည့် အ စိုးရနှင့် ဆက်လက်ညှိနှိုင်းကြရန် စဉ်းစားလာခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ၎င်းတို့အနေနှင့် သွယ် ဝိုက်၍ အသိအမှတ်ပြုတော့မည်ဖြစ်ကြောင်း အချက်ပြသလိုဖြစ်လာခြင်း။

(၄) ကြံ့ဖွတ်ကို ယှဉ်ပြိုင်မည့် ပါတီများ လူအင်အား၊ ငွေအင်အား မနှိုင်းယှဉ်သာအောင် ချို့တဲ့နေခြင်းတို့ ကြောင့် ကြံ့ဖွတ်ပါတီသည် အလိုအလျောက် တပ်မှ ရရှိသည့် (၂၅) ရာခိုင်နှုန်းနှင့် ရွေးကောက်ပွဲတွင် ၂၅% ရာခိုင်နှုန်း ရလျှင်ပင် ရာခိုင်နှုန်းပြည့် အစိုးရဖွဲ့နိုင်သည့် အခြေအနေကို ပိုင်နိုင်စွာ ရရှိထားပြီးဖြစ်သည်။
      ထိုအခြေအနေကို သိလျက် အဘယ့်ကြောင့် ကျွန်ုပ်တို့ ဆက်လက်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တိုက်တွန်းနှိုးဆော်နေကြသနည်းဟု မေးစရာရှိလာသည်။ လူဆိုသည်မှာ မျှော်လင့်ချက်ဖြင့် အသက်ရှင်ရပ် တည်နေခြင်းဖြစ်သလို ယုံကြည်ချက်ဖြင့် လှုပ်ရှားနေခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ “ရွေး ကောက်ပွဲမှသည် လူထုတိုက်ပွဲဆီသို့” ဖြစ်သည်။ ညစ်ပတ်ကောက်ကျစ်သော ရွေးကောက်ပွဲကို ပြည်သူတို့က လက်မခံဘဲ အားလုံးသပိတ်မှောက်ကြလျှင် အထွေထွေသပိတ်ကြီးမှတင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်မည်ဆို သည့် မျှော်လင့်ချက်ဖြစ်သည်။ ထိုမျှော်လင့်ချက်သည် ဖြစ်နိုင်ခြေ (၁)% ပင်ရှိစေဦး ကျွန်ုပ်တို့အနေဖြင့် ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်ရမည်သာဖြစ်သည်။
အလျော့ပေးလိုက်၍မရ၊ အဘယ်ကြောင့်ဆိုသော် မဖြစ်နိုင်သော အရာ လောကတွင်မရှိ၊ မဖြစ်သေးခြင်းသာလျှင် ရှိသည်။
        ကျွန်ုပ်တို့၏ ယုံကြည်ချက်မှာ ကျွန်ုပ်တို့သည် ပြည်သူအတွက် တရားသောစစ်ကို ဆင်နွှဲနေသည်။ မတရားဖိ နှိပ် အုပ်ချုပ်နေသည့် ဖောက်ပြန်သည့် စစ်အုပ်စုကို တိုက်ပွဲဝင်နေခြင်းဖြစ်သဖြင့် တနေ့တွင် အောင်ပွဲရမည်ဆို သည့် ယုံကြည်ချက်ဖြစ်သည်။ မတရားလုပ်နေသူများကို တိုက်သောတိုက်ပွဲသည် တရားသော တိုက်ပွဲဖြစ် သည်။ ထို့ကြောင့် တနေ့ နိုင်ကိုနိုင်ရမည်ဟု ယုံကြည်သည်။
       သို့ရာတွင် NLD ရွေးကောက်ပွဲမဝင်ခြင်းသည် မဟာဗျူဟာအရ အကြီးအကျယ် မှားယွင်းမှုဖြစ်သည်ဟု သာ ကူးများ၊ နိုင်ငံရေးသိုက်တူးသူများ၊ နအဖအကျိုးဆောင် ပညာတတ်များက သွယ်ဝိုက်၍တမျိုး၊ ဗြောင်တမျိုး ပြောလာနေကြသည်။ ရွေးကောက်ပွဲသပိတ်မှောက်လို့ ကြံ့ဖွတ်ကြီးပဲနိုင်ရင် ဘယ်လိုလုပ်မလဲ ကိုယ့်ဘက်က ပါ နိုင်သလောက်ပါရင် လွှတ်တော်ထဲမှာ အသံထွက်နိုင်တယ်၊ တဖြည်းဖြည်း ပြောင်းလဲနိုင်တယ်ဆိုနေတဲ့ Evolution သမားများကို တခုတော့ ပြောချင်ပါသည်။ အတိုက်အခံများအားလုံး ရွေးကောက်ပွဲ မဝင်လျှင် ကြံ့ ဖွတ် တရားဝင်မှု ရရှိနိုင်တော့မည်မဟုတ် ဆိုသည်ကို တွေးမိဖို့ကောင်းသည်။ ထို့အတူ ညစ်နည်းပေါင်းစုံနှင့် ကြံ့ဖွတ်ပါတီကိုသာ အပြတ်အသတ်နိုင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ထင်သလို လွှတ်တော် ထဲတွင် အသံထွက်နိုင်လိမ့်မည်မထင်၊ ၎င်းတို့ အာပေါက်အောင် ပြောသော်လည်း လွှတ်တော်ထဲတွင် ကြံ့ ဖွတ်အသံကသာ လွှမ်းနေလိမ့်မည်၊ ၎င်းတို့
အာပေါက်အောင် ပြောသည့်အသံကိုလည်း သတင်းစာ ရုပ်မြင်သံကြားတို့တွင် ထည့်သွင်းဖော်ပြလိမ့်မည် မဟုတ်ချေ။
          ဒါဖြင့် ဘာတွေ လုပ်ရမည်နည်း၊ ဘာတွေ ဖြစ်လာနိုင်သနည်း။ သဘာဝကျကျ ဖြစ်လာနိုင်သည်များက ...


(၁) ဘောင်းဘီချွတ်နှင့် ဘောင်းဘီဝတ်တို့ကြား အာဏာသုံးစွဲမှုတွင် ပဋိပက္ခ ဖြစ်လာမည်။ ဖွတ်ကြီးလျှင် မိကျောင်းဖြစ်သည် စကားကို ပြောင်းပြန်ယူ၍ မိကျောင်းဘဝမှ ဖွတ်ဖြစ်သွားသူများသည် ဘောင်းဘီချွတ်တိုက် ပုံဝတ် ဖွတ်ကျားကြီးများဖြစ်သည်။ တပ်တွင် ကျန်ခဲ့သူများကတော့ မိကျောင်းအဖြစ် ရေမြေကို ဆက်လက်ပိုင် စိုးနေမည်သာဖြစ်သည်။
ဖွတ်ဖြစ်သွားသူအချင်းချင်းတွင် အရင်ဖွတ်ဖြစ်ပြီးသည့် တစညတို့နှင့် အရှင်လတ်လတ် နေ့ချင်းညချင်း လတ် လတ်ဆတ်ဆတ် ဖွတ်ဖြစ်လာသူတို့ အာဏာလုကြ၊ ခွက်စောင်းခုတ်ကြတော့မည်။ လတ်လတ်ဆတ်ဆတ် ဖြစ်လာသော ဖွတ်ကျားကြီးများက ရွေးကောက်ပွဲအပြီးတွင် အာဏာရလာပြီး မိကျောင်းများကို အာဏာပြ သည့်အခါ မိကျောင်းများက ၎င်းဖွတ်များကို ရွံရှာမုန်းတီးလာပေလိမ့်မည်။ ထိုအခါ ရပ်တည်ချက်ရှိသော ပြည် သူလေးစား သော NLD ကို ချဉ်းကပ်လာလိမ့်မည်။
(၂) ကမ္ဘာ့နိုင်ငံရေးရေးစီးကြောင်းကို ကြည့်လျှင် အာဏာရှင်နိုင်ငံများ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲသွားရာ တွင် ဒီမိုကရေစီအင်အားစုများက အနိုင်ရ၍ အစိုးရဖွဲ့စည်းသွားခြင်း ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ သို့ရာ တွင် ပြည်သူများ၏ နိုင်ငံရေးအသိအမြင်သည် ဒီမိုကရေစီရသည်နှင့် ၎င်းတို့၏ ဆင်းရဲဒုက္ခများ နေ့ချင်းညချင်း ပြေလည်သွားမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့ထင်သလို ဖြစ်မလာခဲ့ဘဲ ပြောင်းလဲတိုးတက်မှုမ ရှိ ဒုံရင်းဒုံရင်း နေရသည့်အခါ ဒီမိုကရေစီခေါင်းဆောင်များကို ယုံကြည်ကိုးစားမှုနည်းလာခဲ့ပြီး နောက်တကြိမ် ရွေးကောက်ပွဲတွင် ယခင် ကွန်မြူနစ်ပါတီဝင်ဟောင်း ခေါင်းဆောင်များကို ပြည်လည်ရွေးချယ်ခဲ့ကြသည်။ အ ရှေ့ဥရောပ ဒီမိုကရေစီဖြစ်ထွန်းသည့် ဖြစ်စဉ်ကို ကြည့်လျှင် ၎င်းဖော်မြူလာကို တွေ့ရမည်ဖြစ်သည်။
      အာဏာရှင်စနစ် - အာဏာရှင် ပြုတ်ကျခြင်း - ရွေးကောက်ပွဲ ကျင်းပခြင်း - ဒီမိုကရေစီအင်အားစုများ အနိုင်ရ ခြင်း - အစိုးရဖွဲ့ခြင်း - ဒုတိယအကြိမ် ရွေးကောက်ပွဲကျင်းပခြင်း - အာဏာရှင်ဟောင်းပါတီမှ ရွေးကောက်ပွဲ တွင် အနိုင်ရခြင်း - ဒီမိုကရေစီနိုင်အဖြစ် ဆက်လက်ချီတက်ခြင်း (သို့) ဒီမိုကရေစီတဝက်/ အာဏာရှင်တဝက် စနစ်ဖြင့် ဆက်လက်ချီတက်ခြင်း။
       ယနေ့မြန်မာနိုင်ငံအခြေအနေသည် ဒီမိုကရေစီစနစ်ကို အာဏာရှင်က ပြောင်းပြီး ၎င်း၏ပါတီမှ ဆက်လက်အုပ် ချုပ်မည်ဖြစ်သည်။ ထိုကြံ့ဖွံ့အစိုးရက မြန်မာနိုင်ငံလို စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကအစ ချွတ်ခြုံကျနေ သည့် နိုင်ငံကို (၅) နှစ်အတွင်း ဦးမော့အောင် လုပ်ဆောင်နိုင်မည်မဟုတ်။ ထိုအခါ ပြည်သူတို့ ကြံ့ဖွတ်ကို လို လားမှု နည်းသထက်နည်းလာဖို့သာရှိသည်။ ၂၀၁၀ လွန်ကာလတွင် NLD သည် ပြည်သူကြားသို့ဝင်၍ သတ္တိရှိရှိ ကွင်းဆင်းစည်းရုံးရေးကာလ၊ ပြန်လည်တည်ဆောက်ရေး ကာလဖြစ်ပေလိမ့်မည်။ ရွေးကောက်ပွဲတွင် ကြံ့ ဖွတ်နိုင်ခြေ (၉၉) % ရှိသည်ကို လူတိုင်းသိသည်။ သို့ရာတွင် အနိုင်ရခြင်းသည် သန့်ရှင်းမျှတမှုမရှိကြောင်း ကြံ့ ဖွတ်ပါတီဝင်တိုင်းလည်း သိနေသည်မှာ ၎င်းပါတီခေါင်းဆောင်တို့အတွက် စိတ်ဓာတ်ရေးရာ သေးသိမ်မှုကို ဖြစ် စေလိမ့်မည်။ အနိုင်ရပင်ရငြားသော်လည်း ဂုဏ်မယူနိုင်သည့် အနိုင်ရခြင်း တနည်း ရှက်စရာကောင်းသည့် အ နိုင်ရခြင်းပင်ဖြစ်သည်။

        ၂၀၁၀ မှ (၅) နှစ်တာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံတွင် မထင်မှတ်သည့် ဖြစ်စဉ်များ များစွာဖြစ်နိုင် ခြေရှိသည်။ ကြံ့ဖွတ်ပါတီနှင့် စစ်တပ်ပဋိပက္ခ၊ ၂၀၀၈ အခြေခံဥပဒေအရ လွတ်လပ်ယဉ်ကျေးသော လူ့အဖွဲ့အ စည်းများ (Civil Society) ဖွဲ့စည်းခွင့်အရ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ၊ စာရေးစာချီသမဂ္ဂ များ၊ တောင်သူလယ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ကို ပေးရတော့မည်။ ပုဂ္ဂလိက သတင်းစားလွတ်လပ်ခွင့်တို့ကို ပေးရတော့မည်။ ရွေးကောက်ပွဲမှ (ညစ်ပတ်၍) တက်လာသောအစိုးရသည် နအဖကဲ့သို့ စစ်အာဏာသုံး၍မရ။ ၂၀၁၀ လွန် အစိုးရသည် အရေခွံလဲ အရပ်သားအစိုးရဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေသော န အဖနှင့်မတူနိုင်၊ Civil Liberty လူမှုလွတ်လပ်ခွင့်များကို ပေးကိုပေးရတော့မည်ဖြစ်သည်။


        ဦးနေဝင်း တော်လှန်ရေးကောင်စီမှ မဆလပါတီတည်ထောင်ပြီး အတုအယောင် ရွေးကောက်ပွဲကို ၁၉၇၄ ခုနှစ် တွင် ပြုလုပ်ခဲ့ခြင်းနှင့် ယနေ့ ၂၀၁၀ ရွေးကောက်ပွဲသည် ဆင်တူသယောင်ဖြစ်သော်လည်း စံနစ်ချင်းမတူသည်ကို သတိပြုသင့်သည်။ ဘောင်းဘီချွတ်အစိုးရသည် တပါတီစံနစ်အောက်တွင် ရှိသည်၊ ယနေ့ပါတီစုံ ပေးထား ရသည်က နေဝင်းခေတ်ထက် တပန်းသာသည်၊ နေဝင်းကဲ့သို့ ပြည်သူ့ဆန္ဒကို လုံးဝပစ်ပယ်၍မရ။ NLD ပါတီ ကို ဖျက်သိမ်းသော်လည်း NLD ခေါင်းဆောင်များက ဆက်လက်ရပ်တည်နေသည်ကို နအဖက ငြင်းချက်မ ထုတ်နိုင်ဖြစ်နေသည်။

    ဥပမာ - ပိုလန်နိုင်ငံ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ကြည့်ကြပါစို့။ ပိုလန်နိုင်ငံဟာ ဆိုဗီယက်ပုံစံနဲ့ သွားမယ့် အခြေခံဥပဒေသစ်ကို ၁၉၅၂ ခုနှစ်မှာ အတည်ပြုပြီး “ပြည်သူ့ဒီမိုကရေစီ” (People’s Democracy) လို့ ကြေ ညာခဲ့တယ်။ ဒါပေမယ့် ဒါဟာ တကယ်လွတ်လပ် တရားမျှတမှုကို မပေးတဲ့ အတုအယောင်သာဖြစ်လို့ ပြည်သူတွေက မကြိုက်နှစ်သက်ခဲ့သော်လည်း သေနတ်မိုးအုပ်ချုပ်နေတဲ့ ဆိုဗီယာက် ဝါဆောအုပ်စုဝင်အဖြစ် ၁၉၅၅ ခုနှစ်မှာ ကျရောက်သွားခဲ့တဲ့အတွက် မလှုပ်သာခဲ့ဘူး။ သို့ရာတွင် ၁၉၈၀ ခုနှစ်မှာ စီးပွားရေးအကျပ်အ တည်းတွေကြောင့် အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီး အစိုးရဟာ မလွှဲမရှောင်သာဘဲ လွတ်လပ်တဲ့ အ လုပ်သမားသမဂ္ဂကို ဖွဲ့စည်းခွင့်ပေးခဲ့ရတယ်။

      ၁၉၈၀-၁၉၈၁ တနှစ်အတွင်း အလုပ်သမားဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ၄ ဦး ပြောင်းလဲခန့်အပ်ရတဲ့ ဘဝ ကိုရောက်ခဲ့တယ်။ ဗိုလ်ချုပ်ကြီး Wojciech Jaurzelski ဟာ မာရှယ်လောထုတ်ပြီး အလုပ်သမားခေါင်းဆောင် Lech Walesa နဲ့ အပေါင်းအပါများကို ဖမ်းဆီးခဲ့တယ်။ အလုပ်သမားအဖွဲ့အစည်းဖြစ်တဲ့ သွေးစည်းညီ ညွတ်ရေးအဖွဲ့ (Solidarity) ကို မတရားသင်း ကြေညာခဲ့တယ်။ မာရှယ်လောကို ၁၉၈၄ ခုနှစ်မှာ ယုတ်သိမ်းခဲ့ပေမယ့် အစိုးရက ဆက်လက်တင်းကျပ်စွာ အုပ်ချုပ်နေခဲ့ပြီး တိုင်းပြည်စီးပွားရေး ဆက်လက်ချွတ်ခြုံကျနေမှု ကြောင့် ဆက်တိုက်ဖြစ်ပေါ်လာတဲ့ အလုပ်သမားဆန္ဒပြပွဲများကို မလွန်ဆန်နိုင်တော့ဘဲ ၁၉၈၈ ခုနှစ်မှာ အတိုက်အခံ Solidarity ကို ပြန်လည်အသိအမှတ်ပြုခဲ့ရပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးခဲ့ရတယ်။

         Solidarity ပါတီဝင်တွေဟာ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိခဲ့တယ်။ NLD ၁၉၉၀ မှာ နိုင်ခဲ့သလိုပေါ့ဗျာ။ အထက်လွှတ်တော်နေရာ အားလုံးနီးပါး၊ အောက်လွှတ်တော် (Sejm) မှာ ကိုယ်စား လှယ် (၄၆၀) မှာ Solidarity ကို (၁၆၉) နေရာကိုပဲ ရွေးခွင့်ပေးတယ်။ Solidarity ဟာ ၁၆၉ နေရာလုံးမှာ အနိုင်ရတယ်။ ဒါကြောင့် ၁၉၉၀ သမ္မတ ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါ Lech Walesa ဟာ (၇၄) % နဲ့ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့တယ်။ ဒါပေမယ့် လုံးဝလွတ်လပ်တရားမျှတတဲ့ ပါလီမန်ဒီမိုကရေစီစနစ် အခြေခံထားတဲ့ ရွေးကောက်ပွဲကို ၁၉၉၁ ခုနှစ်မှာ ပြုလုပ်နိုင်ခဲ့တယ်။ ယခင်ကွန်မြူနစ်ပါတီက လွှမ်းမိုးတာတွေ အာဏာသုံးပြီး အောက်လွှတ်တော်မှာ သူတို့အတွက် သီးသန့်နေရာချန်ထားတာတွေ အားလုံးမရှိတော့ဘဲ တကယ်လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာခဲ့တာပါ။ Lech Walesa သမ္မတ ဖြစ်ပြီး နောက်တနှစ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲပါ။ နိုင်ငံရေးပါတီ (၂၉) ပါတီ ဝင်ပြိုင်ကြတယ်။

      ဒါပေမယ့် ပိုလန်နိုင်ငံလို ပြည်သူပိုင်လုပ်ငန်းတွေနဲ့ ၁၉၅၂ ခုနှစ်က စပြီး တပါတီစနစ်၊ ဗဟိုဦးစီးစီးပွားရေးစနစ် နဲ့ ချီတက်ရင်း တဖြေးဖြေး ဆင်းရဲမွဲတေမှုတွေနဲ့ ချွတ်ခြုံကျနေတဲ့ နိုင်ငံကို နေ့ချင်းညချင်း တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံကြီးအဖြစ်ကို ပြောင်းလဲဖို့ဆိုရာမှာ အလွန်ခက်ခဲလှပါတယ်။ နှစ်ပေါင်း (၄၀) ကျော် ကိုယ်ပိုင်စီး ပွားရေးအတွေ့အကြုံ ကင်းမဲ့နေရာကနေ ပိုလန်လူထုကြီးဟာ ပုဂ္ဂလိကစီးပွားရေးကို မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နဲ့ မလုပ်နိုင်၊ မလုပ်တတ်ခဲ့ကြပါဘူး။ ဒါကြောင့် Lech Walesa တို့ရဲ့အစိုးရ အခက်အခဲပေါင်း များစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ပြည်သူပိုင်ကို ပုဂ္ဂလိကပိုင် ပြောင်းခြင်းအပြင် အုပ်ချုပ်ရေးကျွမ်းကျင်မှု လည်း အသစ်တက်လာတဲ့ အလုပ်သမားခေါင်းဆောင်တွေမှာ ချို့တဲ့နေခဲ့တဲ့အတွက် ပြည်တွင်းမှာ မကျေနပ်မှုတွေ၊ အားမလိုအားမရ ဖြစ်မှုတွေ၊ ယုံကြည်မှု ကင်းမဲ့လာတာတွေ နေရာအနှံ့အပြား ပေါ်ထွက်လာခဲ့ပါတယ်။

     ယခင်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေမှာ သူတို့ရဲ့ နှစ် (၅၀) အုပ်ချုပ်ရေးအတွေ့အကြုံ၊ စနစ်တကျ ဖွဲ့စည်း လှုပ်ရှားခဲ့တဲ့ လူအင်အားအဖွဲ့ဝင်တွေ ဆက်လက်တည်ရှိ ရှင်သန်နေတဲ့အတွက် သူတို့က အတိုက်အခံအဖြစ် ရပ်တည်ပြီး လူထုကို စည်းရုံးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့အမှားတွေ၊ အာဏာအလွန်အကျွံ သုံးစွဲမှုတွေကို တောင်း ပန်ပြီး ဒီမိုကရေစီစနစ်နဲ့ချီတက်မယ်၊ သူတို့မှာ အုပ်ချုပ်ရေးကျွမ်းကျင်မှုရှိတယ် ဆိုတာတွေနဲ့ မဲဆွယ်ပြီး ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲမှာ ကွန်မြူနစ်လူထွက် ပါတီဝင်ဟောင်းများကို ပြည်သူက မဲပေးခဲ့ပါတယ်။ Lech Walesa ဟာ အသစ်ရွေးချယ်ခံရတဲ့ သူ့ပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ခြင်းတောင် မပြုနိုင်ဘဲ သမ္မတရာထူးမှ ခါး သည်းစွာ ဆင်းပေးခဲ့ရပါတယ်။

        ဒီအချက်ကိုကြည့်ရင် ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ဖြစ်ရင် ပြည်သူတွေက သူတို့စားဝတ်နေရေး နေ့ချင်း ညချင်း တိုးတက်ပြောင်းလဲလာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ မဖြစ်နိုင်ဘူး၊ တိုင်းပြည်ကို အချိန်ယူ ထူထောင်ရဦးမယ်ဆိုတာလည်း သူတို့မသိကြပါဘူး။ သူတို့ထင်ထားသလို လုပ်မပေးနိုင်ရင် သူတို့ က နောင်ကို မဲပေးမှာ မဟုတ်ပါဘူး။

      အခု ၂၀၁၀ လွန်ကာလမှာ ကြံ့ဖွတ်က တက်လာမှာ မြေးကြီးလက်ခတ်မလွဲပါ။ နဂိုကတည်းက မကြိုက်တဲ့ အ ဖွဲ့အစည်း သေနတ်ပြ ခြိမ်းခြောက်တက်လာတော့ ပြည်သူက ပိုရွံမုန်းမှာ သေချာပါတယ်။ ဒီ့အပြင် လမ်းပြင်၊ တံတားဆောက်၊ ယခင် ပြည်သူပိုင် စက်ရုံအလုပ်ရုံ၊ အဆောက်အဦးတွေကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းဝယ် လေလံပစ်တယ်ဆိုတဲ့ ပြောင်းလဲမှုဟာလည်း ကိုယ့်လူကိုယ် အောက်ဈေးနဲ့ ပေးပြီး ပင်းစားကြတာ လူတိုင်းသိ နေတဲ့ကိစ္စပါ။ ဒီအတွက် ပုဂ္ဂလိကစီးပွားရေးကဏ္ဍလည်း တိုးတက်ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ တေဇ၊ မက်စ် ဇော်ဇော်၊ စတီဖင်လော ... စတဲ့ လက်ဝါးကြီးအုပ် လူနည်းစုတွေသာ ဝေစားမျှစား ကြီးပွားမြဲ ကြီးပွားနေတာကို မြင်ရမှာပါ။

    ဒါကြောင့် ၂၀၁၀ လွန်ကာလမှာ ကြံ့ဖွတ်တက်လာလည်း ဘာမှပူစရာမလိုပါ။ ပြုတ်ကျဖို့ တက်လာတယ်လို့သာ မှတ်လိုက်ပါ။ ရှေ့အနာဂတ်မှာ ဖွတ်ကျားအဖွဲ့နဲ့ မိကျောင်းတို့တိုက်ပွဲ၊ ယခင်ဖွတ်ကျားများနဲ့ လတ်လတ် ဆတ်ဆတ် ဖွတ်ကျားတို့ တိုက်ပွဲတွေကို ကြုံတွေ့ရတော့မှာပါ။ NLD အနေနဲ့ ရပ်တည်ချက်ကို အထိပါးမခံဘဲ ပြည်သူ့ကြား ထိုးဖောက်ဝင်ရောက်ရမယ့်အချိန်မှာ နောက်မတွန့်ဘဲလုပ်ဆောင်ပြီး ပြည်သူကို လမ်းပြပေးရမှာ ဖြစ်ပါတယ်။ ၂၀၁၀ မှာ NLD မယှဉ်ပြိုင်တာဟာ ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကြံ့ဖွတ်ဟာ တရားခံအဖြစ်ခံဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်သွားတာဖြစ်လို့ ... ရွာစားရေ ... ဘိန်းမောင်းတီးလို့ တွန်းထုတ်လိုက်ကြပါစို့။ ။

ထွန်းအောင်ကျော်

စာမူအား ကိုထွန်းအောင်ကျော်ထံမှ တိုက်ရိုက်တောင်းယူသည်။


”ကိုထွန်းအောင်ကျော် သည် ၁၉၇၄ အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး ကျောင်းသား တပ်မတော် ၏ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးသူလဲ ဖြစ်ကာ၊ ကနေဒါ အခြေစိုက် UDP ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သလို၊ Civil Society for Burmaအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရင်း မြန်မာပြည် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ယနေ့အချိန်ထိ ဦးဆောင်လှုပ်ရှား ကြိုးပမ်းနေသူ တစ်ယောက်ဖြစ်သည်။”

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More