Monday, November 29, 2010
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၂)
ရေးသားသူ ထွန်းအောင်ကျော်
ပထမပိုင်းတွင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ရှိသည့် အတားအဆီး (၃) ရပ်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအတားအဆီး (၃) ရပ်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးမည်သို့၊ မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဉာဏ်မီသလောက် တင်ပြ ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုသို့တင်ပြ ဆွေးနွေးရာတွင် ကျွန်တော့်၏ စိတ်ထဲတွင် မြန်မာပြည်ဖွါး တိုင်းရင်းသား ပြည်သူများအားလုံး-
(၁) လွတ်လပ်သော လူသားများအဖြစ် ပျော်ရွှင်ချမ်းမြေ့ လူပီသစွာနေထိုင်နိုင်ရေး။
(၂) လူ့အခွင့်အရေး တန်းတူညီမျှ ရရှိရေး။
(၃) စည်းလုံးညီညွတ်သော ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်ရေးဟူသော စစ်မှန် သည့် စေတနာ အမြင်ဖြင့် တင်ပြခြင်းဖြစ်ကြောင်း စကားပလ္လင်ခံပါရစေ။ ထို့ကြောင့် ကျွန် တော်ရေးသားတင်ပြချက်များကို လူမျိုးကြီး စိတ်ဓာတ်ရှိသော ဗမာလူမျိုးများနှင့် ကျဉ်းမြောင်း သော လူမျိုးရေးစိတ်ဓာတ်ရှိသည့် တိုင်းရင်းသားတို့က လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ပြည်သူတို့ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်တွင်းတွင် တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော၊ တစည်းတလုံးသော ဖယ်ဒရယ်စစ်စစ်ကို လိုလား သည့် မည်သည့်တိုင်းရင်းသားခေါင်းဆောင်မဆို ကျွန်ုပ်၏ တင်ပြဆွေးနွေးချက်ကို မူအားဖြင့် လက်ခံနိုင်လိမ့်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ဖယ်ဒရယ်ဆိုလျှင် မထိနဲ့ မကိုင်နဲ့ဟု မိမိပြောမှားဆိုမှားဖြစ်ခဲ့လျှင် နိုင်ငံရေးသေသွားမည်ဆိုသည့် အတွေးဖြင့် ယနေ့နိုင်ငံရေးသမား တော်တော်များများနှင့် ခေတ်ဟောင်းနိုင်ငံရေးသမားကြီးတို့က လက်ရှောင်ခဲ့ကြပေသည်။
ကျွန်တော့အမြင်သည် အကယ်၍ ကျွန်တော်တို့က လက်ရှောင်နေသော ကိစ္စကို ထိုအတိုင်း လွှတ်ထားပါက ထိုလိပ်ခဲတင်းလင်းဖြစ်နေသော ကိစ္စကို စစ်အာဏာရှင်တို့က အသုံးချ၍ “တိုင်းပြည်ပြိုကွဲမည့် အရေးကြောင့်” တပ်မတော်ကို တိုးချဲ့နေရပါသည်ဟု အကြောင်းပြချက်ဖြင့် တောင်တန်းပြည်မမကျန် စစ်အာဏာဖြင့် ဆက်လက်နှိပ်ကွပ် နေမည် သာဖြစ်သဖြင့် ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု ဆိုသောစိတ်ဓာတ်ဖြင့် မိမိ၏ အမြင်ကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ပထမဆင့် ဗမာမုန်းတီးရေးစိတ်ကို ချေဖျက်ခြင်း
ဗမာမုန်းတီးရေးစိတ်ကို ခြေဖျက်လိုလျှင် တိုင်းရင်းသားများဖက်မှ ၎င်းတို့ကို ဖိနှိပ်သတ် ဖြတ်နေသော ရင်းမြစ်ကို သိမြင်ဘို့လိုသည်။ ၎င်းတို့နှင့် ဗမာတိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်နေသည့် စစ်အာဏာရှင်စံနစ်ကို မြင်မှသာ ဗမာမုန်းတီးရေးစိတ်မှ ဗမာများနှင့် အကျိုးတူပူးပေါင်း၍ စံနစ်ဆိုးကို အတူတကွ တိုက်ထုတ်ပစ်မှသာ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော သာတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ပန်းတိုင်ကို အဖိနှိပ်ခံပြည်သူများ၏ စုပေါင်းအားဖြင့် တည်ဆောက် နိုင်မည်ဖြစ်သည်။ ၎င်းနည်းတူ ဗမာလူမျိုးများကလည်း စစ်အာဏာရှင်စံနစ်သည် တတိုင်းပြည် လုံးကို ဗမာမှုပြုခြင်း (Burmanization) သည် အားကျစရာ၊ သဘောတူစရာ လုပ်ရပ်မဟုတ်၊ အလွန်ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ တနည်း မဟာဗမာဝါဒဖြစ်သည်။ ၎င်းဝါဒသည် မြန်မာနိုင်ငံကြီးကို အင်အားတောင့်တင်းသည့် ဗမာနိုင်ငံတော်ကြီးအဖြစ်သို့ တွန်းမပို့ဘဲ ပြည်တွင်းစစ် သံသရာ၌ တ၀ဲလည်လည်ဖြစ်နေမည့် ၀ါဒဖြစ်သည်။ ထိုအခါ ညီနောင် တိုင်းရင်းသားများ၏ တန်ဘိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့် တိုင်းရင်းစာပေ၊ စကား၊ ယဉ်ကျေးမှုများကို ပြုစုပျိုးထောင်ပေးခြင်း၊ မြေတောင်မြှောက်၍ အရှည်တည်တံ့အောင် တန်ဘိုးထား အားပေးခြင်း၊ ကာကွယ်စောင့်ခြင်းတို့ကို ယုံယုံကြည်ကြည် အားတက်သရောဖြင့် ရိုးသားစွာ ပြုကြဘို့ လိုအပ်ပေသည်။
                                                Kroch Library
ဥပမာ- ကော်နဲမ်တက္ကသိုလ် (Cornell University) သည် အရှေ့တောင်အာရှ ဒေသနိုင်ငံ များ၏ စာပေများကို အဓိကစုဆောင်း မှတ်တမ်းတင်သည့် စာကြည့်တိုက်များထားရှိသည်။ Kroch Library သည် အရှေ့တောင်အာရှနှင့် အရှေ့အာရှစာပေများကို အထူးသိုလှောင် ထားသော စာကြည့်တိုက်ကြီးဖြစ်သည်။ ပေါပေါ့ခမာနီများ ကမ္ဘောဒီယားနိုင်ငံကို တိုက်ခိုက် အာဏာသိမ်းယူပြီးနောက် ရှေးဟောင်းအမွေအနှစ်စာပေယဉ်ကျေးမှုများကို ဖောက်ပြန်သော စာပေများအဖြစ် သတ်မှတ်၍ ကမ်းကုန်အောင် ဖျက်ဆီးပစ်ခဲ့သည်။ နောင်ဗီယက်နမ် ထောက်ခံမှုဖြင့် တက်လာသော ဟွန်ဆန်အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ်များ ခေါင်းပါးလျက်ရှိသည်ကို ပြန်လည်ပျိုးထောင်ရန် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်၍ ကော်နဲတက္ကသိုလ်စာကြည့်တိုက်မှ တန်ဖိုးထား ငွေကုန် ကြေးကျခံသိမ်းဆည်းထားသော စာပေများ အားလုံးကို ကူးယူနိုင်ခဲ့သဖြင့် ကမ္ဘောဒီးယား လူမျိုးတို့ မိမိစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ပြုစုထူထောင်နိုင်ခဲ့ပေသည်။
ဤအချက်က နိုင်ငံခြားတိုင်းပြည်တခုဖြစ်သည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၏ အမျှော်အမြင်ကြီးမားမှု၊ မိမိနှင့် ဘာသာမတူ လူမျိုးမတူသဖြင့် ဂရုစိုက်စရာမလိုဆိုသည့် စိတ်ထားမျိုးမရှိဘဲ၊ တိုင်းတပါးယဉ်ကျေးမှုပင် ဖြစ်လင့်ကစား တန်ဘိုးထားထိမ်းသိမ်းထား ကြသည်ကို လေးစားမိပါသည်။ မြန်မာနိုင်ငံတွင်မူ ဗမာစကားသာ သင်ယူရမည်၊ တိုင်းရင်း သားပြည်နယ်များတွင် တိုင်းရင်းသားများ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များ၌ တိုင်းရင်းသားစာပေကို သင်ကြားခွင့်မရှိ ပိတ်ပင်ထားခဲ့သည့် ကျဉ်းမြောင်းသည့် လူမျိုးကြီး ၀ါဒကို ကျင့်သုံးလျက်ရှိသည်ကို ၀မ်းနည်းစွာတွေ့နေရသည်။
မြန်မာပြည်ပညာရေးစံနစ်သစ်
မြန်မာပြည်ပညာရေးစံနစ်သစ်တွင် တိုင်းရင်းသားပြည်နယ်များတွင် မူလတန်းမှ စ၍ တက္ကသိုလ်ဝင်တန်းအထိ မိမိလူမျိုးစာပေကို သင်ကြားခွင့်ရှိစေရမည်၊ ထို့အပြင် မြန်မာစာပေ ကိုလည်း သင်ယူရမည်၊ အင်္ဂလိပ်စာကိုလည်း သင်ယူရမည်။ တိုင်းရင်းသားစာပေ သင်ယူရ ခြင်းမှာ ကိုယ့်ဘာသာယဉ်ကျေးမှုကို ထိမ်းသိမ်းရန်အတွက် ဖြစ်ပြီး၊ မြန်မာစာပေကို သင်ယူရ ခြင်းမှာ ပြည်တွင်း၌ အခြားလူမျိုးစုများအားလုံးနှင့် ဆက်သွယ်ရန် Internal Communication အတွက် ဖြစ်သည်။ 
အင်္ဂလိပ်စာပေသင်ယူရခြင်းမှာ ကမ္ဘာနှင့် ဆက်သွယ် နိုင်ရန်ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ပိုင်း ၀ဒေသ၊ လာရှိုးအထိ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ မြန်မာစကားထက် တရုတ်စကားကို အများသုံးဘာသာ စကားအဖြစ် ပြောဆိုနေ ကြပြီဖြစ်သည်။ ထိုဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးမားလာနေပြီဖြစ်ကြောင်း ဤအချက်က ထင်ရှားသဖြင့် အထူးသတိထားကြရန်လိုပေသည်။ ထို့အတူ ပြည်မရှိ တိုင်းများတွင်လည်း ကျောင်းများ၌ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာတခုခုကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းရမည်။ ထိုအခါ ဗမာစကားပြောကျောင်းသားများ တိုင်းရင်းသားဘာသာ တတ်လာ သဖြင့် ညီနောင်တိုင်းရင်းသားများ၏ ဘာသာယဉ်ကျေးမှုတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ လိုက်စားသူများ ပေါ်ပေါက်လာပြီး၊ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကိုလည်း တန်ဘိုးထားသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားများ သည်လည်း ဗမာစကားတတ်ကြွမ်းသဖြင့် မိမိပြည်နယ်မှ အခြားပြည်နယ်များကို အလည်သွား ရောက်သည်ဖြစ်စေ၊ အခြေချ ပြောင်းရွေ့နေထိုင်သည်ဖြစ်စေ ဗမာစကားဖြင့် ပြောဆိုဆက်ဆံ နိုင်မည်ဖြစ်သလို၊ တိုင်းရင်းသား ဘာသာဆရာများလည်း ပြည်မတွင် အလုပ်အကိုင်များ ရရှိပွင့်လန်းလာပြီး အပြန်အလှန် လေးစားမှု၊ တဦးယဉ်ကျေးမှု ဓလေ့ထုံးစံကို တဦးက နား လည်မှု၊ တန်ဘိုးထားမှုတို့ ပေါ်ပေါက်လာပေလိမ့်မည်။
ဖို့ဒ်ဝိန်းမြို့တွင် နှစ်အတန်ကြာက ၎င်းအတွေးအခေါ်ကို ဆွေးနွေးတင်ပြသည့်အခါ တိုင်းရင်းသားများလည်း တက်ရောက်ဆွေးနွေးကြပြီး၊ ထိုအထဲမှ ရှမ်းအမျိုးသမီးတဦး (ဒေါက်တာသောင်းထွန်း၏ ဇနီး) က သူမအနေနှင့် ရှမ်းပြည်တွင် ဗမာစကားသင်ကြားရန် မဖြစ်နိုင်ကြောင်း ရှမ်းပြည်တွင် ရှမ်းစကားသာ သင်ရမည်ဖြစ်ကြောင်း ကန့်ကွက် ပြောဆို ခဲ့ပါသည်။ သူမက ထိုသို့ ကန့်ကွက်ခြင်းကို ဗမာစကားနှင့် ပြောဆိုကန့်ကွက်ခဲ့ခြင်းအပေါ် ကျွန်ုပ်က သူမပြောဆိုသည့် စကားမှ-
(၁) ဗမာစကားဖြစ်ခြင်း
(၂) ဗမာစကားနှင့် ပြောဆိုခြင်းကို တက်ရောက်သူများတွင် ရှမ်း၊ ကရင်၊ ကချင်၊ မွန်တိုင်းရင်း သားများ ပါဝင်နေခြင်း။ ထိုတိုင်းရင်းသားများ သူမပြောသမျှကို နားလည်သည်မှာ ၎င်းတို့ အားလုံး ဗမာစကားကို ကျွမ်းကျင်စွာတတ်ကြွမ်းခြင်းကြောင့်ဖြစ်ကြောင်း၊ ဗမာစကားသည် အများသုံးစကား နိုင်ငံသုံးစကားဖြစ်ကြောင်း၊ သူမအနေနှင့် ရှမ်းစကားဖြင့် ပြောဆိုပါက ရှမ်းများမှ လွဲ၍ ကျန်လူများ နားလည်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ ထို့ပြင် သူမအနေနှင့် ဗမာစကားကို သင်ကြားတတ်မြောက်ထားပြီး အခြားရှမ်းပြည်သူများကို သင်ရန်မလို ဆိုသည် မှာလည်း အဓိပ္ပါယ်မရှိကြောင်း ထောက်ပြခဲ့ပါသည်။
မွန်ကိုယ်စားလှယ်များက ကျွန်ုပ်၏ တင်ပြမှုကို လက်ခံပြီး မေးခွန်းတခုထုတ်ခဲ့ပါသည်။ ၎င်းမေးသောမေးခွန်းမှာ မြန်မာလို့ခေါ်ခေါ် ဗမာလို့ခေါ်ခေါ် ကျွန်ုပ်တို့ နိုင်ငံသည် ဗမာလူမျိုးကို ကိုယ်စားပြုပြီး ပေးထားသလို ဖြစ်နေသည့်အတွက် ၎င်းအနေနှင့် မြန်မာနိုင်ငံသို့မဟုတ် ဗမာနိုင်ငံဟူသော အသုံးအနှုန်းကို နိုင်ငံတခုအမည်ဖြင့် လက်မခံနိုင်ပါဟု တင်ပြဆွေးနွေး သွားပါသည်။
သူ့တင်ပြချက်ကို ကျွန်ုပ်၏ ကိုယ်ပိုင်တဦးတယောက်အနေနှင့် လက်ခံပါသည်။ ဟုတ် ပါသည်။ မြန်မာနိုင်ငံဟုခေါ်ခေါ် ဗမာနိုင်ငံဟုခေါ်ခေါ် ၎င်းအမည်သည် ဗမာလူမျိုးကို ကိုယ်စား ပြုနေယောင်ရှိပါသည်။ ထို့ကြောင့် ခင်ဗျားမှာကော ဒီနံမည်မကြိုက်ရင် ဘယ်လို စဉ်းစား ထားတာ ရှိသလဲဟု မေးခဲ့သည့်အခါ ထိုပုဂ္ဂိုလ်က သူတွင်လည်း မစဉ်းစားရသေးကြောင်း သို့ရာတွင် လက်ရှိအမည်ကိုမူ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဟု ခံစားရပြီး ဗမာလူမျိုး ကိုသာ ကိုယ်စားပြုနေသည်ဟု တင်ပြခဲ့ပါသည်။
ထွန်းအောင်ကျော်
တတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
ဓါတ်ပုံတွေအားလုံးကို google မှ ရယူသည်။
ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း အပိုင်း (၁)
ရေးသားသူ ထွန်းအောင်ကျော်
နောက်ခံသမိုင်း
မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
                         သျှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစနစ် အုပ်ချုပ်ပုံမဟုတ်ဘဲ တပြည်ထောင်စနစ်သာ ဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းလက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO) Karen National Deface Organization က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစနိုင်ငံ သည် ပြည်တွင်းစစ်မီးများကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာခဲ့ရသည်။ တပ်မတော်ဗိုလ်ချုပ်ကြီး နေ၀င်းကို အားကိုးလာခဲ့ကြသည်။
                                တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တဲ့ ဦးနေ၀င်း
ပြည်တွင်းစစ်ဖြစ်ရခြင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင်နိုင်ငံထူထောင်လိုခြင်းနှင့် အုပ်ချုပ်နေသော အစိုးရမှ စစ်မှန်သော ဖယ်ဒရယ်အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျသုံးသပ်နိုင် ပါသည်။ လက်ဝဲ လက်ယာနိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်လိုရာဆွဲရေးသည့် သမိုင်းက လည်းရှိသဖြင့် အဓိက ပြည်တွင်းစစ်ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းဖြစ် ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံညီလာခံတွင် ပါသည့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုသည့် စာပိုဒ်သည် အဓိကအကြောင်းအရာ ဖြစ်နေသည်ဟုထင်သည်။ မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေး နှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀) နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိစေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းက ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ် ထားခြင်းကြောင့် အကယ်၍ ဤအချက်ကို လက်မခံပါက တိုင်းရင်းခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အတွက် လက်မှတ်ရေးထိုးပေးခဲ့ သည်ဟု ယူဆရသည်။
                              ပင်လုံမှာ လက်မှတ်ရေးထိုးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း
တချို့သော လက်ဝဲနိုင်ငံရေးသမားများက “အောင်ဆန်းအသုံးမကျလို့ လက်မှတ်ထိုး ခဲ့တာ၊ အောင်ဆန်းဟာတရားခံ” ဟု စွပ်စွဲခဲ့ကြသည်။ ထိုစဉ်က ခွဲထွက်ပိုင်ခွင့်ကို ဗိုလ်ချုပ် အောင်ဆန်းက လက်မှတ်မထိုးခဲ့လျှင် မြန်မာရာဇ၀င်သည် တမျိုးတဖုံပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ လက်မှတ်မထိုးသဖြင့် သဘောတူညီချက်မရဘဲ တိုင်းရင်းသားများက ဗြိတိသျှ အင်ပါယာဓနသဟာယထဲတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပြည်မနှင့်သာ လွတ်လပ်ရေးရ လာစရာအကြောင်းရှိသည်။ ရှမ်းပြည်၊ ကယားပြည်၊ ချင်းပြည်၊ ကချင်ပြည်နယ်တို့ ဗြိတိသျှ လက်အောက်မှ မည်သည့်အခါတွင် လွတ်လပ်ရေးရမည် မပြောနိုင်သော်လည်း အကယ်၍ သီးခြားလွတ်လပ်ရေးရရှိပါကလည်း ရှမ်းပြည်သည် ပတ်လည်တွင် ကုန်းလမ်းပိတ် (Land Lock) နိုင်ငံအဖြစ်ပေါ်ထွက်လာပြီး ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ တို့ကို အားကိုးရမည့် အနေအထားဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှမ်းပြည်သည် ယိုးဒယား ပြည်နှင့် ပူးပေါင်းကောင်း ပူးပေါင်းသွားနိုင်ချေရှိသည်။ ဥပမာ SSA ခေါင်းဆောင် ခွန်ဆာ၏ ဋ္ဌာနချုပ်တွင် ထိုင်းဘုရင်နှင့် မိဖုရားဓါတ်ပုံကြီးများ ချိတ်ဆွဲထားပြီး ခွန်ဆာက ၎င်း၏ ဘုရင်နှင့် မိဖုရားဟု ဆိုခဲ့သည့် သာဓကရှိသည်။ သို့မဟုတ် နိုင်ငံကြီးဖြစ်သည့် ယိုးဒယားသို့မဟုတ် ဗမာက ၀င်ရောက်သိမ်းပိုက်နိုင်သည်။ ထို့အတူ ကချင်နိုင်ငံငယ်လေးသည်လည်း ရှမ်းအလား ကုန်းပိတ်နိုင်ငံဖြစ်၍ မြန်မာနှင့် တရုတ်ကို အားကိုရပေလိမ့်မည်။ တရုတ်က တိဗက်ပြည်ကို ၀င်သိမ်းသလို သိမ်းယူသွားနိုင်ချေရှိသလို မြန်မာနိုင်ငံကလည်း မိမိပိုင် နယ်မြေအဖြစ် တောင်းယူသိမ်းပိုက်ခံရဘွယ်လည်းရှိနိုင်သည်။ ထိုနည်းတူ ချင်းနိုင်ငံအဖြစ် ထွက်ပေါ်လာမည် ဆိုပါက ပြည်မကိုပင် အားကိုးရမည့်အသွင်ရှိသည်။ သို့မဟုတ် ကုလားနှင့် ပေါင်း၍ မီဇိုရမ် ပြည်နယ်ထဲတွင် ပါဝင်သွားနိုင်သည်။
ဗိုလ်ချုပ်အောင်ဆန်း အမျှော်အမြင်ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံ ဟူ၍ တိုင်းရင်းသားများအားလုံး စုစည်းထားသည့် အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည် ကိုးစားသည့် ပုဂ္ဂိုလ်ကို မသမာသူတစုက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် တိုင်းရင်းသား များ၏ ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးဆိုသည့် ကတိများကို နောင်တက်လာသည့် ခေါင်း ဆောင်များက ပျက်ကွက်ခဲ့ကြသည်။
ဝန်ကြီးချုပ်ဦးနုကို ၁၉၆၁ ခုနှစ် ဂျွန်လတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း၊ မွန်နှင့် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်သည့် တောင်ကြီးမြို့ ညီလာခံမှ အခြေခံဥပဒေပြင်ဆင်ရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် ဦးနုက ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ၌ ရန်ကုန်မြို့တွင် “အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်တော်များနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ၀န်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ဖွဲ့စည်းရေး၊ လွှတ်တော် (၂) ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက်ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျှောက်လွဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေး တို့ဖြစ်သည်။
၎င်းအကျိုးဆက်သည် နောက်တလအကြာ မတ်လ (၂) ရက်နေ့ ၁၉၆၂ နှစ်တွင် ဗိုလ်နေ၀င်းက တိုင်းပြည်ပြိုကွဲတော့မည်ဆိုသည့် အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်၊ အခြေဥပဒေကို သစ္စာဖေါက်ဖျက်၍ အာဏာသိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်စံနစ်ကို ထူထောင်ခဲ့လေသည်။
ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရင်ဆိုင်ရမည့် အတားအဆီးများ
(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။
(၂) မိမိလူမျိုးတမျိုးတည်းကိုသာ ကြည့်လုပ်ဆောင်ရွက်သော လုပ်ရပ်။
(၃) လူမျိုးကြီးဝါဒတည်ရှိနေမှု။
ဤသုံးချက်သည် ဖယ်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားကြီးများဖြစ်သည်။
(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။
တိုင်းရင်းသားများသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် မိမိတို့ အိုးအိမ်ပစ်၍လည်းကောင်း၊ သားမယားသေကြေပျက်စီး၍လည်းကောင်း၊ စစ်တပ်၏ ချောဆွဲ ပေါ်တာလိုက်ရ၍ လည်း ကောင်း၊ သားပျို သမီးပျိုများ ဖျက်ဆီးခံရ၍လည်းကောင်း စစ်တပ်ကို မုန်းတီးလာကြသည်။ ဗမာစစ်တပ်ဟူ၍ ဗမာလူမျိုးများကိုပါ မုန်းတီးနေကြသည်။ အမှန်စဉ်စစ် ဗမာလူမျိုးများလည်း တိုင်းရင်းသားပြည်သူများနည်းတူ စစ်အာဏာရှင်စံနစ်ဒါဏ်ကို ခံစားနေကြရသည်။ စစ်အာဏာ ရှင်တို့ကို တိုင်းရင်းသားများနည်းတူ တိုက်ပွဲဝင်နေကြသည်ကို နားလည်သဘောပေါက် လာလျှင် လူမျိုးရေးမုန်းတီးမှုကို ပြေပျောက်အောင် လုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ပြည်နယ်များရှိ တိုင်းရင်းသားများ အများစုမှာ ပြည်မသို့ မရောက်ဘူးကြသဖြင့် ပြည်မတွင်လည်း ပြည်နယ်များမှာကဲ့သို့ နှိပ်စက်ညှင်းပန်းမှုရှိကြောင်း မသိမြင်ကြသဖြင့်သာ ဗမာတပ်ဟူ၍ ဗမာလူမျိုးများကို မုန်းတီးနေကြခြင်းဖြစ်သည်။ ဗမာခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဋ္ဌေးကြွေ၊ မင်းဇေယျာတို့ ထောင်ထဲတွင် ဆယ်စုနှစ်၊ နှစ်ခုနေလျှက် တိုက်ပွဲဝင်နေကြခြင်းကို သိချင်မှ သိပေလိမ့်မည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့ကိုသာ သိရှိချင်သိရှိနေမည်ဖြစ်သည်။
အချုပ်မှာ လူမျိုးရေး မုန်းတီးမှုသည် ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် ကြီးမား သော အဟန့်အတားကြီးဖြစ်သည်။ စစ်အာဏာရှင်စံနစ်ကြောင့်သာ ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားများ အားလုံး ဒုက္ခဆင်းရဲခံနေရသည်ကို ရှင်းလင်းစွာ သိပြီး လူမျိုးရေးမုန်းတီး မှုမှာ မှားယွင်းကြောင်း သိမြင်လာဘို့ အဓိကလိုအပ်သည်။ လူမျိုးရေးမုန်းတီးမှုမရှိမှ၊ တွေ့ဆုံဆွေးနွေးသော အခါတွင် အလွယ်တကူ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
(၂) မိမိလူမျိုးတမျိုးတည်းအတွက်သာကြည့်ပြီး လုပ်ဆောင်နေသော လုပ်ရပ်။
တတိုင်းပြည်လုံးကို တပ်သားလေးသိန်းကျော်အင်အားဖြင့် ဖိနှိပ်ထားသော စစ်အာဏာ ရှင်စံနစ်ကို မိမိပြည်နယ်တခုတည်း လွတ်မြောက်ရေးအတွက် သက်သက်တိုက်ပွဲဝင်နေ မှုသည် “တောင်ကြီးဖြိုမဲ့ကြံ ခါးကမသန်” ဆိုသည့် ပမာဖြစ်နေသည်။ အဓိက တိုင်းရင်းသား ခေါင်းဆောင်များ မြင်ရမည်မှာ မြန်မာပြည်တပြည်လုံး လွတ်မြောက်မှ ငါတို့ပြည်နယ်ပါ လွတ်မြောက်မည် ထို့ကြောင့် တပြည်လုံးလွတ်မြောက်ရေးကို ငါတို့ ကြိုးစားရမည် ဆိုသည့် အမြင်ကို ထားရှိဘို့လိုသည်။ ထိုသို့ တပြည်နယ် လွတ်မြောက်ရေးထက် အရေးထက် တပြည် လုံးလွတ်မြောက်ရေးဆိုသည့် အမြင်သို့ ပြောင်းပစ်လိုက်ပါက တော်လှန်ရေး အောင်မြင်သော နေ့တွင် ထိုခေါင်းဆောင်များသည် ပြည်နယ်ခေါင်းဆောင်များဘ၀ သာမက တနိုင်ငံလုံး လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးသော အမျိုးသားခေါင်းဆောင်များဘ၀သို့ တက်လှမ်း ရောက်ရှိလာပေလိမ့်မည်။
(၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု။
နေ၀င်းလက်ထက်မှစ၍ ယနေ့သန်းရွှေလက်ထက်အထိ မြန်မာစစ်တပ်သည် လူမျိုး ကြီးဝါဒဖြင့် တိုင်းရင်းသားပြည်သူများကို မြန်မာမှု (Burmanization) ပြုခဲ့ကြခြင်းသည် တိုင်း ရင်းသားစည်းလုံး ညီညွတ်မှုကို ကြီးစွာသော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေများ သင်ကြားခွင့်ကို ပိတ်ပင်၍ မြန်မာစာကိုသာ သင်ကြားစေခြင်း တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းပေးခြင်းမပြုဘဲ မျက်ကွယ်ပြုခြင်းတို့သည် အလွန်ကျဉ်မြောင်းသည့် လူမျိုးကြီးဝါဒဖြစ်သည်။ အမေရိကန်၊ ဥရောပနိုင်များတွင် မူလတန်းအောင်ပြီး (၄- ၅) တန်း ရောက်လျှင် အင်္ဂလိပ်ဘာသာစကား အပြင် နိုင်ငံခြားဘာသာရပ်တခုခုကိုပါ တွဲယူရသည်။ နိုင်ငံခြားသား အခြေချသူများ ရောက်လာသည့်အခါတွင် စာသင်အရွယ် ခလေးသူငယ်များကို အင်္ဂလိပ်ဘာသာအပြင် မိမိ လူမျိုးဘာသာစကား မပျောက်ကွယ်ရအောင် စောင့်ရှောက်ကြဘို့ အားပေးခြင်း ကူညီခြင်းကို ပြုကြသည်။ တိုင်းတပါး ဘာသာစကား၏ တန်ဘိုးကို လေးစားကြသည်။ အမျှော်အမြင် ကြီးကြသည်။ ငါ့ဘာသာစကားပဲ သင်ရမည်မရှိ။ ဘာသာစကားနှင့် ပတ်သက်၍ နောက်တွင် အကျယ်ဆွေးနွေးတင်ပြသွားပါမည်။
ပထမပိုင်းပြီး၏။
ထွန်းအောင်ကျော်
Sunday, November 28, 2010
ကရင်နီတပ်တွေနဲ့ နအဖတိုက်ပွဲသတင်းဗွီဒီယို
ကရင်နီတပ်တွေနဲ့ နအဖသောင်းကျန်းသူတွေရဲ့ တိုက်ပွဲ ဗွီဒီယိုပါ၊ လွတ်လပ်ခြင်းတရားမျှတခြင်းတွေနဲ့ မွေးရာပါလူ့အခွင့်အရေးတွေ အပြင် အဖိနှိပ်ခံတိုင်းရင်းသားတွေရဲ့ ထိရင်ကြွတတ်ကြတဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တွေ အတုယူမွေးမြူကြစို့၊ ”ရရင်ရ မရရင်ချ”ပါးစပ်က အော်နေရုံနဲ့ မပြီးဘူး တိုက်ပွဲဝင်ကြပါ၊ တိုက်ပွဲဝင်နေသူတွေကို တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ကြပါ၊။
ဒုတိယပင်လုံညီလာခံအတွက် ပြောကြားသွားတဲ့ ဒေါ်အောင်ဆန်ဒစုကြည် မိန့်ခွန်းစုစည်းမှူ
ဒုတိယ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားတဲ့ မိန့်ခွန်းကို တင်ပြပေးထားတယ်။
second pin lon_ dassk -
တိုင်းရင်းသားများကိုစစ်ဆင်ရန်ကိစ္စ -( တပ်မတော်လျှို့ဝှက်အတွင်းစာ)
than shwe order -
Saturday, November 27, 2010
ကုလကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နိုဝင်ဘာလ ၂၇ ရက်နေ့က သွားရောက်တွေ့ဆုံ ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကို တော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ခံတွေ့ဆုံခဲ့သည်။
သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ မစ္စတာ နမ်ဘီယာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အထွေထွေ အတွင်းရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်
နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့နေခြင်းဖြစ်သည်။
ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရလက်ထက်တွင် ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ထိပ်သီးပိုင်း ရာထူးများအတွင်း အာဏာပြိုင်ဆိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။
စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို နေပြည်တော်သို့ ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးစေမည်ဟု ယခုနှစ်အတွင်း ကောလာဟလသတင်းများ ထွက်ပေါ်ဖူးသည်။
ရဲချုပ်ခင်ရီက ဦးခင်ညွန့်ကို အလေးပြုနေဆဲဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ဦးခင်ညွန့်က ၎င်း၏ အိမ်ရှေ့တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ပြီး ရဲချုပ်နှင့် မိနစ်အနည်းငယ်ခန့် ဆွေးနွေးကြသည်။ ရဲချုပ် ခင်ရီက ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို တစုံတခု ရှင်းပြပြောဆိုပြီးနောက် ၎င်းတို့ ဇနီးမောင်နှံက မြေးဖြစ်သူများကို နှုတ်ဆက်ကြောင်း တွေ့ရသည်။
ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူကို နေရာမှန်းဆ၍ မရသော နေရာတနေရာသို့ ခေါ်ဆောင်သွားပြီး ဦးခင်ညွန့်က ရဲချုပ်ခင်ရီနှင့် အဖွဲ့ကို တစုံတရာ ပြောဆိုနေကြောင်း တွေ့ရသည်။ နောက်ခံအနေအထားအရ ဦးခင်ညွန့်၏ နဂိုမူလ နေထိုင်သည့်အိမ် မဟုတ်ကြောင်း ခန့်မှန်းရသည်။
စစ်တပ်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက “ဒါက ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ ရာထူးက ဖယ်ရှားခံထားရတဲ့ သူတယောက်ကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိက ဘယ်တော့မှ အလေးပြုလေ့မရှိဘူး” ဟု ဆိုသည်။
အမေရိကန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “အရာရှိကြီးတွေနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ဦးခင်ညွန့်ကို သိပ်မကြာသေးခင်ကပဲ တပ်မတော် ဧည့်ဂေဟာကို ခေါ်သွားဟန်တူပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
ယခုကဲ့သို့ ဗီဒီယိုဖိုင် ပျံ့နှံ့နေရခြင်း အကြောင်းအရင်းကို မည်သူကမှ အတိအကျ မသိရှိဘဲ မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်လာသည်။
စစ်တပ် အသိုင်းအဝိုင်းကမူ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ နေ့ကတည်းကပင် ဦးခင်ညွန့်ကို လွှတ်ပေးခဲ့သည် ဟုလည်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
ဦးခင်ညွန့်ကို စတင်ထိန်းသိမ်းခဲ့ချိန်မှ စ၍ အပြင်သို့ ၄ ကြိမ်ထွက်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အပြင်ထွက်မှုမှာ ဝန်ကြီးဟောင်းတဦးဖြစ်သူ ဗိုလ်မှူးချုပ် တင့်ဆွေ ဇနီး၏ ဈာပနသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တချိန်က အာဏာအရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး ၁၉၉၀ နှစ်များ၌ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများတွင် အဓိက ကျသူတဦး ဖြစ်ခဲ့သည်။
ဦးခင်ညွန့်နှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအဖွဲ့များ ဖယ်ရှားခံရပြီးနောက် ယခုလက်ရှိအခြေအနေတွင် စစ်အစိုးရနှင့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအကြား ဆက်ဆံရေး အကြီးအကျယ်တင်းမာနေကြောင်း တွေ့ရှိရသည်။
ဦးခင်ညွန့်သည် နိုင်ငံတကာနှင့် ဆက်ဆံရေး၌ ထိုးဖောက်နိုင်သည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခဲ့ပြီး စင်္ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကလည်း ဦးခင်ညွန့်ကို မြန်မာ စစ်အစိုးရ အရာရှိများအနက် အထက်မြက်ဆုံးဟု ချီးမွမ်းခဲ့ဖူးသည်။
ဦးခင်ညွန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၏ အကိုတော်စပ်သူ ဒေါက်တာသန်းငြိမ်းက ယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင် နှင့်ပတ်သက်၍ မည်သို့မျှ နားမလည်ကြောင်း၊ ဦးခင်ညွန့်၏ မိသားစုနှင့်လည်း အဆက်အသွယ်မရှိသဖြင့် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့် အာဏာရှိနေစဉ်မှ ၂၀၀၈ အကုန်ပိုင်းအထိ ဒေါက်တာသန်းငြိမ်းသည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျ ခံနေခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။
နိုင်ငံရေးအကဲခတ်များက ယခုတကြိမ် ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းရေးတွင်သာ အသုံးချရုံမကဘဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်ပါ အသုံးချမည်ဟု ခန့်မှန်း ပြောဆိုကြသည်။
ဦးခင်ညွန့်သည် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဟုဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ဦးခင်ညွန့် ထောင်ချခဲ့တဲ့သူတွေ မနည်းပါဘူး။ တချို့ဆိုရင် ၁၉၈၉ လောက်ကတည်းက အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒါပေမယ့် အခုလိုမျိုး ဝမ်းနည်းစရာကိစ္စကိုတော့ ကျနော်တို့လည်း မမြင်ချင်ပါဘူး၊ သူ့ကိုမှ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း အခုလိုမျိုး အခြေအနေမျိုးမှာ မတွေ့မြင်ချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့်ကို အဂတိလိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ စစ်အစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်သာ ချုပ်နှောင်ထားခဲ့သည်
သတင်းစာသားကို ဧရာဝတီကရပြီး
ဗီဒီယိုကို Facebook မှရယူသည်။
သံဝေဂရစရာ လူဆိုးများ
စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ပုံကိုကြည့်ပြီး၊ လူတွေသံဝေဂရခဲ့ကြတယ်။ တခါတုံးက၊ ဇာတ်မင်း သားလေးလို ကြော့ကြော့လေးနေပြီး မီဒီယာရှေ့မှာ၊ ကလေးတွေကို နမ်းနမ်းပြလေ့ရှိတဲ့၊ ဗိုလ်ချုပ်ခင်ညွှန့်တယောက် အခုလိုမျိုး အထီးကျန်ဆန်စွာ ဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့ တွေးထင်ပုံမရခဲ့ဘူး။
(၁)
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဗိုလ်ချုပ်ခင်ညွှန့်ကို အနည်းဆုံး (၃)ကြိမ်နည်းပါးလောက် အနီးကပ် ဆုံဆည်းခဲ့ကြ ဘူးတယ်။ ပထမအကြိမ်က ဘုန်းမော်အရေးအခင်း ဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလို ဝင်သိမ်းပြီး၊ ကျောင်းသားတွေကို၊ မျက်ရည်ယိုဗုံးနံ့ တွေဝေနေတဲ့ ပင်မအဆောက်အဦးရှေ့မှာ စုထိုင်ခိုင်းတယ်။ ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်နဲ့ပညာရေးဝန်ကြီး၊ ပါမောက္ခတွေလာတဲ့အခါ ကိုတင်ထွန်းအောင် ( တတိယနှစ်၊ ဓါတု) က“ ခင်ဗျားတို့ အသုံးမကျလို့ ကျောင်းသားတွေသေကုန်ပြီ” ဆိုပြီး ဒေါသတကြီးထချဲတယ်။“ ဟာ-- ဒီကျောင်းသားလေးက ကျော်ဟိန်း အတိုင်းပါလား။ ကဲ-ကဲ-သူ့ကို ရုပ်ရှင်ရိုက်ပေးလိုက်ကြပါအုံး” ကိုတင်ထွန်းအောင်ရဲ့မျက်နှာရှေ့မှာ ကင်မရာတွေဝဲလာတယ်။ မှတ်တမ်းတင်တဲ့သူကတင်၊ဓါတ်ပုံရိုက်တဲ့သူတွေကလည်း တဖြတ်ဖြတ်ရိုက်၊ အဲ့ဒီအရာရှိနဲ့သူ့ရဲ့လူ နှစ်ယောက်က၊ စာအိပ်ထူကြီးထဲက ဓါတ်ပုံတွေကို တခုခြင်းထုတ်ပြီး ကျောင်းသားတွေရဲ့ မျက်နှာတွေနဲ့တိုက်ကြည့်တယ်။ ကျောင်းသားတွေကို တယောက်ပြီး တယောက်ဆွဲထုတ်ပြီး အဆင့်ဆင့်ခွဲထားတဲ့၊အချုပ်ကားကြီးတွေပေါ်ကို ဖမ်းတင်လိုက်ကြတယ်။ ကျောင်းသားတွေရဲ့ရင်ထဲမှာ၊ အဲ့သလို မိန်းမလိုမိန်းမရပြောတတ်တဲ့ ဗီလိန် ဝင်းညွှန့် လို မျက်နှာနဲ့လူကို မှတ်မိနေဖြစ်ခဲ့ကြတယ်။
စစ်အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အသက်သွင်းလိုက်ပြီး၊ မြန်မာ့ရုပ်သံမှာ သူ့ကိုပြန်တွေ့လိုက်ရတော့မှ….. “ အော် ဗိုလ်ချုပ်ခင်ညွှန့်ဆိုတာ ဒီသူတောင်းစား ကိုး----” လို့ သဘောပေါက်လိုက်မိတယ်။
ဘယ်လိုလုပ်မေ့လို့ရမှာလဲ။ ယမ်းနံ့တွေကြားမှာ အရာအားလုံးက သွေးပျက်ဘွယ်။ နာကျင်စိတ်နဲ့ အံကြိတ်လက်သီးဆုပ်ယုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့အချိန်မှာ သူတို့က ဓါတ်ပုံတွေ တခုပြီးတခုထုတ်၊ ကျောင်းသားတွေရဲ့ မျက်နှာတွေကို တရားခံရှာသလို စေ့စေ့စပ်စပ်လိုက်ကြည့်၊ ရိသလိုလို၊ထေ့သလိုလိုမျက်နှာပေးနဲ့--- စိတ်ကူးထဲမှာ အကြိမ်ကြိမ်ဖနှောင့်နဲ့ထပေါက်ခဲ့တဲ့မျက်နှာတခု
(၂)
ဒုတိယကြိမ်တွေ့ဘူးခဲ့တာက မန္တလေးမြို့ မျက်စိနားနှာခေါင်းဆေးရုံမှာဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးမကောင်းတဲ့ သူငယ်ချင်းတယောက်၊ မျက်စိဆေးရုံမှာ တက်နေတယ်ဆိုတဲ့အတွက် သတင်းသွားမေးနေချိန်။ ဗိုလ်ချုပ်ခင်ညွှန့်လာမယ်ဆိုတော့၊ လူနာလာမေးတဲ့သူတွေကို အကုန်ထွက်ခိုင်းတယ်။ ခင်မင်နီးစပ်တဲ့ သူနာပြုဆရာမလေးကြောင့် ကျနော်တို့တတွေကတော့ ဆေးရုံထဲက အခန်းတခုမှာဆက်လက်နေထိုင်ခွင့်ရခဲ့တယ်။
ခွဲစိတ်ခန်းတွေထဲကိုဝင်ကြည့်ပြီးသိတ်မကြာပါဘူး။ ဗိုလ်ချုပ်ခင်ညွှန့်တို့တတွေ ပြန်သွားခဲ့ကြတယ်။ သူပြန်သွားတော့ ထုံးစံအတိုင်း အတင်းတွေတိုးတိုးတိုးတိုး ကျန်နေခဲ့တယ်။ စစ်အုပ်စုနဲ့နီးစပ်တဲ့ ဆရာမလေးတွေကတော့ “ဟယ် လက်ကလေးတွေကို နုနေတာပဲ” လို့ ဆိုကြသလို၊ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ဆရာဝန်တွေ၊ ဆရာမတွေကတော့“ အောင်မလေး၊ သူတို့အလှည့်ကျတော့ ကြောက်တတ်လိုက်ကြတာ။ ခွဲခန်းထဲဝင်တာတောင် ဆေးရုံကပေးတဲ့ Mask တွေကိုမသုံးရဲဘူး” တဲ့။ တကယ်တော့ ပြည်သူတွေကို သူတို့မယုံပါဘူး။ ပြည်သူတွေက၊ သူတို့ကို မုန်းတီးနေတယ်ဆိုတာကို သဘောပေါက်နေသလို၊ အချိန်မရွေး လုပ်ကြံခံရနိုင်တယ်ဆိုတာကိုလည်း နားလည်နေပုံရတယ်။
(၃) တတိယအကြိမ်ကတော့ တကယ့်ကိုမှတ်မှတ်ရရပါ။ ၁၉၉၅ ဒီဇင်ဘာလထဲမှာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ကျင်းပတော့၊ ကျနော်တို့တတွေ ပင်းယဆောင်နဲ့ ပဲခူးဆောင်က သူငယ်ချင်းတွေဆီမှာ၊ ညပေါင်းများစွာအိပ်ဖြစ်ခဲ့ကြတယ်။ အဆောင်အသီးသီးမှာ တီးဝိုင်းတိုက်နေကြတယ်။ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေကြပေမဲ့ ကံ့ကော်ရနံ့သီချင်းသံတွေ၊ လတ်ဆတ်မှုနဲ့ ရင်ခုန်ခြင်းအိပ်မက်တွေကြားမှာ ကျောင်းသားတွေ နုပျိုတက်ကြွနေကြတယ်။ ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ တက္ကသိုလ်ဆောင်တွေပေါ်ကို ကျီးကန်းအုပ်တွေနဲ့ ငှက်ဆိုးတွေ ပျံဝဲလာခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွှန့်က “မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေရဲ့ညနေစာ စားပွဲတွေကိုကျင်းပပြီး လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ညနေစာလာစားလေ့ရှိတယ်။ သူက စစ်ကိုင်းဆောင်ကျောင်းသားဟောင်းလို့ဆိုတယ်။ ဟုတ်သလားမသိပါဘူး။ သူတို့မှာ လံကြုတ်ဇာတ်လမ်းတွေကလည်းအများသားဆိုတော့ မြစ်ထဲရေရှိတယ်ပြောရင်တောင်မှ ပြေးကြည့်ရအုံးမှာ။ ကားပေါ်ကနေ ဆင်းလာတဲ့သူ့ရဲ့ပုံ ကို ကြည့်ရတာ၊ ကိုယ့်ဘာသာ ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံပဲ။ ကျောင်းသားတွေက သူ့ကို မျက်စောင်းထိုးကြည့်နေလည်း၊ သူကပြုံးပြီးလက်ပြနှုတ်ဆက်တယ်။ (သတင်းမှတ်တမ်း ကင်မရာတွေက ရိုက်နေတော့ သေချာလုပ်တာနေမှာပေါ့လေ) သူတို့ကလည်းသေချာပေါက်တွက်ထားပုံရတယ်။ ဒီမျိုးဆက်ပြီးရင်၊ တက္ကသိုလ်ကျောင်းသားတွေကို သူတို့ပြန်ထိန်းချုပ်လို့ရပြီလို့။ ထင်နေတယ်။မကြာဘူး။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုထဖြစ်တော့တယ်။ ၁၉၉၆ ဒီဇင်ဘာ (၃၁) သတင်းစာရှင်းလင်းပွဲမှာ မျက်နှာတခုလုံးမဲပြီး စိတ်ပျက်ဒေါသထွက်နေတဲ့သူ့ပုံကိုကြည့်ပြီး ကျောင်းသားတွေသဘောကျခဲ့ကြတယ်။
အော်---ခုတော့လည်း ရွာကဘုရားဖူးလာတဲ့အဘ အပူရှပ်ပြီး ရှောင်တခင်ခင်ဖြစ်နေတုံး အာဏာပိုင်တွေက ခေါ်ယူမေးမြန်းခံရတဲ့အဖြစ်လို ဖြစ်နေတော့တယ်။ ( ဖြစ်နိုင်တာကတော့ အတိုက်အခံတွေအပေါ် ဘယ်လိုမာယာသုံးပြီး ဖြိုခွဲသင့်သလဲ သွားမေးတာနဲ့တူပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ကို မာယာညွှန့်အဖြစ်လူသိများတာမို့လား)
ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ဗိုလ်ချုပ်ကြီး စောဗိုလ်မြတို့တွေ့ဆုံစဉ်က ဗွီဒီယိုပါ( အပြောကတော့ ဇတ်မင်းသားဘဲ)
ဗမာပြည်မှာ၊ ညအချိန်မတော် ငှက်ဆိုးထိုးသံလိုရောက်လာပြီး ခြိမ်းခြောက်နှိပ်စက်ခံရမှုမျိုးစုံနဲ့ မိသားစုတွေဖရိုဖရဲ ဘဝပျက်ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နှိပ်စက်နည်းပေါင်းစုံနဲ့ နိုင်ငံရေးလုပ်သူတွေကို ဘဝတွေကျိုးကြေစုတ်ပြတ်သွားအောင်၊အဓိက ကျူးလွန်ခဲ့သူတွေက စစ်ထောက်လှမ်းရေးတွေပါပဲ။ သူတို့ကို ခွင့်လွှတ်စိတ်နဲ့ တွေးကြည့်ဖို့ဆိုတာတော်တော်လေးကို ခက်တဲ့ကိစ္စပဲ။ တခုတော့ရှိတယ်။ အာဏာပြိုင်ဆိုင်မှုမှာ ရှုံးနိမ့်ထွက်ပြေးခဲ့ရတဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ အမာခံလူတွေကို လုပ်ကြံသတ်ဖြတ်ပြနိုင်မယ်ဆိုရင်တော့ ပြည်သူတွေက နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ ကဲ စစ်ထောက်လှမ်းရေးဟောင်းများ ဘယ်လိုလဲ။တချိန်တုံးက လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အတွက် ပြန်လည်ခံစားမှုသီချင်းတွေအောက်မေ့ရင်း ဘဝသစ်တခုကို လိပ်ပြာသန့်သန့် တွယ်ဖက်စေချင်ပါတယ်။
အောင်မိုးဝင်း
စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ`၏ သဘောထားထုတ်ပြန်ချက်
Friday, November 26, 2010
မိဘနဲ့တူသောအစိုးရ အပိုင်း( ၁)
mgmgone
မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့တာ။
ကျနော်တို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ၀တ္တရားများပေါ့၊ လောကမှာ မိဘတော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ် မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သောချွှင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊
 မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တံစာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာမဟုတ်သလို ၀ိုင်းဝန်းပြစ်တင်ရှုတ်ချကြမှာအမှန်ပါပဲ။
လူတိုင်းမှာ ကိုယ့်ကိုမွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို ၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့မိဘပါ ၊ မိဘအစစ်တွေမဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာရှိနေရတဲ့သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ကောင်းမွေ၊ဆိုးမွေများကို မိဘများကခံကြရသလိုသားသမီးများအပေါ် တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ်တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ် တာဝန်ကျေဘို့လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသောအစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသောအစိုးရကို အလိုရှိကြမှာအမှန်ပါ။
Photo by google
တနေ့ .. ကျနော်အင်တာနက်ပေါ်မှာ G- talk ဖွင့်ထားတုန်း ၂ ပတ်ကျော်လောက်လိုင်းပေါ်မှာပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်းတက်နေတယ် ကျနော်က အမေရိကံပြည်ထောင်စု နယူးရောက်ပြည်နယ် ၊ ဘတ်ဖဲလိုးမြို့မှာနေတာပါ၊
“ ဦးဝမ်း… မြန်မာပြည်က .. အင်တာနက်တွေ.. ရွှေးကောက်ပွဲနီးလို့လားမသိဘူး ဖြတ်ထားတယ်”
“ဟုတ်လား……….”
“နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ.. အင်တာနက်သုံးရတာ အဆင်ကိုမပြေဘူး မီးကလည်းလာလိုက်မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုးလိုင်းဖြတ်တာတွေ.. လိုင်းတွေနှေးတာတွေဖြစ်လား”……ကျနော်တချက်ပြုံးမိလိုက်တယ်.. ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ တော်တော်လေးကိုထိခိုက်သွားပါတယ်။ သူက သူ့အမြင်နဲ့ ကြုံနေရတဲ့ အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ…..
 ဘယ်ရှိမလည်း သားရဲ့.. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာ.. လည်းမရှိဘူး.. အင်တာနက်လိုင်းတွေဖြတ်ထားတာတို့.. နှေးတာတို့ဆိုတာမရှိဘူး…… ကျနော့်တူလေးရဲ့ သက်ပြင်းချသံကို တချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ်ကြံတော့ စကားသံကပြောရလိုက် မရလိုက်နဲ့…… ကျနော်တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်း ငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ၀န်ဆောင်မှု့လုပ်ပေးတဲ့ ကုမဏ္ဍီဘယ်နှစ်ခုရှိလည်းမသိဘူး ဒီမှာတော့ ကျနော်တို့မြို့သေးလေးမှာတောင်မှ .. ကုမ္မဏီ ၅ ခုအပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွှက်တွေကိုလှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ ( Liberal Democracy ) ကျင့်သုံးနေတဲ့ နိုင်ငံရဲ့အနှစ်သာရဟာ ဒါမျိုးပါလား စဉ်းစားနေတုန်း.. တခါ တူလေးဆီကလှမ်းခေါ်သံကြားလို့ လက်ခံနားထောင်လိုက်တော့ စကားနည်းနည်းပြောရပြန်တယ်……
“ ဦးဝမ်း.. အလုပ်နားနေရတယ်ဆို.”
“ အေးကွ.. ငါအလုပ်ကနားနေရတယ်”
“ ဟင်.. ဒါဆို ဦးဝမ်း ၀င်ငွေမရှိတော့.. ဘယ်လိုလုပ်မလည်း.. ဘာနဲ့စားကြမလည်း”
“ အစိုးရကကြွေးတယ်.. အစိုးရကပေးတယ်ကွ ”
“ ဟာ.. ဦးဝမ်းကလည်း.. သားက အတည်ပြောနေတဲ့ ဥစ္စာ.. နောက်နေတယ် ”
“ ဘယ်ကလားနောက်ရမှာလည်း.. ဦးအလုပ်ကနားနေရတော့.. အစိုးရက စားဘို့ဆိုပြီး တလ.. မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော်ပေးတယ် .. နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ.. တလ ၁၀၀၀ ပေါ့ .. ငါမနောက်ပါဘူးကွာ.. တကယ်ပြောနေတာပါ ”
“ တကယ်….”
“ တကယ်ပေါ့သားရဲ့.. ဦးဝမ်း.. သားကိုဘယ်တုန်းကလိမ်ပြောဘူးလို့လည်း ”
“ အစိုးရက.. တလကို ဒေါ်လာ ၁၅၀၀ ကျော် အလကားထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃သိန်းလောက်ရှိတယ်.. သားဖြင့် ဦးဝမ်းပြောလို့သာယုံရတယ်.. ကြားတောင်မကြားဘူးဘူး.. သားသူငယ်ချင်းတယောက်အဖေဆို..စစ်တပ်ထဲကနေပင်စင်နဲ့ထွက်လာတာတောင်မှ.. တလတလ.. စားဘို့ အလျှဉ်မမှီဘူးဗျာ.. သနားပါတယ်..” သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ရောစွက်နေတဲ့ မကျေနပ်သံတချို့ကိုလှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။
အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမဏ္ဍီက အကြောင်းအမျိုးမျိုးကြောင့် ရပ်နားလိုက်ရတယ်ဆို.. အဲဒီကုမ္မဏီနဲ့ အစိုးရပေါင်းပြီး ၀န်ထမ်းတွေကို ထောက်ပံ့ရပါတယ်။ တပတ်ကိုဘယ်လောက်ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘူး ( သူ အလုပ်လုပ်လို့ရလာတဲ့ ၀င်ငွေအပေါ် တည်မှီပြီးဆုံးဖြတ်တယ်) ၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီးပေးတယ်.. အလုပ်လက်မဲ့ထောက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခုရအောင်ရှာပေါ့ ။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှု့ထောက်ပံ့ရေးအသွင် သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို.. လ ၆၀ ( ၅ နှစ် ) ခံစားခွင့်ရှိတယ်၊
အစားအသောက်အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကိုဘယ်တော့မှအငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့ အိမ်မဲ့တွေ အများကြီးဆိုတာကို ကျနော်နည်းနည်းလေးရှင်းပြခြင်တယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် ( credit ) ဆိုတာနဲ့ ချုပ်ထားတယ် ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ ပေးထားတဲ့ ကဒ်ကလေးတွေကို တင်ပြောတာမဟုတ်ပါဘူး.. လူတစ်ယောက်ရဲ့ရာဇ၀င်ဆို ပိုမှန်မလားမသိဘူး၊ လူတယောက်ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကို အကြွေးစနစ်နဲ့ ၀ယ်ရင်မှန်မှန်ပြန်ပေးတာ၊ ရာဇ၀တ်မှုကင်းတာ၊ စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ်.. 
ခင်ဗျားက လိုခြင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူးဆိုရင်ရော ( ဗမာပြည်မှာဆို အကြွေးရရင်ဆင်တောင်ဝယ်စီးမဲ့သူများအတွက်)၊ ရတယ်။ မဆပ်နဲ့ ၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင်.. အဲဒီပစ္စည်းကို ပိုင်ရှင် ကုမ္မဏီတွေက လာသိမ်းမှာပဲ မပူနဲ့ ၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာဖွက်ထား သူတို့ကသိတယ်.. ရေဒါစနစ်တွေနဲ့လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်ကဆုံးသွားပြီ ၊ ခရက်တစ်ဆုံးတော့ဘာဖြစ်မလည်း၊ ခင်ဗျားဘာမှ အကြွေးဝယ်လို့မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင်ဌားနေလို့ မရတော့ဘူး၊ အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရောဘာဖြစ်မလည်း အိမ်ဝယ်ခြင်တယ် ဒေါ်လာတသိန်းတန်လောက် အိမ်တောင်မှ အရစ်ကျဝယ်လို့ရတယ် တလခြင်း နည်းနည်းဆပ်သွားရတယ် ခင်ဗျားပေးတာမှန်လေ ခရက်တစ် အမှတ်ကတက်လေပဲ။ စ၀ယ်ဝယ်ခြင်း တစ်ပြားမှမကုန်ဘူး ကျနော်နေတဲ့ နယူးရောက်ပြည်နယ်မှာဆို ပထမဆုံးအိမ်ဝယ်မဲ့သူအတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ် ။ ခင်ဗျား အလုပ်သာရှိ ( အနည်းဆုံး ၂ နှစ်လောက်ပေါ့ ) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံးတပြားမှ မကုန်ပဲဝယ်လို့ရတယ်။ ပြီးမှ တစ်လခြင်း နည်းနည်းပြန်ဆပ်ပေါ့၊
Photo by google
ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆုံးတဲ့သူတွေအတွက် အိမ်ဌားနိုင်တဲ့ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ်စစ်ဆေးကြည့်လို့ဆိုးတယ်ဆိုရင်.. မဌားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေဖြစ်ကုန်ရော၊ နောက်မေးစရာရှိနိုင်တာက.. အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာတွေးနဲ့ဆို အလုပ်မလုပ်ပဲထိုင်စားနေမယ်ဆိုရင်ရော… ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ်ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်ရေးတွေ အကုန်ဆုံးရှုံးမယ်.. ဒါပေမဲ့ ဘယ်တော့မှမငတ်ဘူး၊ အစိုးရကခင်ဗျားကိုကြွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျားလုပ်ငန်းတခုထူထောင်ခြင်တယ်ဆိုပါဆို့ . ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးခြင်ကြမှာ အလုအယက်ပဲ.. ဘာလုပ်ခြင်လုပ်ခြင်. သူတို့ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကိုဖြစ်စေတယ်။
ပျင်းလို့မရဘူး၊ ကျန်းမာရေးနဲ့ပတ်သက်လို့ကလည်း ၀င်ငွေနည်းမိသားစုများကို အစိုးရကထောက်ပံ့တယ် နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရကကူတယ် ( ကုန်ခြင်သလောက်ကုန်ပါစေ ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီကုန်တဲ့သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်းဈေးကြီးတယ်။( ဒါပေမဲ့ ခင်ဗျားမှာ ၀င်ငွေကောင်းတယ်ဆိုရင်တော့ အခမဲ့ဆေးကုသခွင့်မရဘူး၊) ကိုယ်ပိုက်ဆံနဲ့ ကိုယ်ကုရတယ်။ အဲဒီ ကုမဏ္ဍီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရကပေးတယ်။ ဘာမှပူစရာမလိုဘူး၊ အလကားဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး ၊ တကယ်တော့ အလကားကုတာမဟုတ်ဘူး ၊ ခင်ဗျားကုန်ကျမဲ့ငွေကို အစိုးရကပေးတာ။
Photo by Google
တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေရောက်လာပြီး နေထိုင်ခွင့်တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ချင်ကြတာတွေ အများကြီး ဘာလို့လည်းဆိုတော့ ဘ၀အာမခံချက်အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေအများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ်ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ ( မြန်မာငွေ သိန်းထောင်ချီပြီး ) ပေးတယ်။ မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောကျာင်္း သူတို့အတွက်တောင်မှ အားလုံးနေဘို့ ထိုင်ဘို့က အစအားလုံး အစိုးရက တာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ချင်တယ်ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်ရေး သူများထက်သာတယ် ( ဒါ စစ်သားမဟုတ်သေးဘူး စစ်သားဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက်ကြည့်ပြီးလစာရကြတယ် ( အနည်းဆုံး ဒေါ်လာ ၂၀၀၀ နဲ့ အထက်မှာရှိတယ် ) ဒါသာမန်စစ်သားအဆင့် အရာရှိတွေဆို အများကြီး ပင်စင်လစာရတယ်။သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ 
စစ်သားဘ၀မှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန်မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့်မရှိဘူး၊ သွားပြလို့ကတော့ ပြသနာတက်ပြီသာပြင်ပေတော့ အဲဒီလို၊ စစ်သားက စစ်သားအလုပ်ပဲလုပ်တယ် တခြားအလုပ်မှာဝင်မပါဘူး ၀င်မရှုတ်ဘူး၊ အဓိကထူးခြားတာက စစ်သားတွေ၊ရဲတွေကိုလူထုကချစ်တယ် လေးစားကြတယ်။ ဗမာပြည်နဲ့မကွာလားဗျာ၊
ရေးသားသူ- (မောင်မောင်ဝမ်း)
အပိုင်း ၂ ဆက်ပါဦးမည်
Tuesday, November 23, 2010
၁၀နှစ်ကျော်ကြာ တွေ့ခွင့် မရခဲ့သည့် ဒေါ်အောင်ဆန်းစုတို့ သားအမိ ပြန်လည်ဆုံတွေ့ခွင့်ရ
Photobucket
(ဓါတ်ပုံ အေပီ)
နေအိမ်အကျယ်ချုပ် ၇ နှစ်ကျော်ကြာ ကျခံရပြီး နိုဝင်ဘာလ ၁၃ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် နိုဝင်ဘာလ ၂၃ ၇က် နံနက် ၉နာရီက ထိုင်းနိုင်ငံမှတဆင့် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့် ရရှိသွားပြီဖြစ်ပါသည်။
သားငယ် ကိုထိန်လင်း(ခ) ကင်မ်အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်လေဆပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ မိခင်ဖြစ်သူနှင့် ၁၀ နှစ်ကျော်အတွင်း ပထမဦးဆုံး ပြန်လည်တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
Photo by AP
ကိုကျော်သူနှင့် အနှပညာရှင်များ အေအိုင်ဒီအက်စ်ရောဂါခံစားနေရသူများကို သွားရောက်တွေ့ဆုံ
၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော်အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံ...ရှိမဖြူဖြူသင်းထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကို လူသားချင်းကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုတော်အနဂ္ဂသည် သူ၏အ၀တ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှ ငွေသားများ၊ ဦးကျော်သူမှ T-Shirtများ၊ ပြည်မြို့ရွှေပေါက်ပင် ဆရာတော်ကြီး၏ ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော်ကျင့်စဉ်စာရွှက်များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော်တစ်ဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်နောက် ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းထားသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
လူနာများကို အားပေးနှစ်သိမ့်ခဲ့ကြသလို လူနာများ၏ ပြန်လည်ပြောကြားသောရင်တွင်းစကားများ၊ ခံစားချက်များ၊ ခံယူချက်စိတ်ဓါတ်များတို့သည် အားပေးခဲ့သူ အားပေးစကားပြောကြားခဲ့သူ အနုပညာမောင်နှမများအတွက် အင်အားသစ်များများစွာ ဖြစ်ခဲ့ကြကြောင်း သိရှိရသည်
Sunday, November 21, 2010
ပြည်တွင်းထုတ် ဂျာနယ် (၉)စောင်အား စာပေစိစစ်ရေးမှ ဂျာနယ် ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း သိရ
ပြည်တွင်း ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ် (၈)စောင်အား ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ နိုဝင်ဘာလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်အရ သိရသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
First Eleven Sports Journal နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၁)ပတ်စီ ရပ်နားစေခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
EEleven Media
Saturday, November 20, 2010
နာရေးကူညီမှုအသင်း(ရန်ကုန်) မဟာဘုံကထိန်ပွဲ အောင်မြင်စွာ ကျင်းပြ့ပီးစီး
U kyaw Thu 2010-11-20
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ၂၀.၁၁.၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံကျင်းပ ပြီးစီးခဲ့ပါသည်။ နာရေးကူညီမှူအသင်း( ရန်ကုန် )မှ ဦးစီးကျင်းပပြုလုပ်သွားခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မဟာဘုံကထိန် ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန် ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ် ဆုံးပွဲတစ်ခုဖြစ်ခဲ့ပြီး နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ပဒေသာပင်များကိုနံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့်အတူ မေတ္တာဖြင့် လာရောက် သီဆိုတီးခတ်ကခုန် ဖျော်ဖြေပေးကြသော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီးစိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့) စုစုပေါင်းလူအင်အား (၃၀၀) ကျော် တို့ဖြင့် လမ်းတစ်လျှောက် အလှူဒါနအတွက် ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်ကာ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့သည်။ ပဒေသာပင်များတွင် မင်္ဂလာဈေး (ဈေးသူ/သားများ)၊ နန္ဒ၀န် (ဈေးသူ/ သားများ)၊ သိမ်ကြီးဈေး (ဈေးသူ/သားများ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္ဂနွေနေ့မှ စနေနေ့ အထိနေ့အလိုက် လုပ်အားပေးအသင်းသူ/သားများ၏ ပဒေသာပင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်/စက်ပြင်အဖွဲ့ ပဒေသာပင်၊ ဆောက်လုပ်ရေးအဖွဲ့ ပဒေသာပင် စုစုပေါင်း (၁၁) ပင်နှင့် ရွှေဇီးကွက်ရုပ် (ဖို/မ) တစ်စုံ၊ ပစ်တိုင်းထောင် (ဖို/မ) တစ်စုံအပြင် အကဖျော်ဖြေရေးအရုပ် တစ်ရုပ်ပါဝင်ခဲ့သည်။ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀/- (နှစ်ဆယ့်လေးသိန်း) ကျော် လှူဒါန်းခဲ့ကြတာဖြစ်ပြီး
ဦးစွာဥက္ကဌဦးကျော်သူမှ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် ကထိန်သင်္ကန်းအားပင့်ဆောင်သွားပြီး နောက်မှ ဗုဒ္ဓ၀င်ပုံတော် (၃၃) ပုံကိုင်ဆောင်သောအသင်းသူများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မျိုးဆက်သစ်ကလေးငယ်များ၊ ဒိုးအဖွဲ့များ၊ ပဒေသာပင်များ၊ ရှမ်းဒိုးအဖွဲ့များတန်းစီ၍ လမ်းလျှောက်သယ်ဆောင်ခဲ့ကြသည်။ လမ်းတ၀က်ခန့်တွင် ဦးကျော်သူသည် ဆိုက္ကားဖြင့် စီးနင်းလိုက်ပါကာအဖွဲ့သားများ၊ အသင်းသူ/သားများအားလိုက်လံအားပေး ကပြဖျော်ဖြေခဲ့ပြီး ။ ၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက် သို့ရောက်ရှိသောအခါ ဒိုးပတ်ဝိုင်း များ၊ ရှမ်းဒိုးအဖွဲ့များ၊ ဦးရွှေရိုး + ဒေါ်မိုးကပြဖျော်ဖြေရာတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူ၏ ဇနီးဒေါ်ရွှေဇီးကွက်တို့ နှင့်အတူအသင်းသူ/သားများတပျော်တပါး ၀ိုင်းဝန်းကခုန် ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ တရားတော်ကိုနာယူကြကာရေစက်သွန်းချ လှူဒါန်းခဲ့ပြီးဆရာတော်ကြီးမှ ကျွေးမွေးသောစားဖွယ်များကိုသုံးဆောင်ခဲ့ကြသည်။
ထို့နောက် အသင်းသို့ ပြန်လည်ရောက်ရှိသောအခါ မေတ္တာဖြင့် လာရောက်သီဆိုတီးခတ် ကခုန်ဖျော်ဖြေပေးခဲ့သောအောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီးစိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့)တို့အားနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုကဒ်ပြားနှင့် ငွေသားတစ်ဖွဲ့လျှင် (၃၀၀၀၀/-) ကျပ်တိတိချီးမြှင့်ပြီးလျှင် နံနက်စာထမင်းဟင်းတို့ဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။
ယင်းစုပေါင်းမဟာဘုံကထိန်ပွဲတော်သည် (၇) ရက်သားသမီးအပေါင်းတို့၏ အလှူဒါနများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/ သားများ၏ အလှူပစ္စည်း ၀တ္ထုငွေတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏ အင်အားကိုလည်း ပြသခဲ့ရာရောက်ပါသည်။ ယင်းဘုံကထိန်ပွဲတော်အပြီးရှမ်းဒိုးအဖွဲ့မှ တီးခတ်ဖျော်ဖြေသီဆိုခဲ့သော “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟူသောကြွေးကြော်သံတို့သည် အောင်အတိတ်၊ အောင်နိမိတ်အလားဇဗ္ဗူတစ်ခွင်တွင် ပဲ့တင်ရိုက်ခတ်သွားတော့သည်။
ပဒေသရာဇ်ခေတ် ကိုတည်ဆောက်နေကြတဲ့ စစ်အာဏာရူးတွေ
thansein
စစ်ယူနီဖောင်းချွတ်ထားတာ မကြာသေးတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန် တစ်ယောက် နိုဝင်ဘာ ၁၅ရက်က ကမ္ဘောဒီးယားနိုင်ငံ သွားရောက်ရင်း ဖနွမ်းပင် မြို့ မှာရှိတဲ့ မြန်မာသံရုံးမိသားစုတွေနဲ့ပါ တွေ့ဆုံဖြစ်ခဲ့ပါတယ်၊ တွေ့တာ ရိုးရိုးတွေ့ဆုံတာမဟုတ်ဘဲ ခုံမှာ မှူးကြီးမတ်ရာထိုင်တဲ့ စတိုင်လ်နဲ့ အောက်မှာက သံရုံးဝန်ထမ်းမိသားစုတွေက ကျုံ့ကျုံ့လေးတွေထိုင်လို့ ထိုင်ပါကန်တော့ရတယ်ဆိုတော့ သူကဘာမို့လည်းလို့ မေးစရာရှိလာပါတယ်။ သူ့ဆန်စားရဲမှ ဆိုသလို သူတို့မျက်နှာသာပေးမှ နေရာကောင်းလေးတွေ ရမှာဆိုတော့လည်း…… ဘာဘဲဖြစ်ဖြစ် ခေတ်မှီ၍ တိုးတက်နေသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကို တည်ဆောက်နေပါတယ်ဆိုတဲ့ နအဖစစ်အာဏာရူး တွေကတော့ ခေတ်ဟောင်း ပဒေသရာဇ်ခေတ်ဆီကို နောက်ပြန်ချီတက်ရင်း တိုင်းပြည်ကို ပြာပုံဘ၀ရောက်ယုံတင်မကဘူး ၊ လူတွေကိုပါ ကျွန်စိတ်ဓာတ်အပြည့် ဖြစ်အောင် မွေးမြူပေးနေတဲ့ အာဏာရူးတွေပါဘဲ။
နအဖသောင်းကျန်းသူများက ထီးတပလယ်ကျေးရွာ အနီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျှက်ရှိ
နိုဝင်ဘာလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
dkba
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ကျနော့်လူတွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ပြောသည်။
ထီးတပလယ်ကျေးရွာ တောင်ကုန်းတွင် လှုပ်ရှားနေသော နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့ည ၉နာရီခန့်တွင် ဒီကေဘီအေ လှုပ်ရှားနိုင်သည့် နေရာများသို့ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၄၀ခန့်ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ညနေ ၄နာရီခန့်ကလည်း လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း(၂၀)အ ထိ ပစ်ခတ်ခဲ့သည်ဟု သိရသည်။
သို့သော် ထိုပစ်ခတ်မှုကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်စောလားပွယ်က ပြောသည်။
အင်အား (၂၀)ကျော်ရှိ အဆိုပါ နအဖတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ကြား နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီနောက်ပိုင်း ထီးတပယ်ကျေးရွာအတွင်းသို့ ၀င်ထွက်သွားလာမှုမရှိတော့ဘဲ ယနေ့အချိန်ထိ ၎င်းတို့ အခြေချရာ တပ်စခန်း၌သာ ခိုအောင်းနေကြသည်။
အလားတူပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်နေ့က အံဖကျေးရွာတွင် အခြေချသည့် နယ်ခြားစောင့်တပ် အမှတ်(၁၀၁၅)မှ ဗိုလ် ကြီးအကြည် ဦးဆောင်သည့်အဖွဲ့သည် အံဖကျေးရွာအတွင်းသို့ M-79 ၉လုံးနှင့် ၆၀-မမ ၁လုံးပစ်ခတ်ခဲ့သည့်အပြင် ၎င်းအဖွဲ့ သည် ညနေ ၂နာရီအချိန်တွင် နန်းရွှေမှုံကျေးရွာအတွင်းသို့ ၆၀-မမ ၃လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက်(၇၀)အရွယ်ရှိ ရွာသား ဦးနိုင်ဦးကို ထိမှန်သွားခဲ့သည်ဟု သိရသည်။
ယနေ့မနက် (၆)နာရီတွင်လည်း နအဖ ခမရ(၄၀၉)နှင့် ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့တို့နှင့် အူးကလေ့ထာတွင် ချုံခို တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်က ၁ဦး ကျဆုံးသွားခဲ့သည်။
နိုင်ငံရေးသမားကြီးတွေကို ဂါရ၀ ပြုပွဲ ကျင်းပပြုလုပ်
nld
ပြည်တွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှား နေတဲ့ ဒီမိုအင်အားစုတွေက ၀ါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့် ရှိ ၀ါရင့်နိုင်ငံရေးသမားဟောင်း သခင်သိန်းဖေ အိမ်တွင် ၂၀.၁၁.၂၀၁၀ စနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သွားခဲ့ကြသည်။
အဆိုပါ ကန်တော့ ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီဝင်များ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်ဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားကျိုးပမ်းနေကြသူများ တက်ရောက်ခဲ့ကြ့ပီး ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဒီမိုကရေစီအင်အားစုများ၏ ပန် ကြားလွှာကို ဖတ်ကြားခြင်း၊ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ ကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင် ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြော ကြား ခြင်းတို့အပြင် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာ သည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးအပ်ခဲ့ကြ့ပီး ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် တာဝန်ကို လက်ခံခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့် ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်တွင် ယနေ့ ၂၀.၁၁.၂၀၁၀ စနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင် ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၆၂ မျိုး ဆက် ၇၄-၇၅-၇၆ မျိုးဆက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုက ရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ ၁၀၀ ကျော်ခန့် တက်ရောက်ကြသည်။
dassk
ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန် ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ ကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင် ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြော ကြား ခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာ သည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးပြီးနောက် ဆုံးအစီအစဉ် အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန် ပြောကြားခဲ့သည်။
ကန်တော့ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီး ၂၀ ကျော်တက်ေ၇ာက် အပူဇော်ခံခဲ့သလို ကျမ်းမာရေးကြောင့် မတက်ရောက်နိုင်ခဲ့ကြသည့် သက်ကြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ အိမ်သို့ သွားရောက်ကန်တော့ခဲ့ကြပြီး သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာသူပေါင်း ၁၅၀ ကျော်ရှိကြောင်း သိရှိသတင်းရရှိသည်.
ဒေါ်စုကို ကြိုဆိုလိုက်တဲ့ ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်ခံရ
ပြည်တွင်းမှာ လူကြိုက် များ လှသည့် First Eleven အားကစား ဂျာနယ် မျက်နှာဖုံးစာမျက်နှာပေါ်တွင်
အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီ
အသင်း တို့ တွေ့ ဆုံမှုကို SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟုဖော်ပြထားရှိပြီး“ အနီရောင်စာလုံးများဖြင့် ”စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကိုပညာသားပါပါဖြင့် ဖော်ပြခဲ့မှူကြောင့် စာပေစ်စစ်ရေးမှ First Eleven ဂျာနယ်အား စာစောင်ထုတ်ဝေမှူအား နှစ်ပတ် ပိတ်လိုက်သည်။ ၄င်းသတင်းကို Eleven Media Group မှ ၀န်ထမ်း တစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ စာပေစိစစ်ရေးမှ နှစ်ပတ် ပိတ်ခိုင်း လိုက်သည်ကို အတည်ပြုပြောဆိုသွားခဲ့သည်။ နိုဝင်ဘာလ ၁၃ရက် န့က နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်သည့် အကြောင်းများ၊ မိန့်ခွန်းများကို ပြည်တွင်း ဂျာနယ်မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့် ပိတ်ပင်ထားလျှက်ရှိသည်။
Friday, November 19, 2010
အိုးဝေအောင်အတု
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ရဲ့ ပထမဦးဆုံးသော ဥက္ကဌဖြစ်ခဲ့ဖူးတဲ့ ကိုထွန်ေးအာင်ကျော်ကို ဒေါင်းအိုးဝေ ဘလော့ဂ် စီဘောက်မှာ ရိုင်းစိုင်းစွာ ပြောဆိုဆဲသွားတဲ့ သူရဲ့ IP Address 67.167.89.190 ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု Lllinois ပြည်နယ် Carol Streamမြို့ကဖြစ်ပါတယ်။ ပုံမှာအသေးစိတ်ကြည့်နိုင်ပါသည်။
ကိုအိုးဝေအောင်အမည်ဖြင့် ဆဲသွားသူရဲ့ အိုင်ပီလိပ်စာအပြည့်အစုံ
ကိုအိုးဝေအောင်အစစ်ရဲ့ အိုင်ပီလိပ်စာအစစ်က ဒီပုံမှာ ကြည့်နိုင်တယ်
ကိုအိုးဝေအောင်ရဲ့ အိုင်ပီလိပ်စာအစစ်က IP Address 98.165.192.207 ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၊ Arizona ပြည်နယ်၊ Phoenix မြို့ကလို့ စုံစမ်းစစ်ဆေး တွေ့ရှိရပါတယ်။ ဆဲဆိုရေးသားသွားသူရဲ့ အမည်နဲ့ အိမ်လိပ်စာတွေထိပါ တင်ပြလို့ရပေမယ့် ဒီလောက်ဆို သဘောပေါက်မယ်ထင်မယ်ထင်ပါတယ်။ ဘလော့ဂ်ဖွင့်ပြီး ရေးနေလို့ နည်းပညာနကန်းတစ်လုံးမှ နားမလည်ဘဲ တော်လှန်ရေးဘလော့ဂ်ဂါ လုပ်နေတယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်၊ ကိုယ့်လူ၊ ကိုယ့်တိုင်းပြည် စစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဒီအချိန်မှာ အားလုံးစည်းလုံးညီညွတ်စွာနဲ့ ကျိုးပမ်းကြရမယ့်အစား တစ်ယောက်နဲ့ တစ်ယောက် လိုက်တိုက်ခိုက်နေကြ အင်တာနက်အီးမေးလ်တွေထဲကနေ မူလတန်းကလေးအဆင့်သာသာ ရန်ဖြစ်ဆဲဆိုနေတာတွေ ရပ်ကြမယ်ဆိုရင်တော့ ၀မ်းမြောက်စရာပါ၊ ဒီစာကိုစလာရေးကတည်းက အိုင်ပီလိပ်စာကို ကျနော်လိုက်ပြီး သိနေပေမယ့် ပြသနာအရှည် အရှည် မဖြစ်ပွားချင်တာနဲ့ ဒီအတိုင်းနေခဲ့ပေမယ့် ကာယကံရှင် ကိုအိုးဝေအောင်က သူမဟုတ်ဘဲ သူ့အမည်နဲ့ ဆဲရေးသွားသူကို အရေးယူဖော်ထုတ်ပေးပါလို့ တောင်းဆိုလာလို့ ဖော်ပြပေးလိုက်ပါတယ်။ ကိုအိုးဝေအောင်လည်း ကျေနပ်မယ်ထင်ပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
DOW
Wednesday, November 17, 2010
ဖေ့စ်ဘုတ် မှာ ကူးစက်နိုင်သည့် ဗိုင်းရပ်စ် သတိထား
ပြည်တွင်း ပြည်ပရောက် မြန်မာတွေ အသုံးများသည့် နာမည်ကျော် လူမှုရေးကွန်ရက် Website Facebook ပေါ်တွင် Imagine that ဟု အမည်ရသော Facebook Application အယောင်ဆောင် ထားသည့် Virus တစ်မျိုး နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ကာပျံ့နှံ့ အနှောင့်အယှက် ပေးလျက် ရှိကြောင်းသိရှိရပြီး  အဆိုပါ Virus ကူးစက် နှောင့်ယှက်ခံရသော ပြည်တွင်း Facebook Account ပိုင်ရှင်အချို့ထံမှ သိရသည်။ အဆိုပါ Virus သည် သုံးစွဲသူ တစ်ယောက်ထံသို့ မိတ်ဆွေသူငယ်ချင်း များ၏ Comment များမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါ Comment များတွင်ပါဝင်သော http://apps.facebook.com/ /imaginedat ဆိုသည့် Link ကို ကလစ်နှိပ်၍ လက်ခံလိုက်မိပါက ကူးစက်ခံရမည် ဖြစ်ကြောင်း အဆိုပါ နည်းလမ်းဖြင့် ကူးစက်ခံခဲ့ရသော Facebook Account ပိုင်ရှင်များ  ပြည်တွင်းတွင် တော်တော်များများ ကူးစက်ခံနေကြရကြောင်း သတင်းရရှိသည်။
ဒီကေဘီကို ကေအဲန်ယူအစည်းအရုံးမှ ဂုဏ်ပြုကြိုဆို
ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း
peace for dkba&knu
နိုဝင်ဘာလ ၁၇ ရက်နေ့က ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့် နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ကျင်းပပြုလုပ်သွားခဲ့သည်။
၁၅နှစ်ကျော်ကြာ သောင်းကျန်းသူနအဖစစ်အစိုးရ၏ ကရင်တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှူကို နည်းလမ်းပေါင်းစုံဖြင့် ဖြိုခွဲခဲ့ပြီး အချင်းချင်း သတ်ဖြတ်၊ တိုက်ခိုက်မှူများ ဖြစ်အောင်လုပ်ဆောင်နေမှူများကို ကရင်လူမျိုးလက်နက်ကိုင် အဖွဲ့တို့မှ ကောင်းစွာနားလည်လက်ခံလာပြီး
သောင်းကျန်းသူ နအဖစစ်အာဏာရှင်တို့အား အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသည့် ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်သူများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ဒေသခံပြည်သူများနှင့် နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပပြုလုပ်သွားခဲ့ကြသည်။
၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေတပ်မှ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝတို့ ဦးဆောင်၍ တပ်သား ၁၅၀ ကျော်တို့မှ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူခဲ့ကြကြောင်း သတင်းရရှိသည်။
ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း ထွန်းအောင်ကျော်
ထွန်းအောင်ကျော်
၁၆၊ ၁၁၊ ၂၀၁၀။
အစွန်းရောက် အတွေးအခေါ်များ
ဗိုလ်နေဝင်း၏ စစ်အာဏာစက်အား ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီးဖြင့် တိုက်ချလိုက် စဉ်က ဦးဆောင်သူများမှာ အတွေ့အကြုံ နုနယ်သည့် ကျောင်းသားများက အများစုဖြစ်ခြင်း၊ နိုင်ငံရေးတိုက်ကွက်ထက် ပုဂ္ဂိုလ်ရေးကြော်ကြားမှု Heroism ကို ဦးစားပေးခဲ့ကြခြင်း၊ အတွေ့ အကြုံရှိသော လူကြီးများက ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး သူအိမ်ရှေ့ကဝင်ရင် ငါနောက်ဖေးက ထွက်မည်ဟု မာန်မာန အာဃာတကြီးမားခြင်းတို့ကြောင့် လက်တကမ်းအလို ပြည်သူလိုလား သည့် အစိုးရဖွဲ့စည်းနိုင်ခြေမှ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။
တဖန် ၁၉၉၀ ရွေးကောက်ပွဲသည် ညစ်ပတ်မှုများကြားမှ NLD အနိုင်ရလာသည့် အခါတွင်လည်း လက်နက်မဲ့ပြည်သူအင်အားကို တဖက်သတ်အားကိုး၍ တင်းမာရေး လမ်းစဉ်ကို လိုက်ပါခဲ့ကြပြန်သည်။ ဦးကြည်မောင်၏ (Off the record) ထုတ်ပြန်ရန် ခွင့်မပြုသော ပြောကြားချက်ဖြစ်သည်၊ “အကယ်၍ အစိုးရဖွဲ့ပြီးလျှင် စစ်ခေါင်းဆောင်များကို နုရင်ဘတ်ခုံရုံး ကဲ့သို့ စစ်ခုံရုံးတင်၍ စစ်ဆေးမည်” ဆိုသည့် စကားကို သတင်းထောက် ဒိုမီနစ်ဖေါ်ဒါက စည်းကမ်းဖောက်၍ ရေးသားခဲ့ခြင်းကြောင့် တပ်ခေါင်းဆောင်များက NLD ကို အာဏာလွှဲပြောင်းမပေးချင်မှုအပေါ် အသုံးချရန်အတွက် အကြောင်းပြချက် ရရှိသွားခဲ့ပြီး အာဏာလွှဲပြောင်းပေးချင်သော တပ်တွင်းရှိ Moderate အလယ်အလတ်ပျော့ပြောင်းသူ စစ်ခေါင်းဆောင်များကို Radical တင်းမာသူများဘက်သို့ ကူးပြောင်းထောက်ခံစေခဲ့သည်။
တဖန် ဦးနေဝင်း ဝင်ရောက်ဖြန်ဖြေပေးလျှင် တပ်နှင့် NLD ကြားတွင် တင်းမာနေမှုကို အဆုံးသတ်နိုင်သည်ဟုဆိုသော ကျွန်ုပ်၏ အမျိုးသားရင်ကြားစေ့ရေး စာတမ်း Charter97 ကို လက်မှတ်ထိုးပြီးမှ ၎င်းတို့၏ လက်မှတ်များကို လိမ်ယူပါသည်ဟု ပြည်ပခေါင်းဆောင်အချို့မှ ဆိုကြသည်၊ အကြောင်းမှာ သတင်းဋ္ဌာနတခုမှ ဒီစာတမ်းဟာ ဦးနေဝင်းကို ဖားနေတာဟု သွေးထိုးလိုက်သဖြင့် ခေါင်းဆောင်ကြီး ဆိုသူများက ကြောက်အားလန့်အားနှင့် သူတို့ လက်မှတ်ကို ညာယူပါသည်ဟု ဗြောင်လိမ်ကြသည်။ ထောင်ကျဘက် တဦးကလည်း “နေဝင်း ပေးမှ ဒီမိုကရေစီရရင် မယူဘူးကွ” ဟု ရန်တွေ့တာ ခံရဘူးသည်။ ကျွန်တော့အနေနှင့် ယမမင်းက ဒီမိုကရေစီးပေးရင်လည်း ယူရမှာဘဲ ရဘို့လုပ်တာမဟုတ်လား၊ ဘယ်သူ ပေးပေးပေါ့။ ထိုအချိန်က ဦးနေဝင်းသည် အနားယူနေသော်လည်း တပ်တွင်း၌ သူ၏ သြဇာရှိနေသေးသည်။ NLD လူငယ်များ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးနေဝင်းကို ဒေါ်စုခွင့်ပြုချက်ဖြင့် ဖိတ်ကြား ဘူးသည်ကို ဖတ်ရတော့ ပြုံးမိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များကို ဝေဘန်မှုများ ဒီမိုကရေစီအင်အားစုများအတွင်း၌ ပေါ်ထွက်ခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ဒေါ်စုခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထိုလူငယ်များ ပြဿနာ မတက်ခဲ့ပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အခြေခံ၍ စဉ်းစားသော အစွန်းရောက် အတွေးအခေါ် များသည် မှန်ကန်သော ဆုံးဖြတ်ချက် ပေးလေ့မရှိပါ။ ခါးသည်းမှု၊ မုန်းတီးမှုတို့ဖြင့်သာ တန်ပြန်သက်ရောက်မှု ရှိတတ်သည်ကို သတိပြုမိကြဖို့ လိုပါသည်။
ယနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်သူတို့က ဝင်ကြသည်။ ကန့်ကွက်သူတို့က ကန့်ကွက်၍ သပိတ်မှောက်သူတို့က သပိတ်မှောက်ကြသည်။ ကျွန်တော်သည် ၂၀၁၀ ကို လုံးဝဆန့်ကျင် ကန့်ကွက်သူဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိခြင်း၊ မဲလိမ်မဲခိုးခြင်း၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ရသူတို့အား ဗြောင်ကျကျ မဲလိမ်၍ တဖက် သတ် ကြံ့ဖွတ်ပါတီမှ အနိုင်ရပါသည်ဟု ကြေငြာခြင်းတို့ကြောင့် အတိုက်အခံ နိုင်ငံရေးပါတီ များက ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသဖြင့် ၎င်းတို့အနေဖြင့် အသိအမှတ်မပြုကြောင်း လက်မှတ်မထိုးနိုင်ဟု တညီတညွတ်တည်း ဆိုလာခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်ကိုယ်တိုင် ဆန့်ကျင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းမှ အမြတ် ထွက်မှုများရှိကြောင်းကိုတော့ ရဲရဲဝန်ခံနိုင်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲမှ အမြတ်ထွက်ခြင်း
(၁) ဘာတွေများ မြတ်လို့လဲဗျ? ဟု မေးလာလျှင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ကြရသော နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ဥပဒေကြောင့် ဖွဲ့စည်းခွင့်ရရှိ ပေါ်ပေါက် လာသော နိုင်ငံရေးပါတီအသစ်များ၊ တိုင်းရင်းသားပါတီသစ်များ ပေါ်ထွက်လာခြင်းသည် ပထမရရှိသော အမြတ်ဖြစ်သည်။
(၂) ထိုနိုင်ငံရေးပါတီများက လူထုကြားတွင် ထိုးဖောက်စည်းရုံးခွင့်ရရှိလာခြင်း၊ ပြည်သူတို့ ၎င်းတို့၏ အတွေးအခေါ်ဝါဒများကို ကန့်သတ်မှုများကြားမှ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်ရခြင်း သည် ဒုတိယအမြတ်ဖြစ်သည်။ ထို့အပြင် ထိုနိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို တရား မျှတမှု မရှိသဖြင့် အသိအမှတ်မပြုနိုင်ပါဟု ကန့်ကွက်လာသော်လည်း ၎င်းပါတီများကို ထိုကန့်ကွက်ခြင်းကြောင့် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းကို အစိုးရတွင် ပြုလုပ်ပိုင်ခွင့် မရှိချေ။ ထိုအချက်သည် နိုင်ငံရေးပါတီများအတွက် အားသာချက်တရပ်အဖြစ် ကျန်ရစ်ခဲ့ သည်။
(၃) တတိယ အမြတ်မှာ ရွေးကောက်ပွဲသည် ညစ်ပတ်မှုကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ စည်းရုံးသွားခြင်းသည် အရေးကြီးဆုံးသော အမြတ်ဖြစ်သည်။
NLD ၏ အခန်းကဏ္ဍ
NLD ပါတီသည် ရွေးကောက်ပွဲကို မယုံကြည်၊ ၂၀၀၈ အခြေခံဥပေဒကို လက်မခံနိုင် သဖြင့် ရွေးကောက်ပွဲကို ပြတ်သားစွာ သပိတ်မှောက်ခဲ့သည်။ ထိုကြောင့် ရွေးကောက်ပွဲလွန် ကာလတွင် ၎င်းတို့ ဆုံးဖြတ်ချက်မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့သည်။ တပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သည့်အပေါ် ပြည်သူလူထုကြီးမှ လွန်စွာအားတက် မှုကို ဖြစ်ပေါ်စေခဲ့သည်။ တဖက်မှလည်း ရွေးကောက်ပွဲဝင်ခဲ့ပြီး မြန်မာ့သမိုင်းတွင် စံတင် လောက်သည့် အရှက်ကင်းမဲ့သည့် မဲလိမ်မဲခိုးမှုကြောင့် စုစည်းလာသည့် နိုင်ငံရေးပါတီများ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး သဘောထားကြီးကြီးဖြင့် ကမ်းလှမ်း ပူးပေါင်းသင့်သည်ဟုမြင်သည်။ NDFသည် ဖောက်ပြန်သည့် အင်အားစုမဟုတ်၊ NLD ၏ အင်အားစု အစိတ်အပိုင်းအနေဖြစ် မှတ်ယူသင့်သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ဗိုလ်နေဝင်းလက်ထက် အာဏာသိမ်းခြင်း၏ အကြောင်းရင်းခံမှ ပြည်ထောင်စုကြီး ပြိုကွဲသွားမည် စိုးသည့်အတွက်ကြောင့်ဟု အကြောင်းပြခဲ့သည်၊ ထိုကြောင့် ဖယ်ဒရယ်ဆိုလျှင် တိုင်းပြည်ပြိုကွဲအောင် ပြုလုပ်မည့် စံနစ်ဟု လူထုကို လှည့်ဖျား ခြိမ်းခြောက်ထားခဲ့သည်။
ဗိုလ်နေဝင်းလက်ထက်တွင် ပြည်တွင်းစစ် မငြိမ်းခဲ့ပါ။ ယနေ့ ဗိုလ်သန်းရွှေ လက်ထက် တွင် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ကြီးများနှင့် ငြိမ်းချမ်းရေး ပြိုကွဲရန် တာစူလျက်ရှိ နေပြီဖြစ်သည်။ DKBA နှင့် မြဝတီ၊ ဘုရားသုံးဆူတိုက်ပွဲတို့က ပြည်တွင်းစစ် အရှိန်နှင့် တောက်လောင်တော့မည်ဟု မီးနီပြနေပြီဖြစ်သည်။
၈၈ ကျောင်းသားများ တောခိုလာပြီးနောက် ဖယ်ဒရယ်မူကို အများပြည်သူ သိရှိနား လည်လာရန် တဆင့်ဖြန့်ဖြူးနိုင်ခဲ့သလို တိုင်းရင်းသား အစွန်းရောက်မျိုးချစ်များကိုလည်း သီးခြားနိုင်ငံထူထောင်လိုမှုကို ရုတ်သိမ်းစေရန် ဆွေးနွေးညှိုနှိုင်းခဲ့ကြသည်။ ယနေ့ပြည်တွင်းရှိ အဓိကပါတီ NLD က ဖယ်ဒရယ်မူကို လက်ခံစကားပြောလာသဖြင့် တိုင်းရင်းသား ခေါင်း ဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားလာခဲ့ကြသည်မှာ အားတက် စရာပင် ဖြစ်သည်။
ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာမှ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ပင်လုံ ဒုတိယညီလာခံ ပြုလုပ်မှာကို ထောက်ခံကြောင်း ဆိုခဲ့သလို၊ ရှမ်းတောင်ပိုင်း SSA ခေါင်းဆောင်ကလဲ ယုံကြည်ကိုးစားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ထို့အတူ ဝခေါင်း ဆောင်များကလဲ NLD ကို ယုံကြည်ကြောင်း ပြောကြားဘူးသည်။ KNU နှင့် မွန်ခေါင်းဆောင် များကလဲ ဒေါ်အောင်ဆန်းစုကြည်ကို တမျိုးသားလုံးကို စည်းရုံးပေးနိုင်မည့် ခေါင်းဆောင် အဖြစ် မြင်ကြသည်။ ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးထလာတယ်။ ဇီုမီးအမျိုးကောင်စီဥက္ကဋ္ဌ ဦးဖုရှင်းထန်က ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်တွေ ဒေါ်အောင်ဆန်းစုကြည်ဆီမှာရှိတယ်ဟု ပြောခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အကောင်းမြင် တယ်လို့ ဆိုခဲ့တယ်။ KIO ဗိုလ်မှုးချုပ် ဂွမ်မော်ကလည်း ရှေ့မှာ တယောက်နဲ့ တယောက် ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ထပ်မဖြစ်အောင် ကြိုးစားဖို့လိုတယ်လို့ ဆိုခဲ့ပြီး ကရင်နီအမျီုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခူးထယ်ဗူးတယ်က ကရင်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ကြိုဆိုတယ်၊ ဖယ်ဒရယ်ကို အားပေးမယ်၊ ထောက်ခံမယ်လို့လည်း ယုံကြည် တယ်လို့ ဆိုခဲ့တယ်။ ထိုကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများကရော၊ တိုင်းရင်း သားနိုင်ငံရေးပါတီခေါင်းဆောင်များက ပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ရော၊ သူမ၏လုပ်ရပ်အရပါ ယုံကြည်မှု ရှိနေကြောင်းကို ဖော်ထုတ်ပြသခဲ့ကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ တောက်လောင်နေခဲ့သော ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် လုပ်ဆောင်ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်အဖြစ်မြင်သည်။
တပ်မတော်သားများ ဘဝ
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တပ်မတော်သားများက ထိပ်တန်းမှ ပါဝင်ခဲ့ ကြသည်။ ပါလီမန် ဒီမိုကရေစီခေတ်တွင် တပ်မတော်သားများ ရိက္ခာဖူလုံစွာ ရရှိခဲ့ကြသည်။ သာမန်စစ်သားများအတွက် အထူးဆိုင်များမှ လျော့ဈေးဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြသည်၊ ရုပ်ရှင်ရုံ တွင် ကြည့်လျှင် တဝက်ဈေးနှင့် ကြည့်ခွင့်ရကြသည်။ သို့ရာတွင် ပြည်တွင်းစစ်တွင် မြန်မာ့ တပ်မတော်သားများ၏ အသက်ပေါင်းများစွာကို ပေးလှူခဲ့ကြရသည်။
မဆလခေတ်တွင် တပ်သားများ အခွင့်အရေးများ မရှိတော့ချေ။ သို့ရာတွင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များအတွက် ပဒုမ္မာပြခန်းဆိုသည့် အထူးဆိုင်များ၊ သီးသန့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာခဲ့ရပြီး တပ်မတော်သားများ ဘဝများစွာ နိမ့်ကျသွားခဲ့ရသည်။ ယနေ့ နအဖခေတ်တွင် မိမိစုငွေကိုပင် မိမိပြန်မရနိုင်သည့် ဘဝသို့ ရောက်နေရသည့် အခြေအနေ ဖြစ်သည်။
ပြည်တွင်းစစ်
ပြည်တွင်းစစ်ရှိနေသမျှ မြန်မာပြည်ကြီး တိုးတက်ဖွံ့ဖြိုးမှု ဖြစ်မလာနိုင်ပါ။ ပြည်တွင်း စစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်သားများ အများအပြား သေကြေပျက်စီးကြသလို၊ ပြည်သူ အသက်ပေါင်းများစွာ မြေဇာပင်ဖြစ်ခဲ့ကြရသည်။
ယနေ့ခေတ်အထိ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်တွင် လူတသန်း အနည်းဆုံး သေဆုံးခဲ့မည်ဟု မှန်းဆနိုင်ပါသည်။ ဘယ်အရာနှင့်မှ မလဲနိုင်သော လူ့အသက်ပေါင်းများစွာ ပြည်တွင်းစစ်တွင် စတေးခဲ့ရသည်။ ၎င်းပြည်တွင်းစစ်ကို လက်ရှိတပ်မတော်မှ ခေါင်းဆောင် များက အမှန်တကယ် အဆုံးသတ်စေချင်ပါက တိုင်းပြည်ရှိပြည်သူလူထုက ချစ်ခင်လေးစား သော ဒေါ်စုနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ၎င်းတို့ကိုယ်တိုင် ပါဝင်၍ ပြုလုပ်သင့်ပေသည်။ နအဖခေါင်းဆောင်များ ပြည်တွင်းစစ်ကို အဆုံးသတ်ချင်သော သူများ ဖြစ်သလော၊ ပြည်တွင်းစစ်ကို မီးမွှေးနေသူများ ဖြစ်သလော အဖြေထုတ်ရန် အချိန်ကျပြီဟု မြင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ
ယနေ့မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်လောက် လူချစ်လူခင်များသောသူ တဦးမှ မရှိကြောင်း သူမ လွတ်လာသောနေ့နှင့် မိန့်ခွန်းပြောသော နေ့တို့တွင် သိနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်သူလူထု၏ ချစ်ခင် လေးစားမှုကို ခံရသလို တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသည့် အတွက် ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းပြည်ထူထောင်ရေးကို ဦးဆောင်ခွင့် ရမည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ပြန်လည်ဦးမော့လာနိုင်ပါသည်။ ထိုကြောင့် ထိုကဲ့သို့ ရှားရှားပါးပါး ပြည်သူထောက်ခံမှု ရရှိထားည့် ခေါင်းဆောင်ကို ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတာ မျိုးထက် သူမသိရန်လိုသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ကူညီရိုင်းပင်းခြင်း တို့ဖြင့်သာ ဝန်းရံဘို့လိုပါသည်။ အခြေအနေ အရပ်ရပ်ကို ဘက်စုံမှ တင်ပြကြ၍ ဆုံးဖြတ်ပိုင်းဖြတ်မှုကို သူမဘာသာ ပြုလုပ်စေခြင်းဖြင့် သူမ၏ အခန်းကဏ္ဍကို မြှင့်တင် ပေးရမည်ဖြစ်ပါသည်။ NLD ပါတီအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်ကို အကောင်အထည်ဖော်ရာ၌ မိမိအတွင်းစည်း ဒီမိုကရေစီအင်အားစုများကြားတွင် သဘောထား ကြီးကြီးထား၍ စည်းရုံးခြင်းဖြင့် စတင်သင့်သည်ဟု မြင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုကြီး ကို ဦးဆောင်နိုင်မည်ဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို ဦးဝင်းတင်က ဒေါ်စုနဲ့ ပြည်သူတွေနိုင်တယ်၊ ဘီဘီစီက ဒေါ်တင်ထားဆွေကလည်း ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကနိုင်ပြီး စစ်အစိုးရက ရှုံးတယ်လို့ သုံးသပ်သွားပါသည်။ ဒေါ်တင်ထားဆွေက ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးခြင်းဟာ အစိုးရလုပ်ရပ်ကို အယုံအကြည်မရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်ပြီး ပြည်သူတွေ ယုံကြည်မှု မရှိတဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ မပြောနိုင်ဘူး။ မဲမသမာမှု လုပ်ရပ်တွေကြောင့် ပြည်သူတွေကို နာကြည်းမှု ဖြစ်စေနိုင်တယ်။ ရွေးကောက်ပွဲဟာ တရားဝင်အုပ်ချုပ်ခွင့်ရဖို့ လုပ်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် တရားဝင်မှု Legitimacy လည်း အားနည်းတယ်။ မဲလိမ်တဲ့ ကိစ္စဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အစိုးရကို ဂုဏ်သိက္ခာကျစေခဲ့တယ်။ ထို့အတူ ဝင်ရောက် မဲရွေးခဲ့ကြတဲ့ ကိုယ်စားတွေကလည်း စစ်အစိုးရအပေါ် ယုံကြည်မှုကို ကင်းမဲ့စေ ခဲ့တယ်။ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့် နိုင်ငံတကာဖိအားတွေကလည်း မပြောက်ကွယ် ဘဲ ဆက်လက်တည်ရှိနေမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲသာ လုပ်လိုက်ရတယ်၊ စစ်အစိုးရ အမြတ်မထွက်ပဲ အရှုံးကြီးရှုံးသွားပြီး ပြည်သူတွေက အနိုင်ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
ကျွန်တော့အနေနဲ့ကတော့ စစ်အစိုးရ တကယ်ရှုံးတယ် မရှုံးဘူးဆိုတာထက် အရှုံး အမြတ်ကို တခဏခြင်း လုပ်ရပ်နဲ့ တိုင်းတာလို့ မရဘူးလို့ ထင်ပါသည်။ အမြတ်ထွက်တဲ့ ကိစ္စတွေ အတိုက်အခံဘက်မှာ ရှိသလို စစ်အစိုးရဘက်မှာ ရှိတယ်လို့ မြင်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါသည်။ စစ်အစိုးရ ခွက်ခွက်လန်အောင် ရှုံးပါသည်။ ဒါပေမဲ့ ရေရှည်မှာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို NLD က အကောင်အထည်မဖော်နိုင်၊ ဖော်ခွင့် လည်းမရတဲ့အတွက် ရေရှည်မှာ NLD ရှုံးတယ်လို့ ပြောရမှာ ဖြစ်ပါသည်။
ယ္ခုလည်း မဲလိမ်မဲခိုးမှုတွေကြောင့်၊ လူတွေ စိတ်ဝင်စားမှု နည်းတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲကြောင့် ရှုံးတယ်ဆိုရင် နအဖဟာ ရွေးကောက်ပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အမျိုးဆက် ခေါင်းဆောင်တွေကိုဖမ်းပြီး ပြုလုပ်ခဲ့သော်လည်း အာဆီယံကလည်း ရွေးကောက်ပွဲ ညစ်ပတ်မှုတွေကို ထုတ်မပြောဘဲ ကြိုဆိုပြီး ထောက်ခံလိုက်ပါသည်။ တရုတ်၊ အိန္ဒိယမှလည်း လက်ခံလိုက်ပါသည်။ ဥရောပမှ အစိုးရများကလည်း တက်လာတဲ့ အစိုးရနဲ့ ဆက်လက်ညှိုနှိုင်း သွားမယ်လို့ ဆိုခဲ့ပါတယ်။ နိုင်ငံတကာက ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့ မသမာတဲ့ ရွေးကောက်ပွဲကြီးကို သိပင်သိငြားသော်လည်း ဒီရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ၎င်းရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကိုလည်း အသိအမှတ်မပြုကြောင်းကို ဘယ်နိုင်ငံကမှ မပြောခဲ့ကြတာကို သိကြဖို့ ကောင်းပါသည်။
ထိုအချက်က စစ်အစိုးရသည် မည်ကဲ့သို့ ညစ်ပတ်စွာ လုပ်ခဲ့လုပ်ခဲ့ နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံနေဦးမည်ဆိုတာ သတိပြုမိဖို့ လိုပါသည်။ ထို့ကြောင့် ပြည်တွင်းမှာ ပလူပျံအောင် ကန့်ကွက်နေသော်ငြားလည်း အမေရိကန်နိုင်ငံအပါအဝင် တရုတ်နိုင်ငံအဆုံး စစ်အစိုးရက လက်ပြောင်းတင်လိုက်တဲ့ အစိုးရသစ်ကို ကန့်ကွက်ဖို့ မရှိဘူး။ ဆက်လက် ဆက်ဆံသွားဖို့သာရှိပါသည်။
အချုပ်အားဖြင့်။ ။၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးသွားသော်လည်း နအဖသည် အာဏာကိုဆက်လက်ယူထားနိုင်သလို ယ္ခု ၂၀၁၀ တွင်လည်း ညစ်ပြီး နိုင်သွားသည့်အခါ အာဏာဆက်လက်ယူထားခြင်းကိုလည်း နိုင်ငံတကာက မည်သို့မျှ ကန့်ကွက်သွားလိမ့်မည် မဟုတ်၊ ထိုကဲ့သို့ အနိုင်ယူထားခြင်းကို ဒီမိုကရေစီအင်အားစုများက မတိုက်နိုင်လျှင် ဒုတိယမ္ပိ အရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။
အနာဂါတ်တိုက်ပွဲ
ကဲဒါဖြင့် ဘယ်လို လုပ်ကြမလဲ? ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တဖက်မှ ပြောနေသလို နအဖကို တရားစွဲဖို့လည်း လုပ်နေတာ တွေ့ရသည့်အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ မြင်ပါသည်။ နောက်တခုက နအဖခန့်ထားတဲ့ တရားသူကြီး နအဖဖွဲ့စည်းပေးထားသည့် တရားရုံးတွင် နအဖကို တရားစွဲမည် ဟူသည်က အမှန်တကယ်တော့ အချိန်ကုန်လူပန်း လုပ်ရပ်ဖြစ်ပြီး အဓိပ္ပါယ် လည်း မရှိဘူးဟု သုံးသပ်ပါသည်။ တင်းမာရေး လမ်းစဉ်ကို ပြန်သွားနေတယ်လို့ နအဖက စွပ်စွဲမှာ မလွဲပါဘူး။ ထိုလုပ်ရပ်သည် ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးကို အခိုင်အမာ ပြဋ္ဌာန်းထားသည့် နိုင်ငံတွေမှာ ပြည်သူအများက သူတို့ကို အစိုးရက မတရားပြုကျင့်ရင် အခြေခံဥပဒေထဲမှာပါတဲ့ သူတို့ရဲ့ ခုခံပိုင်ခွင့်အရ အစိုးရကို တရားရုံးမှာ တရားစွဲပိုင်ခွင့် ရှိပါသည်။ တရားရုံးများကလည်း အုပ်ချုပ်သူ အစိုးရ၏ အာဏာစက်မှ သီးခြားကင်းလွတ်သည့် တရားရုံးများ ဖြစ်တဲ့အတွက် တင်လာတဲ့ အမှုများကို သမာသမတ်ကျကျ စီစစ်ပြီး အစိုးရက ဥပဒေမဲ့ ပြုကျင့်မှု လုပ်သည်ဆိုတာကို ထင်ရှားခဲ့ရင် တရားစွဲသူ ပြည်သူကို အနိုင်ပေးပါသည်။ ထိုကဲ့သို့ အစဉ်အလာ မြန်မာ့တရားစီရင်ရေးတွင် မရှိသေးပါ၊ မပေါ်ထွန်းသေးပါ။
NLD ပါတီအနေဖြင့် ထို့ထက်အရေးကြီးသော အကြောင်းအရာတွေ လုပ်ရန် အများကြီးရှိပါသည်။ ပြည်သူထောက်ခံမှု တခဲနက်ရနေသော ဒေါ်စုအနေဖြင့် ပြည်သူများ ပူနွေးတက်ကြွနေသော အချိန်တွင် ရန်ကုန်တိုင်းအတွင်း မည်သည့်နေရာ မည်သည့်နေ့ရက် တွင် တရားပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာပြီး အနာဂါတ်မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် တိုင်းပြည်ကို မည်ကဲ့သို့ ပျိုးထောင်မည်ဟု ဟောပြောပွဲများ ပြုလုပ်သင့်ပါသည်။ နအဖကို ပုပ်ခတ်ပြောဆိုမှု မလုပ်ဘဲ မိမိတိုင်းပြည်အပေါ် ဖြစ်စေချင်သော ဆန္ဒကို ထုတ်ဖော်ခြင်း၊ လတ်တလော ဒုက္ခရောက်နေသော ရခိုင်လေဘေး ဒုက္ခသည်များနှင့် နာဂစ် လေးဘေးဒုက္ခသည်များကို ကူညီရိုင်းပင်းရန်အတွက် ဖောင်ဒေရှင်းများ တည်ထောင်ခြင်း စသည်တို့ကို စဉ်းစားသင့်ပါသည်။ ပြည်သူအများ ပါဝင်လာနိုင်သည့် အလုပ်များ၊ လမ်းစဉ်များကို ချပြ၍ Grass Root အောက်ခြေလူထု ၏ (ကိုယ်ထူကိုယ်ထ) မီစံကိန်းများကို ဦးစီးပြုပေးခြင်းဖြင့် NLD နှင့် လူထုအကြား တသားတည်း ဖြစ်စေမည့် အခြေအနေကို ဖန်တီးသင့်ပါသည်။ လူထု သည် တရားပွဲ နားထောင်၍ ပြန်သွားသည့် အနေအထားမျိုး မဟုတ်ပဲ NLD နှင့် ပေါင်းစပ်လက်တွဲလုပ်နိုင်သည့် လုပ်ကွက်များကို ဖန်တီး၍ ဦးဆောင်မှု ပြုရန် လိုပါသည်။ ထို့အတူ ဒီမိုကရေစီ အင်အားစုများနှင့် ညှိုနှိုင်းပြီး တူသည့်အရာများကို လက်တွဲလုပ်ခြင်းဖြင့် ပြည်သူ့အကျိုးကို လက်တွေ့ကျကျ ကွင်းဆင်း အကောင်အထည်ဖော် ကြရမည်ဖြစ်သည်။ နအဖ မလုပ်ပေးသော မလုပ်နိုင်သော အလုပ်များကို Civic အဖွဲ့အစည်းများ ဖွဲ့၍ ပြုလုပ်နိုင်ရန်နှင့် အရေးကြီးဆုံးမှာ Civil Society လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အားပေးကူညီခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် တောင်သူလယ်သမား ၇၅ % ရှိသည့်အတွက် တောင်သူလယ်သမားအစည်းအရုံးများ သမဂ္ဂများ ပေါ်ထွက်လာရန် အားပေးကူညီခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခြင်းကို အားပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ပျိုးထောင်ရာတွင် ကူညီခြင်း ထောက်ခံပံ့ပိုးခြင်းတို့သည် ယနေ့ NLD ပါတီ ဦးစားပေးလုပ်ရမည့် အလုပ်များ ဖြစ်လာနိုင်ပါသည်။ ဖြစ်လျှင် အလွန်ကောင်းမည်ဟု ယူဆပါသည်။
တပ်မတော်
တပ်မတော်တွင် လူအင်အားကို တိုးချဲ့၍ စစ်ဗိုလ်ချုပ်များ နအဖလက်ထက်တွင် မှိုလိုပေါက်လာခဲ့သော်လည်း သာမန်စစ်သားများ၏ ဘဝသည် ဒုံရင်းဒုံရင်း ဘဝမှ မတက်ဘဲ ၎င်းတို့၏ သမီးမယားများ မကောင်းသည့်အလုပ် လုပ်စားရသည့် အနေအထားသို့ပင် အချို့ မိသားစုများ စားဝတ်နေရေးအခက်အခဲကြောင့် ရောက်ရှိနေခဲ့ကြပါသည်။ နိုင်ငံတကာရှိ တပ်မတော်သားများ ဘဝနှင့် နှိုင်းယှဉ်၍ မြန်မာ့တပ်မတော်သားများဘဝ မြှင့်တင်လာရေး ကိုလည်း ဒီမိုကရေစီအင်အားစုများက အခွင့်သင့်လျှင် သင့်သလို ထုတ်ဖော်ပြောဆိုကြဖို့ လိုပါသည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် မြန်မာစစ်ဗိုလ်စစ်သားများ အဘယ်ကြောင့် ပါဝင်ခွင့်မရသနည်း၊ မပါဝင်ခဲ့သနည်း စသည်မေးခွန်းများကို ဖြေဆိုသင့်ပါသည်။ တခြားနိုင်ငံရှိ တပ်များ၊ ကုလသမဂ္ဂ အလံတော်အောက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်သော တပ်များအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နေကြသလို မြန်မာတပ်များ အဘယ့်ကြောင့် တာဝန် ထမ်းဆောင်ခွင့်မရသနည်း။ ထိုခဲ့သို့ တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ကမ္ဘာအရပ်ရပ်တွင် လှည့်လည်သွားလာနိုင်၍ ပညာဗဟုသုတ ရရှိနိုင်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကူညီ စောင့်ရှောက်နေသော တပ်မတော်သားများအဖြစ် ဂုဏ်ယူနိုင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။
ပြည်တွင်းစစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို တပ်မတော်သားများကလည်း လိုလားကြမည်ဟု ယုံကြည်မိပါသည်။ ကိုယ့်တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် သတ်ဖြတ်နေရသော အလုပ်ကို မည်သည့် မျိုးချစ်စိတ်ရှိသောသူကမျှ လိုလိုလားလား ထောက်ခံအားပေးလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် တိုင်းရင်းသားအင်အားစုများနှင့် အများသဘောတူ သည့် အချက်အလက်များကို ဆွေးနွေးညှိုနှိုင်းအတည်ပြုရန်အတွက် ပင်လုံညီလာခံ ကဲ့သို့သော ညီလာခံကြီးကို ခေါ်ယူဖို့ NLD က ဦးစားပေး ဆောင်ရွက်ဖို့ လိုသည်။ ညီလာခံ ခေါ်ယူမည်ဆိုသည့် အတွေးအခေါ်သည် အလွန်ကောင်းမွန်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး တိုးတက်ကြွယ်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် အလွန်အရေးကြီးသဖြင့် ထောက်ခံပါသည်။ အထူးလုပ်သင့်လုပ်ထိုက်သော အလုပ်လည်း ဖြစ်ပါသည်။ ပြည်တွင်းစစ်အဆုံးသတ်ရေး ဦးတည်ချက်ကြောင့် တပ်မတော်တွင်းရှိ ကိုယ့်အချင်းချင်း သတ်ဖြတ်နေရမှုကို မနှစ်မြို့သော မျိုးချစ်တပ်မှုးများနှင့် အောက်ခြေထု တပ်မတော်သားများ၏ ထောက်ခံမှုကို မလွဲမသွေ ရရှိနိုင်မည်ဟု ယူဆပါသည်။ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိစ္စကို နောက်တပိုင်းတွင် ဆက်လက်ဖော်ပြသွား ပါမည်။
Tuesday, November 16, 2010
ဘုရားသုံးဆူရှိ ဒီကေဘီအေ တပ်စခန်းကို နအဖတပ် ၀င်ရောက်နေရာယူ
နိုဝင်ဘာလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ဗွီဒီယိုက မဇ္ဈိမသတင်းက ၁၅ ရက်နေ့က လွင့်တဲ့ သတင်းကို လက်ရှိ သတင်းနဲ့ ဆက်စပ်ကြည့်နိုင်အောင် ပါ။
နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ဒီကေဘီအေ တပ်စခန်းတခု ဖြစ်သည့် ရာဘာခြံ (ခေါ်) အင်းဝဂိတ်တွင် ယနေ့ နေ့လည်ပိုင်း၌ ၀င်ရောက်နေရာယူလိုက်ကြပြီဖြစ်ကြောင်း မြို့ခံများက ပြော သည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဗိုလ်အေ၀မ်းတို့အဖွဲ့ အကုန်ထွက်သွားတော့ ဒီနေ့ နေ့လယ်အချိန်မှာ နအဖတပ်တွေ မြို့ရဲ့ လုံခြုံ ရေးကို တာဝန်ယူဖို့အတွက်ဆိုပြီး အခု ရာဘာခြံစခန်းကို ၀င်ယူနေကြပြီ။ အင်အားတော်တော်များတာပဲ။”ဟု ပြောသည်။
အဆိုပါ အင်းဝဂိတ်စခန်းသည် ဒီကေဘီအေ (၉၀၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောအေ၀မ်း (ကလိုထူးဘောဗျူဟာ အထူးတပ် ခွဲမှူးဟောင်း) ဦးစီးသည့်အဖွဲ့ထိုင်ခဲ့သော စခန်းတခုဖြစ်ပြီး ယခု နိုဝင်ဘာလဆန်းပိုင်းက ဘုရားသုံးဆူမြို့တွင် နအဖနှင့် ဒီကေဘီအေကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအပြီး ဒီကေဘီအေက တောတွင်းတနေရာသို့ ဆုတ်ခွာသွားခဲ့သည်။
အဆိုပါရာဘာခြံစခန်း၌ ၀င်ရောက်နေရာယူလျှက်ရှိသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၁၀)တပ်ရင်းသည် လက် ရှိအချိန်တွင် ထူးခြားသည့် စစ်ရေးလှုပ်ရှားမှုများ တစုံတရာ ပြုလုပ်ခြင်းမရှိသေးသော်လည်း ထိုးစစ်ဆင်ရန် အစီအစဉ်ရှိသည် ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။
ထိုကဲ့သို့ နအဖစစ်တပ်များက ဒီကေဘီအေ နေရာဟောင်းများကို ၀င်ရောက်နေရာယူသောကြောင့် ဘုရားသုံးဆူမြို့နယ်၊ တောင်ဝိုင်းရှိ ဒေသခံရွာသား ၁၀၀ကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးကာ ပုန်းရှောင်နေထိုင်ကြရသည်ဟု ကိုယ်တိုင် စာရင်း သွားကောက်ယူခဲ့သူ စောဟားရေ့မူးက ပြောသည်။
၎င်းက “တောင်ဝိုင်းဟာ အရင်က ဒီကေဘီအေထိုင်တဲ့ နေရာတွေပဲလေ။ အခု ဗမာစစ်တပ်က ဒီကေဘီအေနေရာတွေ လိုက် ရှင်းနေတော့ ရွာသားတွေ ကြောက်ကြလို့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးထွက်ပြေးလာတာ ဖြစ်တယ်။ ဒါပေမယ့် ထိုင်းအာဏာ ပိုင်တွေက ၀င်ခွင့်မပြုတော့ သူတို့တွေ အတွေ့မခံကြဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ပဲ ချောင်းဆုံချောင်းခွတွေမှာ ပုန်းအောင်းနေထိုင် ကြတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်နေ့မှ ၁၂ရက်နေ့အထိ ဘုရားသုံးဆူမြို့တွင် နအဖနှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကြောင့် ဘုရားသုံးဆူမြို့ခံ ၁ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည့်အပြင် ရွာသစ်၊ ချောင်းဆုံ၊ ကျော့်ဖလူး၊ ကျုံကွီ စသည့်ရွာများမှ သောင်းနှင့်ချီသည့် လူထုမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့သူမြို့သားများမှာ မိမိတို့နေအိမ်သို့ ပြန်လည်အခြေချ နေထိုင်ကြပြီဖြစ်ကြသော်လည်း မြို့ ပြင်ပတ်ပတ်လည်တွင်မူ နအဖ စစ်တပ်များက လုံခြုံရေးယူထားနေဆဲဖြစ်သဖြင့် မြို့နှင့်အလှမ်းဝေးသည့် ရွာသူရွာသား အ တော်များများမှာ မြန်မာဘက်ခြမ်း နယ်စပ်နားတွင် ခိုလှုံနေဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။
သုခကုသိုလ်ဖြစ် ဆေးခန်းသို့ နေ့စဉ်လာရောက် ပြသသူဦးရေ ယခုနှစ်နှောင်းပိုင်းမှစ၍ ၂၀၀ ၀န်းကျင်အထိ မြင့်တက်လာ
thuka
နာမကျန်းသူများအားဆေးဝါး အခမဲ့ဆေးဝါး ကုသပေးနေသော သုခကုသိုလ်ဖြစ် ဆေးခန်းသို့ နေ့စဉ် ပျှမ်းမျှလူနာဦးရေ တစ်ရာကျော် လာရောက်ပြသနေရာမှ ယခုနှစ်နှောင်း ပိုင်းမှစတင်ကာ နှစ်ရာဝန်းကျင် အထိ မြင့်တက်မှုရှိလာကြောင်း အဆို ပါဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
သုခကုသိုလ်ဖြစ်ဆေးခန်းကို ၂၀၀၇ခုနှစ် မတ်လဆန်းက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးခန်း စဖွင့်စဉ်ကာလက တစ်ရက်လျှင် လူနာဦးရေ ငါးဆယ်ဝန်းကျင်သာ လာရောက် ပြသမှုရှိကြောင်း သိရသည်။ သို့ရာ တွင် ၂၀၀၈ ခုနှစ်ဆန်းပိုင်းခန့်မှ စတင်ကာ အဆိုပါဆေးခန်းသို့ ရန်ကုန်မြို့တွင်းရှိ မကျန်းမာသူများသာမက ရန်ကုန်နှင့်အနီးတစ်ဝိုက်ရှိမြို့နယ် များတွင်နေထိုင်ကြသူများပါလာရောက် ဆေးဝါးကုသမှုများရှိလာခြင်းကြောင့် လူနာဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။ ထိုကဲ့သို့ ဆေးဝါးလာရောက်ခံယူသူများ ပိုမိုများပြားလာသည့် နည်းတူ မကျန်းမာသူများကို ဆေးဝါးလာရောက် ကုသပေးနေသည့် ဆရာဝန်ဦးရေမှာ ပိုမိုများပြားလာသည့်အတွက် ယခုအခါတွင် ဆရာဝန်ဦးရေ လေးဆယ်ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။
"အခုဆေးကုသမှု လာရောက် ခံယူကြတဲ့လူနာတွေ အရင်ထက် သိသိသာသာ မြင့်တက်မှုရှိလာတယ်။ ဘာလို့လဲဆိုတော့ ဒီဆေးခန်းမှာက အထွေထွေရောဂါကု ဆရာဝန်တွေ၊ ကလေးအထူးကု၊ အရိုးအကြောအ ထူးကု၊ သားဖွားမီးယပ် အထူးကု၊ မျက်စိအထူးကု၊ အရေပြားအထူးကုစတဲ့ အထူးကုဆရာဝန်တွေနဲ့ သမားတော်တွေ ကိုယ်တိုင်လာရောက် ကုသပေးနေတဲ့အပြင် ဓါတ်ခွဲစစ်ဆေးတာတွေ၊ သလိပ်စစ်တာတွေ၊ ဆီးချို၊သွေးချိုစစ်ဆေး မှုတွေပါအခမဲ့ပြုလုပ်ပေးနေတာတွေ ကြောင့်ပါ။ အဲဒီအပြင်ခွဲစိတ်ကုသဖို့ လိုအပ်တဲ့လူနာတွေကိုလည်း သတ်မှတ်ပေးထားတဲ့ ဆေးရုံတွေမှာ သွားရောက်ခွဲစိတ်ကုသစေပြီး အဲဒီအတွက် ကုန်ကျစရိတ်ကိုပါ ကျခံပေးနေတော့ နယ်တွေမှာရှိတဲ့ လူနာတွေကပါ လာရောက်အားကိုးပြီး ကုသကြတာဖြစ်ပါတယ်"ဟု အဆိုပါ တာဝန်ရှိသူကရှင်း ပြပါသည်။
cerdit by eleven media group
နာရေးကူညီမှူအသင်း(ရန်ကုန်) စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပမည်။
kokyawthu
၂၀.၁၁.၂၀၁၀ (စနေ) နေ့တွင် ကျင်းပမည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို
အသင်းသူ/ သားများစုပေါင်း ပါဝင်လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဒိုးပတ်ဝိုင်းများ၊ ရှမ်းအိုးစည်ဝိုင်းများဖြင့် ၀ဋ်ကြွေးတော်ပြေ ဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ပဒေသာပင်များ သယ်ဆောင် ပို့ဆောင်ကြမည်ဖြစ်ပြီး စုပေါင်းမဟာဘုံကထိန်ပွဲတော် အကြိုအဖြစ် “အောင်သိဒ္ဓိ” ရှမ်းအိုးစည် သာသနာပြုအဖွဲ့မှ နာရေးကူညီမှူအသင်း ဆီရာသို့ သွားရောက်၍ ရှမ်းအိုးစည်အက၊ ဓါးသိုင်းအကများဖြင့် သွားရောက် ကုသိုလ်ယူဖျော်ဖြေမှုတစ်ရပ်ကို ပြုလုပ်သွားကြောင်း သတင်း၇ရှိသည်။
kokyawthu3ko kyaw thu
Share & Enjoy
Twitter Delicious Facebook Digg Stumbleupon Favorites More