Sunday, October 31, 2010

ပြည်တွင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး တိုက်ပွဲတွေ စတင်နေပြီ


တောင်ဒဂုံမှာ ကျောင်းသား လူငယ် ၁၀၀ ကျော် စတင် တိုက်ပွဲဝင်နေပါပြီ။ ယနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ် (၂၀)ရပ်ကွက် အဖွဲ့ချုပ် မြို့နယ်စည်း ဒေါ်ဥမ္မာရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ အဖွဲ့ချုပ်လူငယ် (၁၂၀)ခန့် တူညီဝတ်စုံများ တီရှပ်များဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပြီး အပြန်မှာ မဲမပေးရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြန်ထွက်လာတဲ့ အချိန်မှာ အာဏာပိုင် ရဲဝန်ထမ်း ၁၂ဦးမှာ တားဆီးတာခံခဲ့ရပြီး ရဲများက အုပ်စုလိုက်မဟုတ်ဘဲ လူခွဲပြီးသွားဖို့ ပြောပါတယ်..ဖမ်းတာဆီးတာတော့မလုပ်ခဲ့ပါလို့ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူငယ်တစ်ဦးက ပြောဆိုပါတယ်။ 

Saturday, October 30, 2010

အောက်တိုဘာလ Breaking News


မြန်မာပြည်သူများထံ အမှာစကား ပန်ကြားချက် Click

 ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာနိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်) Click

 မဲမပေးရေး လှုပ်ရှားသူ လူငယ်များ တားမြစ်ခံရ  Click

 အထူးအယူခံက ဥပဒေစိုးမိုးမှုကို သက်သေပြရန်ဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 ကျောက်ဖြူခရိုင် ဥက္ကဌကို လေဘေး အမျိုးသမီးတစ်ဦးက မက်မန်းခေါက်ဆွဲထုပ်ဖြင့် ပစ်ပေါကClick

မူဆယ်မြို့ ရပ်ကွက်ဥက္ကဌအိမ် သေနတ်ပစ်ခံရ ရပ်ကွက်ဥက္ကဌအပါအ၀င် ၂ဦးသေဆုံး Click

 ကျောက်ဖြူ ရဲစခန်းပြန်ပြင်ရေး အစည်းအဝေးပျက် Click

 မဲရုံတွေကို မသွားပါနဲ့၊ မဲမပေးပါနဲ့ (ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်) Click

ထားဝယ် ရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အဓိကဆိပ်ကမ်းဇုန် အဖြစ် ပြုလုပ်မည် Click

 မြန်မာနိုင်ငံ၌ လက်ရှိလူဦးရေ သည် ၅၀ ဒသမ ၅ သန်းရှိကြောင်း ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့လူဦးရေ အစီရင်ခံစာက ဖော်ပြ၊ ၃၄ ရာခိုင်နှုန်းမှာ မြို့ပြနေသူများဖြစ်ပြီး နှစ်စဉ် ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက Click

 နန်နင်းကုန်စည် ပြပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ မြန်မာစာနယ်ဇင်း သမား ၂ ဦး သတင်းလိုက်ပါယူ Click

 အင်းလေးကန်ရေ ၄ ပေ လျော့ကျနေသော်လည်းဖောင်တော်ဦးဘုရားပွဲအောင်မြင်စွာကျင်းပပြီးစီး Click

 မော်ဒယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရသပေါ်လွင်သရုပ်ဆောင်လွင်ပြင် Click

 

 

 

22နှစ် မြောက် မိခင်မွေးနေ့ သို့ 



ABSDF ……….
ရဲဘော်များအား အလေးပြုပါတယ်
အာဏာရှင်စနစ်အား တိုက်ခဲ့သည်မှာ
၂၂နှစ်တောင် ပြည်ခဲ့လေပြီ။
ရာသီစက်ဝန်း ဖြစ်ရပ်မျိုးစုံ အဖုံဖုံကို
မောင်ကျောင်သားတို့ 
ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ်
သတ်မှတ်ခဲ့í
ကျောက်စာပေစာ ပရပိုက် က
ဗမာ့သမိုင်းမှာ သူရဲကောင်းအဖြစ်
မှတ်တမ်းတင်ထားနိုင်လေပြီ


ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ်က
ခွပ်ဒေါင်းရဲဘော် ကိုထွန်းအောင်ကျော် မှ အစပြု၍
ကိုယ့်ရင်သွေးပမာ ရဲဘော်သံခဲ သတ္တိသွေး က
သာမာန်ထွားကြိုင်း ရှုတိုင်းမျှော်သည်
တူညီကြတဲ့ အယူအဆတွေက ထပ်တူထပ်မျှ
ပြည်သူချစ်သမို့ ဂုဏ်ယူဝမ်းမြောက်ပါပေသည်။
သမိုင်းစဉ်ဆက်ပေးဆပ်ခဲ့သည့်
ကျောင်သားတပ်မတော် ခွပ်ဒေါင်းတွေက
ပဲခူးမှလုပ်ရပ် တီထွင်ဆလို့ 
ကြိုးစားပြန်လဲ ပြည်သူအတွက်စတေးခံခဲ့ရလေပြီ။


တနေ့ ကမှ ဖတ်လိုက်ရသည့် တပ်ဦးဆီက
ရပ်တည်ချက်ကို အံ့သြလေးစားဂုဏ်ယူမိသည်
2010 ကို ပစ်မှတ်ထားခဲ့
အတုအယောင် ရွေးကောက်ပွဲလဲ
ကျဆုံးပါမည် သက်သေထူသည်
ခွပ်ဒေါင်းမောင်တို့ လာချေပြီ။
ယုံကြည်ချက်နှင့် ရည်မှန်ချက်ကြီး
ခွပ်ဒေါင်းမောင်ရေ ပြည်သူ့ ရဲဘော်
အာဇာနည်အား မမေ့နိုင်ရန် နှစ်လချီ၍
ရာသီများစွာ ကြိမ်ဖန်များလည်း
သွေးသက်သေဖြင့်
မှတ်တမ်းစာရေး ကဗျာတေးက
၂၂နှစ်မြောက်မိခင်တပ်ရင်းအား
အလေးပြုဦးညွတ်ပါတယ်ဗျာ...
22နှစ် မြောက် မိခင်မွေးနေ့ သို့ 


ရဲဘော်ထွန်းဝေ
၎း၀၇ မိနစ် တိုကျို
2010.10.30

ရွေးကောက်ပွဲကို ကျောခိုင်းပါ

ဗွီအိုအေ
ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦး

မြန်မာပြည်မှာ ၀မ်းနည်းကြေကွဲစရာ ကောင်းပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ၇၊ ၇၊ ၆၂ မှာ စစ်အာဏာရှင်တွေ က ကျောင်းသား အရေး တောင်းဆိုဆန္ဒပြ နေကြတဲ့ကျောင်းသား တွေကို သေနတ်နဲ့ပစ်ပြီး သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ကို ဖြိုချခဲ့ပါတယ်။ ဂျူလိုင် ဆဲဗဲန်း ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။
၆၊ ၆၊ ၆၄ သင်္ဘောကျင်းအလုပ်သမားတွေက လုပ်ငန်းခွင်သာယာရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာတိုးမြှင့်ရေး စတဲ့ အလုပ် သမား အခွင့်အရေးတွေအတွက် ဥပဒေဘောင်အတွင်းက ဆန္ဒပြ တောင်းဆိုကြတာကို အာဏာရှင်တဖြစ်လဲ မ.ဆ.လ အစိုးရက ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့လို့ အလုပ်သမား အမြောက်အများသေဆုံးခဲ့ကြရပါတယ်။ ဇွန်အရေးအခင်းလို့ ဆိုကြပါတယ်။

CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး

သတင်း ဧရာဝတီ
သတင်းထောက် စိုင်းဇွမ်ဆိုင်း

စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရေးကို မထောက်ခံကြရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် တရုတ်နိုင်ငံက အပြင်းအထန် စည်းရုံးနေကြောင်း သတင်းရရှိသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့် ရှိသူ မစ္စတာ ပီဂျေ ခရော်လေ က အမေရိကန် အနေဖြင့် CoI ဖွဲ့စည်းရေးကို ထောက်ခံကြရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေချိန်တွင် တရုတ်နိုင်ငံက တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပေါ် ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် မထောက်ခံကြရန် ပြောဆိုမှုများရှိနေသည်ဟု ၎င်း၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ရဲဘော်များနှင့် လက်ရှိ တာဝန်ယူနေသော ခေါင်းဆောင်များ သိစေရန်။

 
 သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်းကြီးကို စစ်တပ်မှ သတ်ဖြတ်ဖိနှိပ်ခဲ့သဖြင့် နာကြည်းချက် များဖြင့် ထွက်ခွာလာကြသော ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့ ယိုဒယား နယ်စပ်၊ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်များသို့ အသီးသီး ရောက်ရှိ လာကြသည်။ အထူးသဖြင့် ယိုးဒယားနယ်စပ်သို့ လှုပ်ရှားတက်ကြွ သူများ တသောင်းကျော် လောက်ရှိလာခဲ့ကြပြီး ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကူညီရိုင်းပင်း ပြီး ကျွေးမွေးဧည့်ခံခဲ့ကြသည်ကို ရဲဘော်များ အားလုံး အသိပင်ဖြစ်သည်။ ထိုရောက်ရှိလာသော ရဲဘော်များကို NDF (National Democratic Front) မဒတ (အမျိုးသားဒီမိုကရက်တစ် တပ်ဦး) မှ တာဝန်ယူ၍ စခန်းအသီးသီးမှ ရွေးချယ်ပေးလိုက်သော ကျောင်းသားကိုယ်စားလှယ် များကို ဝမ်းခါ (ကော့မူးရာ) စခန်းသို့ ပို့ဆောင်ပေးပြီး ကျောင်းသားညီလာခံကြီး တရပ်ကို ကမကထပြု၍ ကျင်းပပေးခဲ့ပါသည်။

ဦးနေဝင်း လက်သုံး ဆရာဝန်ကြီး ကွယ်လွန်

သတင်း ဧရာဝတီဘလော့ဂ်
အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ ဆရာဝန်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဒေါက်တာ ကျော်ဝင်း ဆုံးသွားပြီလို့ ဘီဘီစီက ကြေညာသွားပါတယ်။ ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု) ရဲ့ ဘလော့ဂ်မှာ သူဆရာဝန်ဖြစ်စက ဆရာရင်း ဖြစ်ခဲ့တဲ့ ဒေါက်တာ ကျော်ဝင်းကို သွားကန်တော့တဲ့ အကြောင်းနဲ့ ဆေးတွေ အများကြီး ပြန်ပေးလိုက်တဲ့အကြောင်း ရေးထားတာ တွေ့ရပါတယ်။ ဒေါက်တာ ကျော်ဝင်းဟာ အင်္ဂလန်ကနေ သူ့ပိုက်ဆံနဲ့သူ ပညာသွားသင်ပြီး ဆေးပညာဘွဲ့ ရခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အာဏာရှင် ဦးသန်းရွှေကတော့ သူ့ကျန်းမာရေးကို တာဝန်ယူဖို့ ဒေါက်တာ ကျော်မြင့် (ကျန်းမာရေးဝန်ကြီး၊ ကြံ့ဖွံ့ အမတ်လောင်း)၊ ဒေါက်တာ ပိုင်စိုး (ကျန်းမာရေး ဒုဝန်ကြီး၊ ကြံ့ဖွံ့အမတ်လောင်း) နဲ့ ဆေးဝန်ထမ်း ညွှန်ကြား ရေးမှူးချုပ် ဗိုလ်ချုပ် သန်းအောင်တို့ကို ခန့်ထားတယ်လို့ သိရပါတယ်။

ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

(နိဒါန်း)
ကျွန်ုပ်ကို လူထုက ဘုရင်ရူး၊ မင်းတြားရူး၊ မယားကြောက်ရူး၊ အာဏာရူး၊ ယတြာရူး။ ပါဝါရူး၊ ဥစ္စရူး စသဖြင့် အရူးပဒေသာဘွဲ့ကို ပေးအပ်ထားရုံသာမက ပေါတာကြီး၊ မြုံစိစိနဲ့ ထုံပေပေကြီး လူရမ်းကားကြီး စသဖြင့် လည်း ထောပနာပြုကြပေသည်။ ကျွန်ုပ်သည် စစ်တိုက်ဖို့နဲ့ လွှတ်မိုက်ဖို့ပဲ သိသူအဖြစ် ထင်ရှားလင့်ကစား ကျွန်ုပ်၏ ရင်တွင်းဝယ် အနုပညာစိတ်လည်း ကိန်းအောင်းနေပေသည်တမုံ့။ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်း၊ ကြွက်နှင့်ကြောင် ကာတွန်းကားကို တရှိုက်မက်မက်ကြည့်ရှုအားပေးခြင်းသာမက ရံဖန်ရံခါ တေးသီချင်း ရေးစပ် ခြင်း စာကဗျာရေးစပ်ခြင်းကိုလည်း ၀ါသနာထုံကြောင်းကိုကား သိသူ အလွန်နည်းပေသည်။

ဘယ်သူပြောလဲ …တတောလုံးကြွေ

ကဗျာ ရဲရင့်သက်ဇွဲ


ကမ္ဘာ့သမိုင်း
မြန်မာ့ သမိုင်း
ခွဲခြမ်းစိတ်ဖြာ အပိုင်းပိုင်းဆစ်
သူရဲကောင်းတို့ ရဲ့ 
တိုင်းချစ်ပြည်ချစ်စိတ်ကို တွေ့ ရမယ်။

မြန်မာသမိုင်းမှာရော
ကမ္ဘာ့သမိုင်းမှာပါ မရှိတဲ့အရာ
ဟောဒီ ဒွန္နရာကြီးထဲမှာဗျာ
ကျောင်းသားတပ်မတော်ဆိုတာ
ကျနော်တို့  တိုင်းပြည် တခုထဲသာ
ရှိခဲ့တာ မဟုတ်လား ။

တပ်ဦးရဲ့ ယုံကြည်ချက် သံမဏိဓါးသွား
ခေတ်တွေကို ပိုင်းဖြတ်သွားတဲ့အခါ
ခွပ်ဒေါင်းရဲ့ ဟန် ခွပ်ဒေါင်းရဲ့ မာန်
ခွပ်ဒေါင်းရဲ့ အသံ
အာဏာရှင်စနစ်ကို မြေလှန်ပြစ်မယ့်
လူထုရဲ့  တိုက်ပွဲခေါ်သံနဲ့ ထပ်တူထပ်မျှသာပ။

ခုခံစစ်
တော်လှန်စစ်
နှစ်ဆယ့်နှစ်နှစ် ဆိုတဲ့ ခရီးလမ်းမှာ
ကိုယ်ကျိုးမဖက် ပြည်သူလူထုအတွက်သာ
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ငါတို့ မြင်သည်
ပြည်ချစ်သားကောင်း သူရဲကောင်းတို့ 
ဓါးတောင်ကိုကျော် မီးပင်လယ်ဖြတ်
တပ်ဦးရဲ မြင့်မြတ်တဲ့ အလံတော်ကို
အမြင့်ဆုံးလွှင့်ထူထားခဲ့ကြပြီ ။

အာဏာရှင်စနစ် မုချကျဆုံးရမည်။

(နှစ်ဆယ့်နှစ်နှစ်ပြည့် တပ်ဦးမွေးနေ့ သို့  အလေးပြုလျက်)
ရဲရင့်သက်ဇွဲ
၂၉ အောက်တိုဘာ ၂၀၁၀

ဖွတ် … မိကျောင်းဖြစ်တဲ့နေ့ 

 ၁။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။
၂။
ဓါးသွားထက်က ပျားရည်စက်များ
သူခိုးလက် ဓါးရိုးကမ်းသူများရဲ့ 
မိတ်ဆွေ ..
အကောင်းမြင်ဝါဒ ထားကြည့်စမ်းပါ
အရှက်တရား ကင်းတဲ့စကား
စစ်ကျွန်အဖြစ် နွံနစ်ခံကြမယ့်သူများ
အလုအယက် တိုးဝှေ့ 
ဗမာပြည်ပျက်မယ့် နေ့ ဆီ တရွေ့ ရွေ့  ။
၃။
ဘယ်လိုမျိုး တံဆိပ်တွေကပ်ကြပါစေ
ကောက်ကျစ်တဲ့ ယုတ်မာတဲ့
အုပ်စုဖွဲ့  ကိုက်ဖြတ် မှုတွေ
နိုဝင်ဘာ ခုနှစ်ရက် နေ့ နဲ့ အတူ
ပျောက်ကွယ် ပျက်သုဉ်း လူဖြစ်ရှုံးစေရမယ်
ပြည်သူ့ ရဲ့  ဒဏ် အကြိမ်ကြိမ်အဖန်ဖန်ခံရတော့မယ် ။
၎။
ဖွတ် မိကျောင်း ဖြစ်
မြစ် မချမ်းသာ
ဗမာပြည်ပျက်မယ့်နေ့ ဟာ
နိုဝင်ဘာ ခုနှစ်ရက် နေ့ ဖြစ်တယ် ။

ရဲရင့်သက်ဇွဲ
အောက်တိုဘာ ၂၀၁၀

လက်ညိုးထောင်၍ခေါင်းညိတ်ပါ ”သရော်စာ”


ကိုအေးဆွေ တစ်ယောက် ရွေးကော်ပွဲ ဆိုသည့် အသံ ကြားကတည်းက ဂနာမငြိမ်တော့ လွှတ်တော် အမတ် ဖြစ်ချင်ဇောက အားကြီးနေသည် ။ သတင်းများကို နားစွင့်နေသည် ။ အကြားချင်ဆုံး သတင်း ကြားရပါပြီ သတင်းကောင်း NLD ရွေးကောက်ပွဲ မ၀င် ။ ထိုအချိန်မှ စ၍ ကိုအေးဆွေ တစ်ယောက် အမတ်ရောဂါ ရနေပြီ ။ သူသာမဟုတ် နိုင်ငံရေး လက်စလက်န နည်နည်း ရှိသူများကလည်း ပါတီတွေ အပြေးအလွှား ထောင်ကြသည် ။ သူသာ မဟုတ် နိုင်ငံကျော် တဲ့လူတွေပင် လွှတ်တော် အမတ်ဖြစ်ချင်ကြသည်ဟု မီဒီယာများကို ဖွင့်ဟ ကြသည် ။ မလုပ်၍ မရ ဒေါ်စု ဦးဆောင်သည့် NLD မပါတုန်း အပီအပြင် ၀င်ကြုံးရမည့် ဟု အားလုံးက အားခဲထားသည့် ပွဲဖြစ်သည် ။ အခြေခံ ဥပဒေ စာအုပ်ကို ယောက်၍ တောင် ပြီးအောင် မဖတ်ဖူး ။ လိုချင်သည့် အချက်အလက်ကို သာ နူတ်တိုက် ကျက်ထားရသည် ။

“မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”

ရေးသားသူ မောင်ကျောင်းသား
ကျောင်းသားတပ်မတော် ၂၂ နှစ်ပြည့်အမှတ်တရ


 ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကနေ မွေးဖွားပေါ်ထွက်လာခဲ့ရတဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး   ( မကဒတ ခေါ် ကျောင်းသား တပ်မတော် ) ABSDF ကတော့ အခက်အခဲ အချိုးအကွေ့များစွာ ၊ တိုက်ပွဲများစွာ ၊ အောင်မြင်မှုများစွာ ၊ ပြဿနာများစွာ ရင်ဆိုင်ကျော်လွှား ရင်း (ကျော်လွှားနေဆဲ)မှာပဲ ၂၂နှစ်သက်တမ်း ဖြတ်သန်းခဲ့လေပြီ ။

Friday, October 29, 2010

အစိမ်းရောင်လူသား " ကျော်သူ "



ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။

ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။

လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ဧရာဝတီဂျာနယ် ”ရွေးကောက်ပွဲ အထူးတုတ်ဂျာနယ်”

၂၀၁၀ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အာဏာရှင်တို့က တဖက်သတ် ရေးဆွဲ အတည်ပြု ပြဌာန်းခဲ့သော စစ်အာဏာရှင် စနစ် ဆွဲဆန့်ရေး အခြေခံဥပဒေကို အသက်သွင်းသည့် ခြေလှမ်း ဖြစ်သည်။ ရွေးကောက်ပွဲ နှင့် ပတ်သက်တဲ့ သတင်းတွေကို အဓိကထားတင်ပြထားတဲ့ ဂျာနယ်တစ်စောင် ဖြစ်သည့်အတွက် မျှဝေပေးလိုက်ပါသည်။ ဖတ်မယ်ဆိုရင်တော့ အောက်က ”အပြည့်အစုံဖတ်ရန်”ကိုသာ ကလစ်နှိပ်လိုက်ကြပါ။

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၄ )

 မောင်မောင်ဝမ်း
၂၂ရက် ၊ အောက်တိုဘာ၊၂၀၁၀ 

နိုင်ငံရေးကို နှလုံးသားနဲ့မလုပ်ပါနဲ့။ ဦးနှောက်နဲ့လုပ်ပါ.....” တဲ့ ။ 
ကျနော်စဉ်းစားကြည့်မိတယ်၊ အမိနိုင်ငံ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေး၊စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်မှု့အတွက် တိုက်ပွဲဝင်တဲ့သူများကို လေ့လာကြည့်တဲ့အခါ နှလုံးသား ခံစားရတာတွေက ပိုများကြပါတယ်။ စနစ်ကိုက ဒီလိုဖြစ်အောင် အကြောင်းဖန်လာတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုမှာ ခါးသီးတဲ့ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီနဲ့ပါ။ ခံစားမှုမပါဘဲနဲ့လည်း ဒီမိုကရေစီ တော်လှန်ရေး ပေါ်ပေါက်နိုင်စရာအကြောင်းမရှိပါဘူး။

ဒေါင်းတွန်သံ

စွယ်တော်နဲ့ ကံ့ကော်မြေနန်း
ယမ်းဖုံး ကျည်သင့်လျက်
မြန်မာပြည် လမ်းမတွေထက်က
မြေလွှာကို ခွာကြည့်ရင်
သွေးနဲ့ရေးခဲ့ ရာဇဝင်သစ်
ရှစ်လေးလုံး သမိုင်းစာမျက်နှာကို
ပြောင်မြောက်စွာ တွေ့ရလိမ့်မယ်။
တပါတီ အာဏာရှင်စနစ်
စစ်အာဏာရှင် စနစ်
အမှောင်ခေတ်မှာ
သူပုန်ဖြစ်ခွင့် ရခဲ့တဲ့
မြန်မာ့ကျောင်းက
ဒေါင်းတို့ ရာဇဝင်။
ထောင်တွေ၊ တန်းတွေလည်း
စာသင်ခန်းဖြစ်ခဲ့။
စာသင်ခန်းတွေလည်း
သပိတ် စခန်းတွေ ဖြစ်ခဲ့။
ရိုးမတောတွေလည်း
ဘဝတ္ကသိုလ်ဖြစ်ခဲ့။
ရှစ်လေးလုံး သ္နိဌာန်
မောင်းပြန်သေနတ်
ဒေါင်းအလံ တင်ကာ တိုက်ပွဲဝင်ဖို့ရာ
မြန်မာပြည် တနံတလျား
ရိုးမတောင်တွေကြားက
ဒေါင်းတမန်များ ပြန်လာမယ်။ ။
နီလွင်သွေး (ဒဿနိက

ကမ္ဘာကျော်မြန်မာဒေါင်း

 အမှတ်တရ


ပျံလိုက်ပါ့လေ
ဗွေအာကာ ဝေဟင်နန်း
လှမ်းနှင်၍ချီ။

ဆန်လိုက်ပါ့လေ
ရံရွေဘော် ပျော်သီချင်းနဲ့
ဖော်ကွင်းခဲ့ပြီ။

ဆီးနှင်းသည်း
မိုးမည်းသွန်
လွန်ကဲပူ သူရိန်မင်း
တင်းပစေ့နော်။

ပြည်ရွာမြေ
မာလာတွေဝေဆာလန်းလို့
ခါခါလေသေချာမှန်းလို့
ရှာရှာဖွေ ရေသာစမ်းသို့
ဗျာပါပွေ ကြွေညှာပန်းတို့
ဝမ်းသာဓုခေါ်။ ။
ဒေါင်းမြတ်မော်
ဒေါင်းအိုးဝေ - အတွဲ (၁)၊ အမှတ် (၅)၊ သြဂုတ်လ၊

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ အပိုင်း(၁)

ဆောင်းပါး မောင်မောင်ဝမ်း
အောက်တိုဘာ၊ ၄ ရက်၊ ၂၀၁၀
ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစုလို့ပဲ ခေါ်ပါတယ်။ သူ့ကိုသတိ စထားမိတာ ၁၉၈၀ကျော် ကာလ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါရဲ့၊ ဦးအောင်ကြီးက ပေဖူးလွှာမဂ္ဂဇင်းကနေ အခန်းဆက်တွေကို ရေးနေတော့ အန်တီအကြောင်းကို စသိခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတော့ အန်တီလူထုရှေ့ကို စထွက်လာတာ အားလုံးလည်းအသိပါပဲ။ အဲဒီအချိန်က ကျနော် သူ့ကို သတိထားမိတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်အဖြစ်နဲ့ပဲ သတိထားခဲ့မိတာပါ။ နောက် ပါတီခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအထိလည်း ကျနော့်ရင်ထဲမှာ သိပ်အလေးနက်ကြီးတော့ မရှိလှသေးပါဘူး ၊ ဒါပေမယ့် ဘယ်အချိန်ကစပြီး သတိထားမိလာသလဲဆိုတော့ ကျနော့် ဇာတိမြို့ ရေနံချောင်းကို စည်းရုံးရေး ခရီးစဉ် အဖြစ်ရောက်ရှိလာတဲ့ ၁၉၈၈( နိုဝင်ဘာလများ ဖြစ်မလား မသိဘူး။) အဲဒီကစပြီး အန်တီရဲ့ နှလုံးသားပုံရိပ်တွေဟာ ကျနော့် ရင်ထဲထိုးဖောက်ဝင်ရောက်လာခဲ့တာပါ။

Thursday, October 28, 2010

စစ်အာဏာရှင် အဘိဓါန်မှာ စာနာတယ် ဆိုတာ မရှိ

ဆောင်းပါး မောင်မောင်ဝမ်း

 မြန်မာပြည် န၀တ-နအဖ စစ်အာဏာရှင် လက်အောက်မှာ ကျနော် ထောင်နှစ်ကြိမ်ကျဖူးတယ်။ ပထမအကြိမ်က ၁၉၈၉မှာ။ စုစုပေါင်း ၅ နှစ်ကျပြီး ၁၉၉၄ ထဲမှာ သရက်အကျဉ်းထောင်က ပြန်လွတ်ခဲ့တယ်။ဒုတိယအကြိမ် ထောင်ကျတာ ၁၉၉၆ မေလ ထဲမှာ။ကျတော့်ကို ၁၉၉၆ မေလ ထဲမှာ အင်းစိန်ထောင်တွင်းက အထူးတရားရုံးကနေ ထောင် ၁၀ နှစ်ချလိုက်တယ်။အမှု့ကတော့ ပုဒ်မ ၅ (ည) ရယ်၊ တရားမ၀င်ကျောင်းသားသမဂ္ဂဖွဲ့စည်းတည်ထောင်မှုရယ်။


ကျတော် အခု ဒုတိယအကြိမ် ထောင်ကျတာ တော်တော်ကံကောင်းတယ်ပြောရမလား မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အင်မတန်မှ ဆိုးရွားလှပါတယ် ဆိုတဲ့ စစ်ကြောရေးစခန်း ၀င်စရာမလိုဘဲ၊ ဖမ်းပြီး ချက်ခြင်းဆိုသလို အထူးတရားရုံးတင် ချက်ခြင်းထောင်ချ ခံခဲ့ရလို့ပါ။ အထူးတရားရုံးတင်တော့ ကိုယ့်ကိုယ်ကိုယ် ဘာအမှု့နဲ့တရားစွဲခံရမှန်းတောင်မသိဘူး။ နောက် တရားသူကြီးက စာဖတ်ပြမှ အော် ..ဒီအမှု့တွေနဲ့စွဲတာပါ့လား။ဆိုတာ သိရတော့တယ်။ ထောင်ကျပြီးသွားတော့ အင်းစိန်တွဲဘက်ထောင် မှာနေရတယ်။

အဲဒီလိုနဲ့ တစ်နှစ်လောက်နေအပြီးမှာတော့ ထောင်ပြောင်းရွှေ့ခံခဲ့ရတယ်။ အဲဒီနေ့က အဖြစ်အပျက်တွေမှတ်မိနေသေးတယ်။ ညဘက်ကထဲက ထောင်ပြောင်းရှိတယ်ကြားလို့ ( ကျတော်ပါတယ်လို့လည်းသတင်းက ရထားတော့ ) ကြိုပြင်ထားတယ် ။ ဒီလိုနဲ့ မနက် ၃နာရီလောက်ရှိမယ်ထင်တယ်။ ထောင်ဝန်ထမ်းတွေ ရောက်လာပြီး ထောင်ပြောင်းပါတဲ့သူတွေ အခန်းတွေကို လိုက်နှိုးသံတွေကြားရတော့တာပဲ။ တချို့ခမျာလည်း သူတို့မပါလောက်ဘူး ထင်ကာ အေးအေးဆေးနေနေရာက အပြောင်းအရွှေ့ နာမည်လည်း ပါလာရော ကသီလင်တ နဲ့ တွေ့တဲ့ပစ္စည်းတွေ ကောက်ထည့် လိုက်ခဲ့ရတော့တာပေါ့။ အခန်းထဲက ထွက်ထွက်ခြင်းပဲ ကျတော်တို့ကို ခေါင်းစွပ်တွေ အုပ်ပြီး ထောင်ထဲက ကွက်လပ်တစ်ခုမှာ စုထိုင်ခိုင်းထားတယ်။ တစ်ယောက်ချင်း နာမည်ခေါ် ၊ စစ်ပေါ့ ။
 ” ပိုက်တင် -အဖေနံမည် =“ဦးလှဘော်”

-------ရှိ ----------------------------

ထောင်ကျ နံပါတ်ပြော--------

၁၄၈၇ /စီ -----------------

--------------------------------------------------------

ကျော်ခင်-------------

သန့်ဇင် ---------------

တစ်ယောက်ချင်းစီ နာမည်ခေါ် မေး ။ ကျတော်တို့ကို ခေါင်းစွပ်တွေ စွပ်ထားတော့ ဘာမှမမြင်ရဘူး။ ဘယ်သူတွေပါမှန်း နာမည်တွေ ခေါ်သံကြားမှ သိတော့တယ်။ ဒီလိုနဲ့ ထောင်မှုးတစ်ယောက်ရဲ့ ခပ်ငေါက်ငေါက် အသံက ဟိန်းထွက်လာတယ်။

ဟေ့ ..မင်းတို့ထဲမှာ ကျော်စိန် ခေါ် မှတ်ကြီး ( အဖေနာမည် - ဦးစံမြ ) ပါလား ---

တစ်ယောက်ဆီကမှ အသံထွက်မလာ ။ ဒါနဲ့ အဲဒီလူကို ထောင်ဝင်ထမ်းတွေ တခါ သွားရှာပုံရတယ် ။ ခဏလေးကြာတော့-

ဆရာ --ခေါ်ထုတ်တဲ့ အထဲမှာ ပါသွားပြီ ။ အခုဒီအုပ်စုထဲမှာပဲ။

ထောင်မှုး စိတ်တိုသွားပုံရတယ် ။(--ီး)မှပဲ ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလားကွ ---- ဘယ်ကောင်လဲ ကျော်စိန်ခေါ် မှတ်ကြီး။

ကျတော်တို့အုပ်စုဆီက တစ်ယောက်မှ အသံထွက်မလာဘူး။ ဒါနဲ့ ထောင်မှုးလည်း နောက်တစ်ခေါက် နာမည်တွေထပ်ခေါ်ပြီး၊ နာမည် အခေါ်ခံရတဲ့သူတွေက မတ်တပ်ရပ် နေပေးရတယ်။ တစ်ယောက်ပြီး တစ်ယောက် တန်းစီခေါ်ပေါ့ ။ နောက် တော့...

ဟေ့ကောင် ---မင်းနာမည်ဘယ်သူလဲ။

မှတ် --မှတ်--မှတ်ကြီးပါ....ထစ်ထစ်ငေါ့ငေါ့ ကတုန်ကရင် အသံတစ်ခုထွက်လာတယ်။

ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလားကွ ..မအေ (--ိုး)ရ ဆိုပြီး ဆောင့်ကန်သံကြားလိုက်ရပြီး..

အား--အား ကြောက်ပါတယ်ဗျ --ကြောက်ပါတယ် ..ဆိုတဲ့ အသံကြီးက မနက်ခင်း အရုဏ်ထုကို ဖြိုခွဲပစ်လိုက်တယ်။ ကျတော် စိတ်တိုလိုက်တာ မပြောပါနဲ့တော့ ။ ဒီလူကလည်း ဘယ်လိုလူစားလည်းမသိဘူး။ နာမည် အထပ်ထပ်ခေါ်တာတောင် ကိုယ့်နာမည် ကိုယ်မသိရအောင် စိတ်မှ မှန်ရဲ့ လားလို့ စိတ်ထဲတွေးမိလိုက်တယ် ။မအေ နှမ မိုးမွှန်အောင် ဆဲသံတွေကလည်း စုံနေတာပဲ။

ပြီးလည်းသွားရော ကျတော်တို့အားလုံး တစ်ယောက်နောက်ကို တစ်ယောက်က ကိုင်ရင်း တန်းစီပြီး ထွက်ခိုင်း။ နောက် ထောင်ရှေ့မှာ ရပ်ထားတဲ့ ကားပေါ်တင်ပြီး အင်းစိန်ထောင်မကြီးဆီ ပို့တယ်။ အင်းစိန်ထောင်မကြီးရောက်တော့ ကျတော်တို့ကို တစ်ယောက်ချင်းစီ သံခြေကျဉ်းတွေခပ်တယ်။ ဒီကြားထဲ သံခြေကျဉ်း ရိုက်ရတာ အဆင်မပြေလို့ဆိုပြီး စောစောက ကိုမှတ်ကြီး ခေါ် ကိုကျော်စိန်ဆိုတဲ့သူကို ဆဲသံတွေက ထပ်ပေါ်လာပြန်ရော။ ကျတော် တော်တော်စိတ်ညစ်သွားတယ်။ ဒီလူကြည့်ရတာ တမျိုးပဲ။ ဘာမှု့နဲ့များ ပါလာတာလည်းမသိဘူး။ ကျတော့်စိတ်ထဲမတော့ ရာဇ၀တ်သားတွေကို ကျတော်တို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ပြောင်းထည့်ခြင်းအပေါ် အတော် မကျေမနပ်ဖြစ်နေမိတယ်။

အဲဒီအသုတ် ထောင်ပြောင်းတုန်းက ကိုယ့်လိုလူတွေ တော်တော်များတယ်။ ထောင်ပြောင်းမှပဲ မတွေ့တာကြာပြီဖြစ်တဲ့ ကိုယ့်လူတွေကို တွေ့ရတော့တယ်။ ကျတော်တို့ကို အင်းစိန်ထောင်ကနေ အင်းစိန်ဘူတာကို ပို့။ အားလုံးကို အချုပ်တွဲပေါ်မှာတင်ပြီး အဲဒီတွဲကို အင်းစိန်ဘူတာကနေ လူနည်းနည်း ပါးတဲ့နေရာထိ ဆွဲသွားပြီး အဲဒီမှာပဲ မထွက်မချင်း ရပ်ထားတယ်။ ကျတော်ကတော့ ထောင်ပြောင်းခံရခြင်းအပေါ် စိတ်ထဲကပျောက်သွားပြီး -ရထားပေါ်မှာ နှစ်များစွာ ကွဲကွာနေတဲ့ ကိုယ့်ရဲဘော်တွေနဲ့ စကားတွေ ပြောမကုန် ဆိုမခမ်းပေါ့။

အင်းစိန်ထောင်ထဲမှာ တစ်ထောင်ထဲသာ အတူတူနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာမဟုတ်ဘူးလေ။ ကျတော်တို့ အုပ်စုကြီး ထောင်ပြောင်းတာဟာ ထောင်ပြောင်းတာနဲ့မတူဘဲ -ပျော်ပွဲစားခရီး ထွက်လာသလိုပဲ ရထားပေါ်မှာ သီချင်းတွေဆိုကြ၊စကားတွေပြောကြ၊ မတွေ့တာမမြင်ရတာကြာပြီဖြစ်တဲ့ ပြင်ပမြင်ကွင်းတွေကို အားပါးတရ ကြည့်ရနဲ့ ပြန်စဉ်းစားရင် အမှတ်တရ အဖြစ်အပျက်တွေပါ။

တောင်ငူရောက်တော့ တောင်ငူထောင်ပြောင်းရမယ့် သူတွေ ချထားခဲ့တယ်။ နောက် တစ်နေ့ရောက်တော့ မန္တလေးဘူတာရောက်တယ်။ မန္တလေးဘူတာမှာတော့ မြင်ကွင်းက မကောင်းဘူး။ ကျတော်တို့ကို လုံထိန်းရဲတပ်ရင်းက ရဲတွေနဲ့ဝိုင်းထားတယ်။ ဘူတာတစ်ဘက်မှာ အချုပ်ကားရပ်ထားတယ် ။ ဘူတာကနေ အဲဒီအချုပ်ကားရောက်သည်အထိ တစ်ဘက်တစ်ချက်မှာ ရဲတွေက သေနတ်တွေကို အသင့်အနေအထားနဲ့ကိုင်ထားရင်း ကျတော်တို့က အလယ်ကနေ လျှောက်သွားရတာပေါ့ ၊ အရာရှိလုပ်တဲ့သူကဆို ပစ္စတိုသေနတ် တရမ်းရမ်းနဲ့ ။ ဟိုအမိန့်ပေးလိုက် ဒီအမိန့်ပေးလိုက်နဲ့။ ပုံမှန်ဆို လူထုက သိမှာမဟုတ်ပါဘူး ။ အဲသလိုလုပ်လိုက်ခါမှ လူတွေက စိတ်ဝင်စားသွားပုံရတယ်။ ၀ိုင်းလာပြီး စပ်စုကြတယ်။ ကျတော်က “ ကျတော်တို့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေပါလို့ ” ပြောလိုက်တော့ အရာရှိလုပ်တဲ့သူက လာတဲ့ပြီး ဟိန်းလိုက်ဟောက်လိုက်တာ မပြောပါနဲ့တော့။ လူတွေက တစ်စတစ်စ စိတ်ဝင်စားပြီးများလာတော့ ကျတော်တို့ကို ဇွတ်အတင်း အချုပ်ကားပေါ်တင်ပြီး မောင်းထွက်ခိုင်းတော့တာပဲ။

နောက်တော့ မန္တလေး ထောင်အသစ်ကို ရောက်တယ်။ ကျတော်တို့ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပြီး စားစရာတောင်ချန်မထားဘူး ။ အကုန်သိမ်းပစ်လိုက်တယ်။ ကျတော်တို့အားလုံး ဒေါသတွေထွက်လိုက်တာ မပြောပါနဲ့တော့။ ဦးဝင်းထိန် ( NLD ပါတီက ဗိုလ်ကြီးဟောင်းဝင်းထိန် )နဲ့ဆို စကားများတဲ့ အထိဖြစ်ကြတယ်။ အစက ကျတော်တို့ကို ဘယ်ထောင်ပို့လို့  ပို့မှန်းမသိဘူး ။ မန္တလေးထောင်ရောက်မှ ကျတော်တို့ ခရီးဆက်ရဦးမယ်။ ဦးဝင်းထိန်အပါဝင် တစ်အုပ်စုကို မြင်းခြံထောင် နဲ့ ကျတော်တို့ကို မြစ်ကြီးနားထောင်ပို့မယ်ဆိုတာ အဲဒီအခါကြမှသိရတော့တယ်။

ကျတော်တို့ကို နောက်၂ရက်လောက်အကြာမှာ မန္တလေးထောင်ကနေ မြစ်ကြီးနားထောင်ကိုပို့တယ်။ အဲဒီခရီးစဉ်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ပုံရိပ်လေးတွေ နှလုံးသားထဲမှာ ထင်ကျန်ရစ်စဲပါ။
 ကျတော်တို့ ထောင်ပြောင်းတယ်ဆိုတဲ့သတင်းကို ဒေါက်တာဇော်မြင့်မောင်က ( အမရပူရ NLD လွှတ်တော်ကိုယ်စားလှယ်)သူ့ရဲ့မိသားစုဆီကို ထောင်ထဲကနေ လျှို့ဝှက်သတင်းပို့လိုက်တော့ -သူ့မိသားစုတွေက ဘူတာကနေ စောင့်နေတယ် ။ ဒါပေမယ့် ပါလာတဲ့ လုံခြုံရေး အရာရှိက မိသားစုတွေနဲ့ တွေ့ခွင့်ကောင်းကောင်းမပေးလို့ အဆင်မပြေဖြစ်ခဲ့ရတယ်။ ကျတော်တို့ အချုပ်တွဲကို ဘူတာနဲ့ ခပ်ဝေးဝေးဆီ ပို့ထားလိုက်တယ်။နောက်ရထားထွက်လာတော့ ဒေါက်တာဇော်မြင့်မောင် မိန်းမက သူ့အစ်ကိုနဲ့ ဆိုင်ကယ်စီး လိုက်လာတယ်။ သူ့အစ်ကိုက ရှေ့က ဆိုင်ကယ်မောင်း- သူက နောက်က တင်ပါးလွှဲထိုင်လိုက်လာရင်း သာမန်ဆို သိပ်အထူးအဆန်းကြီး မဟုတ်ပါဘူး ဒါပေမယ့် ဖြစ်ချင်တော့ စစ်ကိုင်းတံတားကြီးပေါ်မှာ နောက်မှာစစ်ကိုင်းတောင်ကြီးက မို့မို့ ။ စေတီပုထိုးတွေက ကြည်ညိုစရာမြင်ကွင်း။ ရထားကလည်း တဂျိန်းဂျိန်းနဲ့မောင်း ။စစ်ကိုင်းတံတားပေါ်က ကားလမ်းမှာ ဒေါက်တာဇော်မြင့်မောင် ယောက်ဖ ခမျာ ကျတော်တို့ အချုပ်တွဲပြတင်းပေါက်နဲ့ မယှဉ် ယှဉ်မိအောင် ဆိုင်ကယ်ကို မောင်းရင်း ဇနီးမောင်နှံကို တွေ့ပေးရတယ်။စကားလည်း သိပ် သဲသဲကွဲကွဲ ပြောမရပါဘူး။ စစ်ကိုင်းရွာထောင်ဘူတာမှာ နာရီဝက်လောက် နားမယ်လို့ကြားတယ် ။ အဲဒီကနေ စောင့်ပေးပါ ဆိုပြီး အော်ပြောရတယ်။ တကယ့်ရုပ်ရှင်ထဲက မြင်ကွင်းထက်တောင်ပိုတယ်လို့ ပြောချင်တယ်။ စစ်ကိုင်းရွာထောင်မှာ မိသားစုတွေနဲ့ နာရီဝက်လောက် တွေ့ခွင့်ရလိုက်ပါတယ်။

ရွှေဘိုဘူတာရောက်တော့ ရထားပေါ်က လုံခြုံရေးတွေက အကြံအဖန်လုပ်တယ်။ ဘူတာကတက်လာတဲ့ ခရီးသည်အချို့ကို ပုံမှန်ရထားခ ထက် လျှော့ပြီး ကျတော်တို့အချုပ်တွဲပေါ်က စင်္ကြန်ပတ်လမ်းပေါ်မှာ တင်ခေါ်လာတယ်။ အဲဒီတော့လည်း ကျတော်တို့အတွက်စကားပြောဖော်တွေရလာတာပေါ့။ ကျတော်တို့က အချုပ်ခန်းထဲမှာ သူတို့ကအပြင်က။ အချိန်ကာလ သိပ်မကြာခင်မှာပဲ အမျိုးသမီးတစ်ယောက်နဲ့ ကျတော်တို့ထဲက ကိုပိုက်တင်ဆိုသူနဲ့ အဖွဲ့ကျသွားတယ်။ ကျတော်တို့ကို နိုင်ငံရေးအကျဉ်းသားတွေဆိုတာ သိသွားတယ်။ သူက ကျောင်းဆရာမ ( ကျတော်နံမည်မေ့သွားတာခွင့်လွှတ်ပါ။ ) ကျောင်းအားရက်မှာ လယ်ယာသုံးပစ္စည်းအချို့ကို ရွှေဘိုကနေ မြစ်ကြီးနား တက်ရောင်းပြီး အပိုဝင်ငွေရှာနေရတာ။ ကျတော်တို့ကို လမ်းတလျှောက်ကူညီလိုက်တာ မြတ်မယ့်ငွေ ကုန်တဲ့အပြင် အိတ်ထဲကပါ ပါသွားရှာတယ်။ ဒီလို ပြည်သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

မြစ်ကြီးနားထောင်ရောက်တော့ တော်တော်မှောင်နေပြီ၊ ကျတော်တို့ကို ဆောက်ပြီးလို့ သိပ်မကြာသေးတဲ့ တိုက်အသစ်မှာ ထားတယ်။ ရင်ခွဲတိုက်သေးသေးလေး။မျက်နှာချင်းဆိုင် စုစုပေါင်း ၁၀ ခန်းရှိတယ်။ မြစ်ကြီးနားထောင်မှာ လူရွှင်တော် ကိုပါပါလေးတို့ အုပ်စုက ကျတော်တို့ထက် အစောပိုင်းကတည်းက ရောက်နေပြီးသား။ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားဆိုလို့ စုစုပေါင်း ၁၇ ဦးလောက်ပဲရှိမယ်ထင်တယ်။ မြစ်ကြီးနားထောင်မှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ ပြဿနာကတော့ ထောင်ဝင်စာ အခက်အခဲပါပဲ။ ခရီးက အရမ်းဝေးလွန်းတော့ တော်ရုံ မလာနိုင်ကြဘူး။ အဲဒီတော့ ကျတော်တို့မှာ အစားအသောက် အရမ်းခက်ခဲတယ်။ တော်တော်အခက်ခဲနဲ့ကို ရင်ဆိုင်ခဲ့ရတာပါ။

ကျတော်တို့နဲ့အတူ မြစ်ကြီးနားထောင်ကို ကိုမှတ်ကြီး (ခေါ်) ကိုကျော်စိန်ဆိုသူပါ ပါလာခဲ့တယ်လေ။ အစက သူ့ကို ကျတော်ထင်တာ တခြားရာဇ၀တ်မှု့လို့ ထင်ခဲ့တာ ။ နောက်မှ သိလာခဲ့ရတာ သူလည်း ကျတော်တို့လို ပုဒ်မ ၅ (ည)ပဲဗျ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ၅(ည)။ ( အထူးပြုပြီးပြောရတာက တခြား နိုင်ငံရေးမဟုတ်တဲ့ ပုဒ်မ ၅(ည)ဆိုတာရှိသေးတယ်- ဒါကြောင့်ခွဲပြောရတာ။)၊ သူက ရန်ကုန်၊ စမ်းချောင်း၊ မုန့်လက်ဆောင်ကုန်းဆိုတာမှာ နေတယ်။ မိဘတွေ မရှိတော့ဘူး။ ဘယ်လိုပြောရမလဲ။ သူ့ပုံစံက တမျိုးပဲ ။ လုံးလုံး စိတ်ရောဂါလည်း မဟုတ် ၊ လုံးလုံး လွတ်နေတာလည်း မဟုတ်။ ( နည်းနည်းတော့ ရှိပုံရတယ်။) ဒါပေမယ့် သူက အေးအေးဆေးဆေးသမား။ အပြင်မှာ အရက်အရမ်းသောက်တယ်လို့ပြောတယ်။ အခုထောင်ကျတဲ့ကိစ္စကလည်း အမူးလွန်ပြီး ထောင်ကျလာတာ။ ဖြစ်ပုံက ဒီလို ။ စမ်းချောင်းမှာ ၉၆ ကျောင်းသားလှုပ်ရှားမှု့အပြီး လိုက်ဖမ်းတယ် ။ ဒီလို လိုက်ဖမ်းနေတဲ့အချိန်မှာ လူထုက ရဲတွေ စစ်သားတွေကို ရရာလက်နက်(လောက်လေးတို့ ဂျင်ဂလိတို့ )နဲ့ ချောင်းမြောင်းခုခံကြလို့ -တွေ့ရာလူကို မုန်းတီး မှုနဲ့ အဓမ္မဖမ်းဆီးနေတဲ့အချိန်ပေါ့ ။ အဲဒီအချိန်မှာ ကိုကျော်စိန်က အရက်မူးပြီး လမ်းဘေးအိပ်ပျော်နေတုန်း ကားပေါ်ပစ်တင် ဖမ်းခေါ်ခံခဲ့ရတာပါပဲ။ ( တရားခံ ရှာတဲ့ သဘောပေါ့ ) ။ နောက်တော့ စစ်ကြောရေးစခန်း ခေါ်သွားပြီး စစ်တယ်..တဲ့။ သူပြောပြလို့သိရတာပါ။ နိုင်ငံရေး လုပ်လားလို့ မေးတော့ -မလုပ်ဘူးလို့ ဖြေတိုင်း သူ့ကို ရိုက်တော့တာပဲ တဲ့။ (တကယ်တော့ သူ့ ခမျာ နိုင်ငံရေးဆိုတာကို ဘာမှန်းမသိတာပါ။) ပါတီဝင်ဖြစ်ခဲ့လားလို့မေးတော့ သူ ဘာသိမှာလဲ။ မဟုတ်ပါဘူး။ ဖြေလိုက် ..အရိုက်ခံရလိုက်နဲ့။ နောက်တော့ ကြောက်လာတယ် ။ လုံထိန်းတွေကို ခဲနဲ့ပေါက်တဲ့ထဲ သူပါ ပါတယ်ဆို စွပ်စွဲတယ် ။ဘယ်သူပါသေးလဲ ဆိုပြီး ဆက် စစ်တော့ သူက အရိုက်ခံရမှာကြောက်တာနဲ့ ( တကယ်ဆို စစ်ကြောတဲ့လူတွေ သိသိကြီးနဲ့ တရားခံရှာချင်လို့ လုပ်ကြံတာပါ ။) သူ့ယောက်ဖ ( အေးမြင့် ) လည်းပါ ပါတယ်ဆို ပြောလိုက်တယ်။

အေးမြင့်ပါ အဖမ်းခံရပြီး ထောင် (၇)နှစ်ဆီ ချလိုက်တယ်။ အေးမြင့်ဆို ဘာမှန်းကို မသိဘဲ ထောင်ကျလာတာ။ ကိုကျော်စိန်နဲ့ ထောင်ပြောင်းရထားပေါ်မှာ တွေ့တော့ စကားတွေများကြရော။ ကိုကျော်စိန်က “ ငါလည်း ထပ်အရိုက်ခံရမှာ ကြောက်တာနဲ့ မင်းနာမည်ပြောလိုက်တာတဲ့ ” ။ တကယ်တော့ အေးမြင့်က ကိုကျော်စိန်တို့ မိသားစုကို ဒိုင်ခံစီးပွားရှာပေးနေသူတစ်ယောက်ပါ။ သူပါ ထောင်ချခံလိုက်ရတော့ မိသားစုဝင်များခမျာ အရမ်းဒုက္ခရောက်သွားရှာတာပေါ့။ အေးမြင့်က ငိုသံပါကြီးနဲ့ "ကျော်စိန်ရာ ..ငါ့ကိုမှ ကွက်သတိရ ရသလားကွာ ..တဲ့။"

ထောင်ထဲမှာ နိုင်ငံရေးနှစ်ပတ်လည် အခမ်းအနားတွေလုပ်ပြီဆို အများနည်းတူ ကိုကျော်စိန်က ပါဝင်လေ့ရှိတယ်။( ခံယူချက်-ယုံကြည်ချက် ဆိုတာ နားမလည်ပါဘူး။အများနဲ့ အလိုက်သင့်တော့ နေတတ်တယ်)။ ထောင်ထဲမှာ နေသွားတဲ့ ကာလ တလျှောက်လုံး သူ့ကိုကြည့်ရတာ ဘာအပူမှ မရှိဘူး။ စကားလည်း သိပ်မပြောဘူး။ သူ့ဘ၀က ဆေးလိပ်တစ်တိုရှိရင် ပြည့်စုံနေတာပဲ။ ဆေးလိပ်ပြတ်သွားပြီ ဆိုရင်တော့ အသည်းအသန်လိုက်ရှာတတ်တယ်။ တစ်နေ့ အခမ်းအနားတစ်ခုအပြီးမှာ ကျတော်က နောက်ပြီး ကိုကျော်စိန်ကို စကားပြောခိုင်းတယ်။ သူ့အသံဝါကြီးနဲ့ ထတဲ့ပြီး.. သူ့တိုက်ခန်းထဲက လှမ်းအော်ပြောလိုက်တယ်။ “ကျတော်လည်း ဒီနေ့ကစပြီး သန်းငွေကို အပြင်းအထန် တော်လှန်တော့မယ်.. ဒါပါပဲ..တဲ့ ။” .. “ ကိုကျော်စိန် ..သန်းငွေဆိုတာ ဘယ်သူလဲ “ လို့ ကျတော်က မေးလိုက်တော့ “ မြေနီကုန်းရဲစခန်းက နယ်ထိန်းလေ..“ တဲ့။ ကျတော်တို့ ရီလိုက်ရတာ။

နောက်တော့ ကိုကျော်စိန်ကို နောက်တခါပြစ်မှုထပ်ကျူးလွန်ရင် ကျန်နေတဲ့ ထောင်ကြွေးပြစ်ဒဏ်တွေပါ ထပ်ပေါင်းပြီး ကျခံရမယ်။အခုတော့ လျှော့ရက်နဲ့လွှတ်ပေးတာပါဆိုတဲ့ ခံဝန်ချက် လုပ်ရတဲ့= ပုဒ်မ ၄၀၁ နဲ့ ထောင်က လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူထောင်ထဲမှာနေခဲ့တာ ၅နှစ်လောက်တော့ ရှိရော့မယ်။(၇နှစ်ကျတာဆိုတော့ ၂နှစ်လျှော့လွှတ် လိုက်တာပေါ့။) သူ့ကို လွှတ်မယ့်နေ့က ဘာ စိတ်လှုပ်ရှားမှု့မှ မရှိဘူး။ လွှတ်ဖို့ခေါ်သွားခါနီးတောင် ကျတော်တို့ကို ဘာပြောလဲဆိုတော့-“ ကျတော် ထောင်ရှေ့ ခနလိုက်သွားလိုက်ဦးမယ်..တဲ့ ။” ကျတော်က လှမ်းနောက်ပြီး ” ပြီးရင် ပြန်လာမှာလား” ဆိုတော့ ” အခြေအနေ အရပဲ..တဲ့ ။” အဲဒီလို လူပါ။

ကျတော်တို့ တော်လှန်ရေးမှာ ယုံကြည်ချက်ကြောင့် အသက်တောင် ပေးဆပ်သွားတဲ့သူတွေ - ဘ၀တွေ ပေးဆပ်သွားတဲ့သူတွေ အများကြီးပါ။ တစ်ဘက်ကကြည့်မယ်ဆိုရင်လည်း ဖြေသာပါတယ်။ ယုံကြည်မှု့တစ်ခုအတွက် ပေးဆပ်ရမယ်ဆိုတဲ့အတွေးပါ။ သို့သော်လည်း ယုံကြည်ချက်ဆိုတာ ဘာမှန်းမသိ ။ နိုင်ငံရေးဆိုတာ ဘယ်လိုဟာလည်းဆိုတဲ့ ကိုကျော်စိန်တို့လို( စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့) လူမျိုးကို နိုင်ငံရေးပုဒ်မကြီးတပ်ပြီး ထောင်နှစ်ရှည်လများ ချလိုက်တာဟာ မစာနာမှု့ တစ်ခုပါ။

ကျတော်တို့ ထောင်ချခံခဲ့ရတယ်ဆိုတာဟာ ကိုယ်လုပ်လို့ကိုယ်ခံရတာ သိပ်ပြီးတော့ မဆန်းပါဘူး။ မှု့လည်း မမှု့ပါဘူး။ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့သူကို ဘာမှပတ်သက်ခြင်းမရှိဘဲ ထောင်ချရုံသာမက သူ့ပါးစပ်ကထွက်တဲ့ စကားကိုတောင် အတည်မဟုတ်မှန်းသိရက်နဲ့ အတည်ယူပြီး နောက်ထပ်တစ်ယောက် ( ယောက်ဖ အေးမြင့် ) ကိုပါ ထောင်ချတယ်ဆိုတာ တော်တော့်ကို ရက်စက်တဲ့ကိစ္စပါ။

သူတို့အလှည့်ကျရင် အလွန်မှ ကြောက်တတ်ပါတယ်။ နာမည်ကျော် ပန်းချီဆရာမ ချောအိသိန်းက ကျတော့်ကို တခါက ပြောခဲ့ဖူးပါတယ်။ သူနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သမီး( အေးအေးသစ်ရွှေ )နဲ့က ရန်ကုန်တက္ကသိုလ် ၊ ဥပဒေမှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေပါ။ ၈၈ဖြစ်တော့ ဦးသန်းရွှေတို့ မိသားစုတွေမှာ လုံခြုံရေးအပြည့်နဲ့ နေ နေတဲ့ အချိန်မှာတောင် “ကြွေးကြော်သံတွေကြားလေ.. ကြောက်လို့ တုန်နေတာပဲ ..“ လို့ အေးအေးသစ်ရွှေက ချောအိသိန်းကို ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒေါသကြီးတတ်သူဟာ အကြောက်လည်း သိပ်ကြီးတတ်တယ် ဆိုတဲ့ ဗုဒ္ဓအဆုံးအမကို သွားအောက်မေ့မိပါတော့တယ်။ အာဏာရှင်တော်တော်များများရဲ့ ဖြစ်စဉ်များကို လေ့လာကြည့်မယ် ဆိုရင် တော်တော်များများဟာ အပြုံးနဲ့ရက်စက်တတ်ပြီး.. အကြောက်တရားနဲ့ ကျဆုံးမှု့ကို ရင်ဆိုင်လေ့ရှိတယ်ဆိုတာ သိရပါတယ်။



သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိခဲ့ရင်

ဂါမဏိ
ပန်းချီ..     တင်ကိုကိုဦး
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် လို့ နအဖစစ်အစိုးရက တရားဝင် လေ လည်ပြလိုက်တဲ့အခါ မူလဗီဇအရကို မ အောင့်အီးနိုင်လောက်အောင် ကြိုက် လွန်းလှသူတွေ ဝမ်းအသာကြီးသာ ကုန် ကြပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း သာ အခုနေ အသက်ရှင်လျက်ရှိနေရင် ဘယ် လို မဟာကဗျာလေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစားကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေအပေါ် သဘောထားကို လိုက် လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲ တွေအပေါ် ဆရာကြီး သဘောထား တွေကို အခုလို တွေ့မိပါ တယ်။
၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ ရပ်တည်ချက်ကို သိရဖို့ အဲဒီကာလ နိုင်ငံရေးနောက်ခံ အခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

ကျနော်တို့မှာ ရွေးချယ်စရာမရှိ ပါ

ဆောင်းပါး အောင်မိုးဝင်း

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင် ပြောခဲ့ဘူးတဲ့စကားကို မှတ်မိကြပါလိမ့်မယ်။
“ ဒီအခြေခံ ဥပဒေကြီးကို ချက်ချင်းဖျက်ပစ်လို့ မရပါဘူး။ အနုပညာရှင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ် တွေ၊ ပြည်သူတွေနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး ရေးဆွဲခဲ့တာပါ” လို့ ဆိုတယ်။ တကယ်တော့ သူက  နိုင်ငံရေးသမားအားလုံးကို  လေသံအေးအေးနဲ့ ခပ်ထေ့ထေ့ ရိနေတာဖြစ်တယ်။ ဒေါက်တာမောင်မောင် ပြောချင်တာက

ဝန်ခံတယ် မီးရှို့တာ မြို့တော်ဝန် အောင်သိန်းလင်းပါတဲ့

ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမည့်သူ မရှိ ၀မ်းရောဂါများ စတင်ဖြစ်ပွားနေ

သတင်း နိရဉ္စရာ
အောက်တိုဘာ၂၇
မုန်တိုင်း ဒဏ်ခံခဲ့ရသည့် မြေပုံမြို့နယ် ကျွန်းသာယာ ရှိ ပြင်ဝန်းရွာ ရှေ့တွင် အလောင်း ၄၀ ခန့်မျောနေ ပြီး ဆယ်ယူ သဂြိုင်္လ်မည့်သူ မရှိ ဖြစ်နေကြောင်း သတင်းရရှိသည်။ ယနေ့လက်ရှိ နောက်ဆုံး ရရှိ သော သတင်းအရ သေဆုံးသူ ၉၃ ဦးအထိ မြင့်တက် သွားပြီဖြစ်ကြောင်း သိရှိရပြီး ယခုအခါ ၀မ်းရောဂါ လည်း ကူးစက်ပျံ့နှံ့ နေပြီး သေဆုံးမူများ လည်း ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများ က ပေးပို့သော သတင်းတွင် ပါရှိပြီး မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသ များတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားနေရာ ယမန်နေ့ထိ သေဆုံးသူ သုံးဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိတယ်လို့ နိရဉ္စရာ သတင်းဆိုဒ်ကထုတ်ပြန်တဲ့ သတင်းတွေအရ သိရှိရပြီး သေဆုံးသွားသူများမှာ မြေပုံ တောင်ကြီးရင်း ကျေးရွာမှ နှစ်ဦးနှင့် မင်းပြား ရန်တိုင်ကျေးရွာမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြ သည်။

အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်

ခေတ်ပြိုင်သတင်း
ဝီရ /
၂၇ အောက်တိုဘာ

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်းနှင့် ယင်းပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အသက်ကယ်ပါတီ လည်း မဟုတ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အန်ဒီအက်ဖ်ပါတီက အဖွဲ့ချုပ်ရဲ့ ကိုယ်ပွားလိုလို၊ အဖွဲ့ချုပ်နဲ့ အတူတူပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မဲဆွယ်စည်းရုံးနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ပြည်သူတွေ နားလည်အောင် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။ ပြီးတော့ ခမောက် ဆိုတိုင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘူးဆိုတာ ထုတ်ပြန်တာလည်း ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

citizen journalism များအတွက် ရုပ်သံ အခြေခံ

၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများမှ စတင်ပြီး citizen journalism ဟူသော စကားလုံးကို မြန်မာပြည်တွင် တွင်ကျယ်စွာ သုံးလာခဲ့သည်။ ထိုအချိန်မတိုင်မီက blog များ ခေတ်စားနေပြီ ဖြစ်သော်လည်း ရသကိုသာ အလေးပေးခဲ့ပြီး သတင်းအတွက် အသုံးပြုသူ နည်းပါးခဲ့သည်။ ယခုတော့ သတင်းဦးစားပေး blog များစွာ ရှိနေပြီဖြစ်သည်။ နာဂစ်မုန်တိုင်း၊ ရတနာပုံ ဈေးနှင့် မင်္ဂလာဈေး မီးလောင်မှုများ၊ မန္တလေးရေကြီး မှုနှင့် ပဲခူးစစ်တပ်မှ လူသတ်မှုတို.တွင် ဗီဒီယို နည်းပညာကို အင်တာနက်မီဒီယာဖြင့် တွဲဖက် အသုံးပြုကာ ရုပ်သံဖြင့် သတင်းမျှဝေသူများကိုပင် တွေ.လာရပါသည်။မြန်မာပြည်တွင်း၌ ဗီဒီယိုရိုက်ကူးခဲ့သူ တစ်ဦးအနေဖြင့် ထိုသူများ မည်မျှ ကြိုးစားအားထုတ်ရသည်ကို သိပါ၏။ အများပြည်သူ သိသင့်သိထိုက်သော သတင်းအချက်အလက်များ၊ မျှဝေသင့်သော လူထုအချင်းချင်း၏ ခံစားချက်များကို ဝေမျှရန် ကြိုးစားသည့် ထိုသို.သော ပုဂ္ဂိုလ်များ မည်မျှ ပေးဆပ်ရင်းနှီးရသည်ကို ကိုယ်ချင်းစာမိ၏။ ဘ၀ကိုရင်းပြီး ထောင်နှုတ်ခမ်း နင်းကြသူများပင် ဖြစ်ပါသည်။ လေးစားမိပါသည်။ သို.သော် စွန်.စားရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများ ရရှိသင့်သည့် အရည်အသွေး မမှိသောအခါ အားမလိုအားမရနှင့် ကျနော့်မှာ အမြဲလိုလို မချိတင်ကဲ ဖြစ်ရပါသည်။

၂၀၁၀ ကိုကျော်ဖြတ်ခြင်း "ထွန်းအောင်ကျော်”


မြန်မာ့နိုင်ငံရေး အလားအလာနှင့် ယနေ့အခြေအနေကို အမှန်အကန် သုံးသပ်ရလျှင် ...
(၁) ပြည်ပရောက် အတိုက်အခံများ ညီညွတ်မှုမရှိဘဲ ဒီမိုကရေစီရေးအတွက် ထောက်ပံ့ငွေ သန်းချီရနေသော အဖွဲ့အစည်းများ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်၍ ကိုယ်ကျိုးရှာ စီးပွားရေးသမား နိုင်ငံရေးလုပ်စားသူများ ဖြစ်လာကြခြင်း၊ ခြံခတ်နိုင်ငံရေးကြောင့် ငွေကြေးဖြတ်တောက်မှုများဖြင့် နိုင်ငံရေးသေလာခြင်း။
 (၂) ပြည်တွင်း NLD ပါတီဆုံးဖြတ်ချက်ကို သဘောတူပြီးမှ NDF အမည်ဖြင့် ခွဲထွက်ပါတီထောင်ခြင်းကြောင့် နအဖမှ ကမ္ဘာသို့ NLD အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် ပါဝင်နေပါသည်ဟု အကြောင်းပြချက် ရရှိသွားခြင်း ကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခြင်းမှာ ထိရောက်သင့်သလောက် မထိရောက်တော့ခြင်း။ ထို့ အပြင် NLD ခေါင်းဆောင်ပိုင်းမှ အသက်ကြီးရင့်သူများကို သွေးသစ်လူငယ်များဖြင့် အစားထိုး အားဖြည့်နိုင်မှု မရှိခြင်း။

Sunday, October 10, 2010

မြန်မာရေးရာ

http://www.bnionline.net/
http://www.burmareview.wordpress.com
http://www.burmanet.org
http://www.burmatoday.net
http://www.burmaguide.net
http://www.badasf.org/
http://www.kaladanpress.org/
http://www.myanmars.net
http://www.myatmyanmar.net
http://www.maung.com
http://www.tayzathuria.org.uk
http://burmadigest.wordpress.com
http://www.rebound88.net
http://www.mywebdigest.net

စာအုပ်များ

http://www.myawady.net
http://www.foreverspace.com.mm
http://www.burmesestuff.com
http://www.myanmarpyithar.net
http://www.cherrythitsar.org/
http://www.elibrary.com.mm/
http://www.myanmarisp.com/
http://www.myatmyanmar.net/
http://www.lawka-ahla.com/
http://www.moethaukkye.com/
http://www.innwa.com/
http://www.mmopenlibrary.com/
http://www.aaharasazaung.com/
http://www.shweamyutay.com/
http://www.people.com.mm/

နိုင်ငံရေးလှုပ်ရှားမှူ စာမျက်မှာ



http://www.burmacampaign.org.uk
http://www.uscampaignforburma.org
http://www.cfob.org
http://www.burmafund.org
http://www.fanista.com/burmaitcantwait/

သတင်းဌာနများ

http://www.burma.no
http://www.bbc.co.uk/burmese/
http://www.dvb.no
http://www.rfa.org/burmese
http://www.moemaka.com/
http://www.bcbgaust.net
http://www.voanews.com/burmese/
http://www.irrawaddy.org/bur/
http://www.burmapost.com/
http://www.burmafm.com
http://www.nhk.or.jp/nhkworld/burmese/
http://www.narinjara.com/
http://www.kicnews.org/


မြန်မာဗွီဒီယို၊ ရုပ်ရှင်များ


http://www.shwedream.com
http://freemyanmarvcd.com
http://www.burmeseclassic.com/
http://www.khayanpyareinmet.com/
http://www.myanmarworld.com
http://www.apytz.net/
http://www.yamc.info/
ပြည်တွင်းသတင်းဆိုဒ်များ
http://www.first-11.com/
http://www.mrtv3.net.mm

http://www.mmtimes.com
http://www.planet.com.mm
http://www.theyangontimes.com
http://popularmyanmar.com
http://www.khitlunge.net.mm/
http://www.myanmar.com
http://www.snapshot-news.com/
http://www.encburma.org/

တိုင်းရင်းသားအဖွဲ့အစည်းများ


http://www.kwekalu.net
http://www.knla.meabs.com
http://www.karen.org/
http://www.kachinland.org
http://www.kachinnews.com
http://www.monnews-imna.com
http://www.rakhapura.com
http://www.shanland.org
http://www.chinland.org
http://www.chro.org/
http://www.ndf-burma.org
http://www.sycb.info
http://www.rohingya.jp/

ပြည်ပသတင်းဆိုဒ်များ


http://khitpyaing.org/
http://www.irrawaddy.org/
http://www.mizzima.com/
http://www.peoplemediavoice.com/
http://www.linyaungchi.org/
http://www.yoma3.org


မြန်မာဘလော့ဂ်ဂါများ

A

Aung Naing Win
Ashin Kumara
Abuse MLM
Ainmat
Ain Chan Myae
Albert Diary
Aw Lan Mg
Artixlin
Arloo
Arloo's Funny Remix
Arrbyai
Aung Chan Lin
Aye Aye Thaw
Another World of Art
Alintan
Aung Kaung
Aung Love Master
Aung Kyaw Maw
Achit Kyi Thu
Andy Myint
Ainmet Diary
Aye Chan Thu
AKK Code
Ashin Kelasa
Ain Hope
Ashin Mettacara
Anti Plastic Bags (Social and Environmental Blog)
Abstract Nights
Ahmattaya
Awizi
Aung Phyoe
Aungsayapyai
Aye Aye Chan Chan
Aung Myo Han
Aye Myo Win
Akk Code
Ashin Revatapaauk - အရှင်ရေဝတ (ဖားအောက်တောရ) (Dhamma)
AVY
Autocad Drawing
Ayeesett (General)
Aye Myat Myat Ko (General)
A Smiling Flower (Personal)
Aung Myay (Religion)
လင်းငယ်၏မှတ်စုများ (Sharing) ***
အလင်းရနံ့ဂျာနယ် (Journal)

B

Bow Daw Gyi
Byteorder
Bayint Naung
Basi
Ba Zan Lin
Blue Sky Forest
Blue Phoenix
Burglish
Blue Arrow
Bo Soe (Personal Blog)
Burmese Gold Bull
Black Dream
Big Brown (Political Blog)
Brain & Beauty
Burmese Seaman - မြန်မာသင်္ဘောသားများ
Blog Notes - ဘလောဂ်မှတ်စု
Birmania Libre (Library)
Byakga (Medical, Personal, General)
Beyond the Love (General)
Burmese Asylum
Buddha Teaching for Burmese Myanmar (Religion)
Blogger Lay (Medical, Computer)
Blue Horizon (Personal)
Bamarlay (General)
Breeze of Mandalay (Computer)
Burma Democratic Concern (International Affairs, Law & Legal, Political, Volunteering)***


Caracature (Graphic)
Choco Thazin (General)
Chaw Ei Man (ဖန်တီးမှုများမျှဝေခြင်း) (Myanmar Short Stories)
Captain Myo Nyunt (Personal)
Crotchet (Personal)
ယုံကြည်ရာရပ်ဝန်း
Crazy Star (Computer)
Computer Tech Know-how, and Bio-Chemistry Tips (Computer, Technology) ***


D
Dr. Junior
Dee Doke
Dathana
Degolar
DBPR
Dewy-Eye
Day Walker
Dare To Be Smart
Dr. Tun Lin Moe
Dream World - အိပ်မက်ကမ္ဘာ (General)
Dream Color MM ကာလာနှင့်မက်တဲ့အိပ်မက်များ
Dr. Khaing Myo ဒေါက်တာခိုင်မျိုး
Dhamma Focus ဓမ္မဆုံချက်
Daung Zarni (Politic & News)
Draw a Smile (Blogging, Personal, Sharing) ***


E
Emotional Corner
Easy Twin
Equanimity
Eugene Latt
Engineer For Myanmar (Engineering)
English Language References of Ye Naing
Eain Lay
Eastern Emotions (Art)
Empty Zero (General)
Eain Mat Nyo's Collection (Entertainment)
Educate Myanmar (Education)
Exiter Music Blog (Music)
Eainni (General)

F
Flame
Fine Leaves
Fashion5ster
Fattylay (General)
Favourite Utilities Softwares & Knowledge Bank (Technology)


G
Generation 96
Gyittu
Golden Moon Face
GP Green Decoration
GP Tour
Gout Thee
Gu Gu
Genius Team (Donation Blog)
Green Girl Lai Lai (Personal)
Fashionster
Gitanetthan (Music)
Ideal Lin Lin (Politic)
IT Traveller (Games)

J
July

K
Ka Daung Nyin Thar
Knowledge Sharing
Kyaw Zay Ya
Kaung Ma Lay
Kyaw Min Tun
Ko Maung
Khant Zaw Aung
Klosayhtoo
Kanjosan
Kitty For Me
Akari
Ko Myo Aung
Ko Nge
Ko Zin
KZY 1980
Ko Wai
Kyaw Minn Naing
Kaw Ni (Vocalist)
Khaing Zaw
KK Win Moe
Kyaw Khaing
Ko Aung
Khun Mya Hlaing
Kthwe
Khin Min Zaw
Ko Wa Toke (General Blog)
Ko Aung Thu
Karaweik Than
Kook Gyi
Ko Paw 07
Ko Ye 76
Ko Kyaw Myint Oo
Jokes and Poems
K-Pop Myanmar (Music Blog)
Khin Myo
Kyaw Thet Latt K Pop Music
Kaung Khant Zan (Personal)
Ko Yan Daw (Personal)
Khin Min Han (Sex)
Kingmth
Koyin Naw Khin Lay Nge
Kyaw Hein
Kaytharinda
Nothing is Impossible
Ko Myo Thant
Ko Ko Mg Aye
Lin Kyal Phyu (Business and Hospitality Management)
Khin Marlar Aung (General)
Ko Ko (General)
Ko Htet For You (Personal)
ကော့သောင်းသား (General)
Kawn Mon Win ကောင်းမွန်ဝင်း (Lifestyle) ***
Kyaw Thu Ya (Advertising, Agriculture, Animal, Arts, Game, Sports, Technology, Travel)***


L
Lin Let Kyal Sin
Log of a Layman
Lin Pyar Nway
Lynn Htat
Leo Natt
Law Shay
Leo Jack
Lu Thit
Lu Jee Min
Lonemay
Nay Lin Htoo (Poems)
လေပြေသွေး (Art, Personal)
Lashioshanlay (Adventure) ***
Lukalay4 (Game, Internet, Language, News & Media, Personal) ***


M
Mr White
Michaelsync
7 Monkeys
May Dar Wii
Myat Su
Myat Zaw Lin
Mee Mee Nge
Myo Ko Ko
Madyjune
Myat Thu Ra
Mayvelous
Maung Hla's Diary
Mg Zeng
Moe Moe
Moe Aye
Moe Min Thar
MM Posts
Myanmar Modern Poems
Myanmar Blues
Myo Chau Htun
MM Han
Mg Yoe
Mg Myo Min
My Day Walker
My Net Class
Myo Nyi
Mg Thin Gyan
MM Blog Book
Myat Lone
Min Yoon Thit
My Black Brothers
Melodymaung
Mg Walone
Moe Thout Marn
Moe Nyo
Mandalar
Mogok Media
My Life Event
MM Astrology
Mya Lwar
Myanmar Studies
Mg Mg Hla Win
Myanmar OA6
Modern Poem Road
MM IT Dictionary
Mark Soe Min
Mya Ywet Wai
Min Thit Sar
Myanmar Philosopher
Motor Design
Myanmar Open University
Myanmar Media Watch
Metta Campaign
Mg Bo Tauk
Myanmar News
May Burma
Myeik News (News)
Myanmar Hip Hop Association
Myanmar Republican
Myanmar Seaman Help Desk (Seaman Society)
Myanmar Open Engineering Association (Engineering)
Mone Mone (Personal)
Ma Gyi Par Chuu (Personal)
Mg Phone Myint (Personal)
Missing Myanmar (မြန်မာပြည်ကိုလွမ်းတယ်(General)
Moon Face
Myanmar Astrology
Maung Maung
MSI Technology
My Home (General)
My Blog ကျွန်တော်၏ဘလော့ဂ် (General)
Mee Nge
May Madi (Personal)
Myanmar Chit-Chat (Entertainment)
Maung Say Ta Nar
Myanmar Game Development (Game)
Manatthit (General)
Myanmar Dictionary Group (Dictionary)
Myo Win Zaw
Mipadvocate
My Native Land တို့မြေ၊ တို့ရေ၊ တို့အမွေ (General)
Moon Thet Pan (Medical, General)
My World My Creation (General)
မီးသွေး (General)
အဇ္ဈတ္တပြခန်း (General)
Moejoe-Moejoe (General)
May Thit Sar Maung (General)
Moe & Thiri (Personal)
Mibamyittar (General)
Myittar Yay Sin (General)
Max Nay Zaw (Blood Donation)
Mg Wai Yan (Food & Recepies)
Myanmar Cartoons (Myanmar Cartoons)
Manawthar (General)
My Day Dream (အိပ်မက်များနဲ့ ရှင်သန်ခြင်း)
Myanmar In Malaysia (General)
Mr.Sailor Moon (Information about daily Myanmar Market)
Manorhary (Poems & Short Stories)
Moe Thauk Yan မိုးသောက်ယံရဲ့အခန်းငယ် (General)
Moe Sat
Myanmar Crime News (News)
Myanmar Traveller (Travel)
Myanmar Blog Reader (General)
Myat Hman Lay (General)
My Aids for Civil Engineering (General)
Myanmar Heart (Entertainment) ***


N
NMT
Ngwe La Min
Note 4 PC
Nyi Lynn Seck (Personal Blog)
Nyi Min Thant
Nyi Nyi Than Lwin
Ngwe Hnin Myu
Nay Nay
NULL
Nyein Chan
Nitu
Naing Win Hlaing
Nay Lin Aung
Neo Lwin
Nge Nge
Nay Chi Zaw
Nay Thann
Nay Phone Latt
Nay Thway Nyo (General Blog)
Nyi Htwe
Nay Minn Nyi
Nya Nay Kyal
Nyi Htut
Next Burma (Political Blog)
NL 80
Nge Nge (NUS)
Nay Zaw Win Maung (Art)
Nyi Ye Khaung (General Blog)
NCC EDU (General)
Nay Yar Thit (Computer)
Nay Minn Nwe (Personal)
Ni Ni Win (Personal)
Nyein (Personal)
Nyein Thu Han (Personal)
99 Sanay
Nyi Nyi Maung (Personal)
Nay Zaw (Photos)
No One Is Perfect (General)
Nyaung Oo (Blogging, Entertainment)
Naingmyanmar Blog (Lifestyle) ***

O
Open Eye Society
Oo Thar Gyaw (Navigation, Seaman)
Our United
Oversea Burmese Youth Christian Association

P
Peoimyanmar
Pho Awe
Pan Nwe
Pan Pwint Lay
Phyo Wai Kyaw
Pyi Soe Y Z
Pho Xin
Phoung Phoung
Pandora
Ponyate
Pauk Pauk Sote
Psycho Legend
Phyo Wai Kyaw (IT Mg Mg)
Pyi Chit Maung Mae
Phawkq
Public Health in Myanmar (Public Health)
Paung Thar (Mon Language Blog)
Pyae Phyo Aung 551
Pyae Sone Lay
Pan Wai Thi (Music)
Pieces of a lonely bird (General)
Pan Kha Yay
Psycho Legend
Pauk Pauk Sote
Phoe That
Pan Khayan Pyar (General)
Photayoke စည်းလုံးခြင်းရဲ့အင်အား (General)
Palartoo အရူးလွယ်အိတ် (General)
Prosper and Peace (Personal)
Photo Everest (Photography)
Pettinthan (General)
Phoongonegift (Personal)
Poohkglay (Personal)
Pay Sub Thu (General)
နှလုံးသားကွန်ယက် (General)
Princess of Heaven (K Pop)
Phosan

Q

R
Raven Blood Donor Club
Rapster
Revolutionary Feeling
Raw-Mix (General)
Republic (General)
Royal Worriers (General)
Rita (Personal)

S
Soe Min
Spot FM
Sweet Thinzar
Sis Ain
Shin Min's Coffee Corner
Sushi
Speaking Out Loud
Shwe Moe Tain
Student Bay
Sagaing
Sayaba
Sharing to Friends
Steven Alexander
Susu Kapyar
Sowha1
See N B Seen
Steve Ever Green
Sandra Lwin
Shwe Min Thar
Sakura Myanmar
S Potato
SYSM
Saw Kyaw Lwin
Shwe Myat (General Blog)
Sai Lao's Poems for All (Poem Blog)
Shwe Gyan (Personal Blog)
Sorissil
Soe Thawn
Seit Mee Ain
Soe Htet
Shun Lai Yi
Soewha
Shan Yoe
Sate Kuu Tay Thi (Hnin Khar Moe)
Sint Sint
Shwe Gyan Thu
Shwe Pyi Thu (General)
Swan Bros (Personal)
Sainatkha
Saung Yune La
Snay Nyo (Poem Blog)
Soe Lay (Personal)
Shan Ka Lay (Music)
San Win ကျောက်ပန်းတောင်း (Personal)
Sakarwarmyay စကားဝါမြေ (General)
Sandakuu စန္ဒကူးမေ (General)
Sandakuu Soe Moe Thein (General) စိုးမိုးသိန်း
Sir Yaw's Diary
Shwe Aung Lan ကိုရွှေအောင်ရဲ့ စိမ်းလန်းသောမြေ (General)
ရသာစုံ (General)
Sbsangpi
Shawntunchin (Cooking)
ဆိုင်းဘုတ်
Than Lone Nge (General)
Tatlunge (General)
Thet Paing Thu (Personal)
ကိုဖြိုးရဲ့ဆော့ဖ်ဝဲလ်မှတ်စုများ (General)
တသက်တာ (General)
The Blogg in My Heart

U
Unique
U Kyaw Lin Oo
United Myanmar
Today in Myanmar (Travel, Culture & Information)
Toe Toe (General)
Thu Nge Chin Myar
U Kalar (News)
U.S laws မြန်မာဘာသာပြန် တချို့(Law & Legal) ***


V
Variable
Open Letter to Burma
Villagers From Magwe (Magwe Blog)
Veritas- Nyein Chan

W
Wint Sweety
Wa Lone
Wai Phyo
Wai Hin Htut
War Zo Oo
Win Ka Bar
Webber Virtual Space
War War 81 (Personal)
Win Zaw (MDY)
Win Your Asylum Case

X

Y
Yamin Su Hlaing
Yemon
Yan Aung
Yaw Han Aung
Yangon Thar
Yan Naung Oak
Yadanar Cho
Yin Nyein Pann Foundation
Yin Nyein Pann Passion
Yamin's Gold Myanmar
Yin Htal Shi Tar
Ye Linn Phyo
Yay Pyaw Ngaht
Yawet Mon
Yadanar Cho
Ye Yint Nge - ရဲရင့်ငယ် (Personal)
Yin Mar Bin Town (General)
YYMS (Education)
Ye Yint (canada) (Music)
YGN People (Political)
Yadanar Foundation
Yin Way Kyal ရင်ဝေးကြယ်
Yangon Thu (Entertainment, Public Relations, Pop Culture, Personal)

Z
Zero Topic
Zaw Moe Aung
Zarni Min Htet
Zin Aung
Zinyaw
Zaw Maung's Poems
Zaw Ye Naing
Zyperlord
Zaw Wai's Journey
Znenith
Zin Ko Latt
Zin Aung 27
Zaw Ye Naung
Zay Wa Thoun
Zero Trash
Zi Wa Ka (General Blog)
Zaw Ye Naung
Zin Aung 27
Zawaree (Personal)

Zoezat (Politic)

Zizawa (Politic)

Zox-netmaze (Business)





Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More