Thursday, October 28, 2010

citizen journalism များအတွက် ရုပ်သံ အခြေခံ

၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများမှ စတင်ပြီး citizen journalism ဟူသော စကားလုံးကို မြန်မာပြည်တွင် တွင်ကျယ်စွာ သုံးလာခဲ့သည်။ ထိုအချိန်မတိုင်မီက blog များ ခေတ်စားနေပြီ ဖြစ်သော်လည်း ရသကိုသာ အလေးပေးခဲ့ပြီး သတင်းအတွက် အသုံးပြုသူ နည်းပါးခဲ့သည်။ ယခုတော့ သတင်းဦးစားပေး blog များစွာ ရှိနေပြီဖြစ်သည်။ နာဂစ်မုန်တိုင်း၊ ရတနာပုံ ဈေးနှင့် မင်္ဂလာဈေး မီးလောင်မှုများ၊ မန္တလေးရေကြီး မှုနှင့် ပဲခူးစစ်တပ်မှ လူသတ်မှုတို.တွင် ဗီဒီယို နည်းပညာကို အင်တာနက်မီဒီယာဖြင့် တွဲဖက် အသုံးပြုကာ ရုပ်သံဖြင့် သတင်းမျှဝေသူများကိုပင် တွေ.လာရပါသည်။မြန်မာပြည်တွင်း၌ ဗီဒီယိုရိုက်ကူးခဲ့သူ တစ်ဦးအနေဖြင့် ထိုသူများ မည်မျှ ကြိုးစားအားထုတ်ရသည်ကို သိပါ၏။ အများပြည်သူ သိသင့်သိထိုက်သော သတင်းအချက်အလက်များ၊ မျှဝေသင့်သော လူထုအချင်းချင်း၏ ခံစားချက်များကို ဝေမျှရန် ကြိုးစားသည့် ထိုသို.သော ပုဂ္ဂိုလ်များ မည်မျှ ပေးဆပ်ရင်းနှီးရသည်ကို ကိုယ်ချင်းစာမိ၏။ ဘ၀ကိုရင်းပြီး ထောင်နှုတ်ခမ်း နင်းကြသူများပင် ဖြစ်ပါသည်။ လေးစားမိပါသည်။ သို.သော် စွန်.စားရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများ ရရှိသင့်သည့် အရည်အသွေး မမှိသောအခါ အားမလိုအားမရနှင့် ကျနော့်မှာ အမြဲလိုလို မချိတင်ကဲ ဖြစ်ရပါသည်။
မြန်မာပြည်အတွက် အရေးကြီးသည့် ရွေးကောက်ပွဲသည် နိုဝင်ဘာ ၇ ရက်နေ.တွင် ကျင်းပရန် ရှိပါသည်။ ထိုနေ.တွင် ရည်ရွယ်ချက်မျိုးစုံဖြင့် မှတ်တမ်းတင်ကြမည့် ကင်မရာ သူရဲကောင်းများ ရှိကြပါဦးမည်။ ၄င်းတို.ထဲမှ အချို.သည် ရိုက်ကူးရေးပညာနှင့် အစိမ်းသက်သက် ဖြစ်နေနိုင်ပါသည်။ ထိုသူများအတွက် အနည်းငယ်မျှ အထောက်အကူ ရစေရန် ရည်ရွယ်ရင်း လေ့လာဖူးသည့် အခြေခံ ကင်မရာ စည်းကမ်းအချို.ကို မျှဝေအပ်ပါသည်။ လိုအပ်သလို အသုံးပြုနိုင်ပါသည်။ အဆင့်မီ ကင်မရာသမားတစ်ဦး ဖြစ်ရေးအတွက် နှစ်ရှည်လများ လေ့ကျင့်ပျိုးထောင်ရသည်ဖြစ်ရာ ယခုစာတိုလေးမှာ သိသင့်သည်များကို အားလုံး ခြုံငုံမိသည်ဟု မဆိုလိုပါ။ သို.သော် အခြေခံ ဆောင်ရန်/ ရှောင်ရန်များကို လေ့လာနိုင်ပါက ပိုမိုကောင်းမွန်သော မှတ်တမ်းရုပ်သံများ ရိုက်ကူးရန်အတွက် ဆက်လက် လေ့ကျင့်နိုင်မည်ဟု ယုံကြည်ပါသည်။ အထပ်ထပ် လေ့ကျင့်ပါရန် တိုက်တွန်းအပ်ပါသည်။ သိရှိပြီးသည်များကို ထပ်မံပြောဆိုမိပါက ဆရာလုပ်သည်ဟု မယူဆစေလိုပါ။ 
                                                     ( ၁ )
 Zoom ကို မလိုအပ်ဘဲ မသုံးပါနှင့်။ မြင်ကွင်းတစ်ခုကို ရိုက်ကူးနေစဉ် အနီးအဝေး zoom ဆွဲခြင်းကို အတွေ.အကြုံနည်းသည့် ကင်မရာသမားများ မကြာခဏ ပြုလုပ်တတ်ကြသည်။ အထူးသဖြင့် လမ်းမကြီး၊ မော်တော်ကား၊ အိမ်၊ ဈေးဆိုင်ကဲ့သို.သော ငြိမ်သက်နေသည့် အရာဝတ္ထုများကို ရိုက်ကူးပါက ကင်မရာကို ရွှေ.ခြင်း zoom ကစားခြင်းတို.ကို ပြုလုပ်တတ်သည်။ ဗီဒီယိုသည် ဓာတ်ပုံမဟုတ် လှုပ်ရှားမှု ပါရမည်ဆိုသည့် psycho ကြောင့်ဖြစ်သည်။ မလိုအပ်ပါ။ ရုပ်မြင်သံကြားမှ သတင်းများကို လေ့လာပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာဘောင် အတွင်းမှ subject များကသာ လှုပ်ရှားနေသည်ကို တွေ.ရပါလိမ့်မည်။ မလိုပဲ zoom အသုံးပြုပါက ပြန်ကြည့်သောအခါ ပြလိုသော အရုပ်ကို ပရိသတ်က သေချာမမြင်ဘဲ ရှိတတ်သည်။ ထို.အပြင် zoom အသုံးပြုသော အချိန်များတွင် လက်လှုပ်ရှားမှုကြောင့် ကင်မရာ မငြိမ်ဘဲ အရုပ်များပါ လှုပ်နေပြီး ကြည့်သူကို ခေါင်းမူးစေတတ်သည်။ 

                                                      ( ၂ )
ရိုက်ချက်များ မတိုလွန်းပါစေနှင့်။ မြင်ကွင်းတစ်ခုကို ရိုက်ကူးပါက အစမှအဆုံး အနည်းဆုံး ၁၀ စက္ကန်. ကင်မရာကို ငြိမ်ထားပါ။ အချို.အခြေအနေများတွင် ရိုက်ချက်တစ်ခုအတွက် ၅ စက္ကန်.လည်း လက်ခံနိုင်ပါသည်။ သို.သော် တစ်စုံတစ်ယောက်က မိမိပြုလုပ်သော သတင်းနှင့် သက်ဆိုင်သော အကြောင်းအရာကို ပြောဆိုနေသည့် အချိန်တွင် အဆိုပါ ပုဂ္ဂိုလ်၏ စကား အစအဆုံး ရရှိရန်လိုသည်။ ကျနော့် Subject များ၏ အလွန်တန်ဖိုးရှိသော တိုက်ရိုက်ပြောစကားများ တစ်ဝက်တစ်ပျက် ဖြစ်နေသောကြောင့် သုံးမရသောအခါ နောင်တနှင့် ရင်နာရဖူးသည်။ နောက်တစ်ချက်မှာ ၅ စက္ကန်.ထက်နည်းပြီး အချိန်တိုလွန်းပါက MTV ပုံစံ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသောကြေင့် ပရိသတ်က ဘာကြည့်ရမှန်းမသိ ဖြစ်တတ်သည်။ ကျန်အချက်များသည် နံပါတ် (၁) ပါ အချက်များနှင့် အတူတူပင် ဖြစ်သည်။ 

                                                   ( ၃ )
ကင်မရာကို တတ်နိုင်သမျှ ရွေ.လျှားမှု မလုပ်ပါနှင့်။ နိုင်ငံတကာသတင်းများကို လေ့လာကြည့်ပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာအတွင်းမှ အရုပ်များကသာ ရွေ.လျှားနေသည်ကိုသာ အများဆုံး တွေ.ရပါလိမ့်မည်။ ရုပ်မြင်သံကြားကို ဓာတ်ပုံရိုက်သလိုသာ သဘောထားပြီး ရိုက်ရပါမည်။ လက်ငြိမ်ငြိမ်ထားသင့်သည်။ 

                                                   ( ၄)
မလိုအပ်သော အသံများ မပါဝင်စေရန် ဂရုပြုပါ။ အဖော်ပါလာသည့် ဘေးမှလူက စကားပြောနေခြင်း၊ မိမိကပြောခြင်းမျိုးကို ရှောင်သင့်ပါသည်။ မလိုလားအပ် သည့် အသံများသည် မိမိတင်ပြလိုသည့် သတင်းအပေါ် ပရိသတ်၏ အာရုံဝင်စားမှုကို ကျဆင်းစေပါသည်။ 

                                                    ( ၅ )
အင်တာဗျုး မိမိမေးခွန်းကို ဖယ်ထုတ်လိုက်သော်လည်း အဖြေချည်းသက်သက် အဓိပ္ပါယ်ထွက်စေရပါမည်။ ပရိသတ်က မေးခွန်းကို ဖယ်လိုက်ပြီး အဖြေကိုသာ နားထောင်ပါက နားလည်နိုင်ရမည်။ အင်း (သို.မဟုတ်) ဟုတ်ကဲ့ စသော ထောက်ပေးခြင်းကို ရှောင်ပါ။ မိမိအသံက နှောက်ယှက်နေတတ်သည်။ ဆက်ပြောစေလိုပါက ပြုံးပြီး ခေါင်းညိတ် ပြခြင်းသည် ဟုတ်ကဲ့/အင်း ပြောခြင်းထက် ရုပ်သံအတွက် ပိုမိုအန္တရာယ်ကင်းစေပါသည်။ 

                                                    ( ၆ ) 
ကြားအရုပ်များ ရအောင် ရိုက်ကူးပါ။ Cut Away ဟု ခေါ်ပါသည်။ မိမိတင်ပြလိုသည့် အကြောင်းအရာနှင့် ပက်သတ်သည့် အရုပ်မှန်သမျှအပြင် အင်တာဗျုးတွင် ဖြေဆိုသွားသည့် အကြောင်းအရာများနှင့် ပက်သတ်သည်များကို ရသရွေ. ရိုက်ကူးသင့်ပါသည်။ ကြံ့ဖွတ်ပါတီမှ မဲဆွယ်ခြင်းနှင့် ပက်သတ်သည့် သတင်းတွင် ကြံ့ဖွတ်ပါတီက ခင်းထားသော လမ်းများကို ရိုက်ကူးခြင်းမျိုး ဖြစ်သည်။ မည်သည့်အရုပ်ကို ရိုက်ကူးမည်ဆိုသည်မှာမူ တင်ပြသူ၏ စိတ်ကူးနှင့် အတွေးပေါ် တွင် မူတည်ပါသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ.ရက်ကို အစိုးရက ကြေငြာလိုက်သည်ဟူသော သတင်းမျိုး တွင် မနက်စောစော သတင်းစာ ထိုင်ဖတ်နေသော လူတစ်ဦး လူတစ်စုကို ရိုက်ပြီး cut away အဖြစ် သုံးနိုင်သည် ကို တွေးရပါမည်။ 

                                                      ( ၇ ) 
အဓိက ပုဂ္ဂိုလ်များ ပါအောင် ရိုက်ကူးရမည်။ ရေဘေးဒုက္ခသည်များကို ဆရာတော်ကြီးက ကူညီသော သတင်းတွင် ဆရာတော်ကြီးပုံ မပါပါက အရုပ် အားမကောင်းပါ။ ခိုင်မာမှု အားနည်းသွားပါသည်။ စစ်သားက လူငယ်နှစ်ဦးကို ပစ်သတ်သော သတင်းတွင် လူငယ်နှစ်ဦး၏ မိဘများကဲ့သို.သော အရင်းနှီးဆုံး ဆွေမျိုးများကို ဖော်ပြနိုင်ပါက သတင်းပိုမို အားကောင်းသော သဘောဖြစ်သည်။ ရိုက်ချက်များ (Shots) အခြေအနေ ပေးပါက အဓိက ရိုက်ချက်ငါးမျိုး ပါဝင်အောင် ရိုက်ကူးပါ။ စာတစ်ပုဒ် ဖြစ်ပေါ်လာရန် စာလုံးများစွာ စုစည်းရသကဲ့သို. အဓိပ္ပါယ်ရှိသော ဗီဒီယိုမှတ်တမ်းတစ်ခု ဖြစ်ပေါ်လာရန် ရိုက်ချက်များစွာ စုစည်းရပါသည်။ အစ အလယ် အဆုံး ပါဝင်ရန် လိုအပ်သည့်အတွက် ရိုက်ချက်များ စုံလင်လေ သတင်းကို စိတ်ကြိုက် ပုံဖော်နိုင်လေ ဖြစ်ပါသည်။ အောက်တွင် အဓိက ရိုက်ချက် ငါးမျိုးကို ဖော်ပြထားပါသည်။ ရုပ်ထွေးမှုများ မရှိစေရန်နှင့် အင်တာနက်တွင် ဆက်လက်လေ့လာနိုင်ရန် မူရင်း အခေါ်အဝေါ်များအတိုင်း ဖော်ပြထားပါသည်။ 

Establishing Shot 
သတင်းတစ်ပုဒ်တွင် Who What When Where Why and How ဟူသည့် “ဘ” ခြောက်လုံး ပါဝင်သည်ကို အများအားဖြင့် သိရှိကြပါသည်။ Establishing Shot သည် နေရာ၊ အချိန်၊ မည်သည့် အနေအထား စသည်ကို ပရိသတ်အား အသိပေးသော shot ဖြစ်သည်။ မြင်ကွင်းကျယ်ကျယ်တွင် ပတ်ဝန်းကျင်မှ အားလုံး ၀ါဝင်သည်။ 

Wide Shot 
မိမိရိုက်ကူးသော subject ကို အားလုံးဖော်ပြပြီး ခြေဆုံးခေါင်းဆုံး ရိုက်ကူးသော ရိုက်ချက်ဖြစ်သည်။ မည်သူ၏ သတင်း၊ မည်သည့်အကြောင်းအရာ၏ သတင်း ဆိုသည်ကို ပရိသတ်ကို မိတ်ဆက်သော ရိုက်ချက်လည်း ဖြစ်ပါသည်။ 

Medium Shot / Mid Shot 
ခါးတစ်ပိုင်း ရိုက်ချက်များအားလုံး ပါဝင်သည်။ 

Close Up Passport 
ဓာတ်ပုံ အရွယ်အစားကို မှတ်ထားပါ။ ၄င်းသည် Close Up Shot နှင့် အနီးစပ်ဆုံး ဖြစ်သည်။ လူ၏ စိတ်ခံစားမှုများကို ဖော်ပြရန်သုံးသည်။ ငိုနေခြင်း၊ ဒေါသထွက်နေခြင်း၊ စိတ်ပျက်နေခြင်း၊ တက်ကြွခြင်း၊ ပျော်ရွှင်ခြင်း စသည့် message များကို Close Up ဖြင့် ပြပါက ပိုမိုထိရောက်ပါသည်။ 

Extreme Close Up 
မြန်မာပြည်တွင်း အနေအထားတွင် များသောအားဖြင့် ရိုက်ကူးရန် ခက်ခဲလေ့ရှိသည်။ သို.သော် ပရိသတ်ကို ဖမ်းစားနိုင်သည့် ရိုက်ချက်များသည် Extreme Close Up များ ဖြစ်ကြပါသည်။ ဥပမာ ဖရဲသီးရောင်းသူတစ်ဦးကို ရိုက်ကူးပါက ဖရဲသီးလှီးလိုက်ပုံ အနီးကပ်၊ တယ်လီဖုန်းဆက်နေပုံကို ရိုက်ကူးပါက ဖုန်းနံပါတ်ကို နှိပ်နေသော လက်ချောင်းလေး၏ အနီးကပ်၊ ဘဏ်တစ်ခုကို ရိုက်ကူးပါက ငွေရေစက်တွင်း၌ တစ်ဖြတ်ဖြတ် လှုပ်ရှားနေသော ငွေစက္ကူများ၏ အနီးကပ် စသည့် အလားတူ အရုပ်များကို ဆိုလိုပါသည်။ ငိုနေသော အမျိုးသမီးကို ရိုက်ကူးပါက မျက်ရည် စီးကျနေသော မျက်လုံး ပါးပြင် စသည်တို.ကို ရိုက်ကူးနိုင်ပါသည်။ ကင်မရာကို မလှုပ်မရှား မိနစ်ပေါင်းများစွာ ဖွင့်ထားပြီး တောက်လျှောက် ပြနေခြင်းထက် ယခုကဲ့သို. မတူညီ သော ရိုက်ချက်များကို အမျိုးမျိုး ဖန်တီးပြီး ပြောင်းလဲပြခြင်းက ပရိသတ်ကို ပိုမို စိတ်ဝင်စားစေပါသည်။ (အခြား) Over the Shoulder တစ်စုံတစ်ရာ လုပ်ကိုင်နေသူ၏ ပခုံးပေါ်မှ ကျော်လွှားပြီး ၄င်းလုပ်ကိုင်နေသော အလုပ်ကို ပြသခြင်းဖြစ်သည်။ နမူနာပုံကို ကြည့်ပါ။ 

Negative Space 
နမူနာပုံကို ကြည့်ပါ။ 
Psychological Space / Opening နမူနာပုံကို ကြည့်ပါ။ 

အားလုံး ဘေးကင်းကြပါစေ။ လွတ်လပ်အေးချမ်းကြပါစေ။ 
ကျော်ဇွ

0 comments:

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More