Tuesday, November 16, 2010

သုခကုသိုလ်ဖြစ် ဆေးခန်းသို့ နေ့စဉ်လာရောက် ပြသသူဦးရေ ယခုနှစ်နှောင်းပိုင်းမှစ၍ ၂၀၀ ၀န်းကျင်အထိ မြင့်တက်လာ

thuka

နာမကျန်းသူများအားဆေးဝါး အခမဲ့ဆေးဝါး ကုသပေးနေသော သုခကုသိုလ်ဖြစ် ဆေးခန်းသို့ နေ့စဉ် ပျှမ်းမျှလူနာဦးရေ တစ်ရာကျော် လာရောက်ပြသနေရာမှ ယခုနှစ်နှောင်း ပိုင်းမှစတင်ကာ နှစ်ရာဝန်းကျင် အထိ မြင့်တက်မှုရှိလာကြောင်း အဆို ပါဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
သုခကုသိုလ်ဖြစ်ဆေးခန်းကို ၂၀၀၇ခုနှစ် မတ်လဆန်းက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးခန်း စဖွင့်စဉ်ကာလက တစ်ရက်လျှင် လူနာဦးရေ ငါးဆယ်ဝန်းကျင်သာ လာရောက် ပြသမှုရှိကြောင်း သိရသည်။ သို့ရာ တွင် ၂၀၀၈ ခုနှစ်ဆန်းပိုင်းခန့်မှ စတင်ကာ အဆိုပါဆေးခန်းသို့ ရန်ကုန်မြို့တွင်းရှိ မကျန်းမာသူများသာမက ရန်ကုန်နှင့်အနီးတစ်ဝိုက်ရှိမြို့နယ် များတွင်နေထိုင်ကြသူများပါလာရောက် ဆေးဝါးကုသမှုများရှိလာခြင်းကြောင့် လူနာဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။ ထိုကဲ့သို့ ဆေးဝါးလာရောက်ခံယူသူများ ပိုမိုများပြားလာသည့် နည်းတူ မကျန်းမာသူများကို ဆေးဝါးလာရောက် ကုသပေးနေသည့် ဆရာဝန်ဦးရေမှာ ပိုမိုများပြားလာသည့်အတွက် ယခုအခါတွင် ဆရာဝန်ဦးရေ လေးဆယ်ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။
"အခုဆေးကုသမှု လာရောက် ခံယူကြတဲ့လူနာတွေ အရင်ထက် သိသိသာသာ မြင့်တက်မှုရှိလာတယ်။ ဘာလို့လဲဆိုတော့ ဒီဆေးခန်းမှာက အထွေထွေရောဂါကု ဆရာဝန်တွေ၊ ကလေးအထူးကု၊ အရိုးအကြောအ ထူးကု၊ သားဖွားမီးယပ် အထူးကု၊ မျက်စိအထူးကု၊ အရေပြားအထူးကုစတဲ့ အထူးကုဆရာဝန်တွေနဲ့ သမားတော်တွေ ကိုယ်တိုင်လာရောက် ကုသပေးနေတဲ့အပြင် ဓါတ်ခွဲစစ်ဆေးတာတွေ၊ သလိပ်စစ်တာတွေ၊ ဆီးချို၊သွေးချိုစစ်ဆေး မှုတွေပါအခမဲ့ပြုလုပ်ပေးနေတာတွေ ကြောင့်ပါ။ အဲဒီအပြင်ခွဲစိတ်ကုသဖို့ လိုအပ်တဲ့လူနာတွေကိုလည်း သတ်မှတ်ပေးထားတဲ့ ဆေးရုံတွေမှာ သွားရောက်ခွဲစိတ်ကုသစေပြီး အဲဒီအတွက် ကုန်ကျစရိတ်ကိုပါ ကျခံပေးနေတော့ နယ်တွေမှာရှိတဲ့ လူနာတွေကပါ လာရောက်အားကိုးပြီး ကုသကြတာဖြစ်ပါတယ်"ဟု အဆိုပါ တာဝန်ရှိသူကရှင်း ပြပါသည်။
cerdit by eleven media group

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More