Saturday, November 13, 2010

မြန်မာ့အရေး သတင်းတိုများ

ရွှေဂုံတိုင်တွင် အမှာစကား ပြောမည်

ဒေါ်အောင်ဆန်းစုကြည် သံအမတ်များအဖွဲ့ နင့် တွေ့ ဆုံပြီးသွားပါပြီ။ဒေါ်အောင်ဆန်းစုကြည် ညနေ ၄ နာရီတွင် ရွှေဂုံတိုင် ရုံး မှ လူထုအား စကားပြောမည်၊၁၆၊၁ရ ရက်နေ့ များတွင် စစ်ကိုင်း မြို့ တွင် သားဖြစ်သူအား ရဟန်း ခံပေးမည်ဟု သိရ...ဆက်လက်ပြီး  ဒုတိယ  ပင်လုံ စာချုပ် ချုပ်ဆိုနိုင်ရန်  ပင်လုံမြို့ သွားမည် ဟုသိရပါသည်။



ကြံ့ဖွတ်တွေ ယုတ်မာ မည်ဟု သတင်းရ

 အခုအင်းစိန်ဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေကို အတင်းပိတ်ခိုင်းနေပါတယ်။ အကြောင်းကတော့... ဈေးထဲမှာ ဗုံးရှိနေလို့ဝင်ရှာချင်လို့ဆိုပဲ။ အကြံအစည်ကတော့ ဘာရယ်မသိဘူး။ လုံထိမ်းရဲကားတွေကလည်း အကုန်ပတ်နေပါတယ်တဲ့။

တာမွေဘက်က ကြံ့ဖွတ်တွေ အမေစုကို အကောက်ကြံရန်ပြင် ဆင်နေတယ်လို့ အထောက်တော်များမှ သတင်းရရှိပါတယ် ။ အကျဉ်းသား ၂၀၀ လောက်ကို တာမွေဈေး နဲ. တရုတ်သင်းချိုင်းနားက တန်းလျှားတွေမှာ ကျွေးမွေးပြီးတော့ လူထုထဲကို လွတ်ပြီး ဒီပဲယင်းလို လုပ်မယ်လို. သတင်းကြား...ရပါတယ်။ နားနှာခေါင်းလည်... ချောင်းဆေးရုံနောက်ကို သတိထားကြည့်ကြပါခင်ဗျာ.။သတိဆိုတာ ပိုတယ် မရှိပါဘူး ခင်ဗျာ ။ သူတို့တွေရဲ့ ယုတ်မာတဲ့စိတ်ထားကို သတိထားနိုင်ပါမှ တော်ကာ ကြမှာပါ ။ တိုင်းပြည်ရဲ့ ရတနာတပါး ဖြစ်တဲ့ အမေစုကို ၀ိုင်းဝန်း ကာကွယ်စောင့်ရှာက်ပေးကြပါ ။


တွစ်တာမှာ ဒေါ်စုအကြောင်း ပြောနေကြ

လွန်ခဲ့တဲ့ ၂ နာရီအတွင်း ကမ္ဘာတဝှန်း လူမှုဆက်သွယ်ရေး ကွန်ယက်တခုဖြစ်တဲ့ တွစ်တာ Twitter သုံးစွဲသူတွေကြား ဆွေးနွေးမှုအများဆုံး အကြောင်းအရာ ထိပ်ဆုံးတန်းဝင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ပါတယ်။ အများဆုံး ပြောကြတဲ့ အကြောင်းအရာ ၁ဝ မျိုးထဲမှာ အဆင့် ၄ လိုက်ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်က တွစ်တာ အသုံးပြုချင်တယ်လို့ ပြောဆိုကြောင်း သူမရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက သတင်းဌာနများကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်ေန့မှာ ပြောခဲ့ပါတယ်။


ကြွေးကြော်သံများအော်၍ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို

ရွှေဂုံတိုင် NLDရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် လူပေါင်း တထောင်ခန့် ရောက်ရှိနေပြီး လုံခြုံရေး တပ်ဖွဲ များ နှင့် စွမ်းအားရှင် အင်အား စုစုပေါင်း ၂၀၀ ခန့်ကလည်း လမ်းတဘက်ရှိ ယုဇန တာဝါဘက်တွင် နေယူထားသည်ဟု သတင်းရ သည်။ ရုံးရှေ့ရှိ လူအုပ်ကြီးမှ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး စောင့်ဆိုင်း နေသည်။


ဒေါ်စု ခြံဝင်းထဲ သံတမန်တွေ အဝင်အထွက်ရှိ

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲကို ရန်ကုန်အခြေစိုက် သံရုံးတချို့မှ သံတမန်တွေ ဝင်ထွက်သွားလာတာကို တွေ့ရတယ်လို့ အခြေအနေကို စောင့်ကြည့်နေတဲ့ မဇ္ဈိမ သတင်းထောက်တွေက ပြောပါတယ်။

ကုက္ကိုင်းလမ်းဆုံအနီးမှာလည်း သတင်းစာဆရာတွေ အပါအဝင် စောင့်ဆိုင်းသူ ၈ဝ လောက်ရှိတယ်လို့ သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်၏သား ပြည်ဝင်ခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းသည် သူ၏ မိခင်နှင့် တွေ့ဆုံရန် ယခုရက်အတွင်း မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာရရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။ ကင်မ် အဲရစ်သည် ဗီဇာအကြိမ်ကြိမ် လျှောက်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ယခုအကြိမ်ဗီဇာရခဲ့လျှင် ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။



ဒေါ်အောင်ဆန်းစုကြည်ကို သွေးလှူပြီး ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ကို ကြိုဆိုသည့် အနေဖြင့် NLDပါတီ လူငယ်အဖွဲ့ဝင် ၁၀၀ ကျော်က ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် ယနေ့ သွေးလှူဒါန်းမှု ပြုလုပ်ကြောင်း သတင်းရသည်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့မည်ဖြစ်ပြီး စစ်အစိုးရက ပြန်လည် လွှတ်ပေးလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More