Friday, November 12, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့(သတင်းတိုများ)


video by mizzimanews
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ပြောဆိုမှုများရှိနေသော်လည်း ယနေ့ လွတ်မြောက်ရန် မသေချာကြောင်း NLD ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုသည်။ NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနေသည့် လူအုပ်ကြီးမှာ များပြား လာ သည့်အတွက် ရုံးကိုလည်း ပိတ်ခဲ့ရကြောင်း၊ ယင်း လူအုပ်သည် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့သို့ သွားရောက် စောင့်မျှော်နေကြောင်း သိရသည်။“မနက်ကျမှ လာ၊ ရုံးကိုလည်း စောစောဖွင့်မယ် ပြောထားတယ်”ဟု ဦးတင်ဦး ကပြောဆိုကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြမယ့် ပြည်သူတွေ
ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်ဆိုင်းနေသည့် ပရိသတ်ကြီးကို လူစုခွဲပြီး မိမိတို့ နေအိမ်များသို့ ပြန်ရန်နှင့် နောက်တနေ့မှလာရောက်ကြရန် NLD က မေတ္တရပ်ခံသည်ဟု သတင်းရသည်။ ရုံးရှေ့တွင် လူအုပ် ကြီးမှာ များပြားပြီး ကားများ သွားလာရန်ပင် ခက်ခဲသည့်အတွက် လမ်းရှင်းပေးနေရကြောင်း သိရသည်။

ဒေါ်စု ဒီနေ့ ရုံးလာရောက်ဖွယ်မရှိဟု အန်အယ်ဒီပြော
“တကယ်လို့ လွတ်လာရင်လည်း အခုချိန်ကျမှ ရုံးကိုလာဖို့ မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် မနက်ကျမှပဲ ရုံးလာဖို့ စီစဉ်မှာပါ။ မနက်ဖြန်ကျမှပဲ ပြန်လာဖို့ လာတဲ့သူတွေကို ပြောလိုက်ရတယ်။ အခု အခြေအနေထိတော့ မလွတ်လာသေးဘူးလို့ ပြောလို့ရမယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More