မကြာခင်မှာ ကျနော်တို့ရဲ့ (မျှော်လင့်ခြင်းမိခင်) ပြန်လည်လွတ်မြောက် လာတော့မယ့် အရိပ်အယောင် အခြေအနေတွေ ကြားနေရပါတယ်။
ဘယ်လိုပင် လောကဓံတွေ ရိုက်ခတ်ပေမယ့်လည်း ကျနော်တို့ရဲ့ မဗေဒါ ကတော့ ပန်းပန်လျက်ပါပဲခင်ဗျာ...
ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရဲလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုန်းလိုက်ပြန်ပါ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
ဇော်ဂျီ
ဗေဒါလမ်း (၁ဝ)
0 comments:
Post a Comment