Monday, November 29, 2010

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း (၂)

ရေးသားသူ ထွန်းအောင်ကျော် ပထမပိုင်းတွင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ရှိသည့် အတားအဆီး (၃) ရပ်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအတားအဆီး (၃) ရပ်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးမည်သို့၊ မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဉာဏ်မီသလောက် တင်ပြ ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုသို့တင်ပြ ဆွေးနွေးရာတွင် ကျွန်တော့်၏ စိတ်ထဲတွင် မြန်မာပြည်ဖွါး တိုင်းရင်းသား ပြည်သူများအားလုံး-(၁) လွတ်လပ်သော လူသားများအဖြစ် ပျော်ရွှင်ချမ်းမြေ့ လူပီသစွာနေထိုင်နိုင်ရေး။(၂) လူ့အခွင့်အရေး တန်းတူညီမျှ ရရှိရေး။ (၃) စည်းလုံးညီညွတ်သော ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်ရေးဟူသော စစ်မှန် သည့် စေတနာ အမြင်ဖြင့် တင်ပြခြင်းဖြစ်ကြောင်း စကားပလ္လင်ခံပါရစေ။ ထို့ကြောင့် ကျွန် တော်ရေးသားတင်ပြချက်များကို...

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ခြင်း အပိုင်း (၁)

ရေးသားသူ ထွန်းအောင်ကျော် နောက်ခံသမိုင်းမြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။                         သျှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစနစ်...

Sunday, November 28, 2010

ကရင်နီတပ်တွေနဲ့ နအဖတိုက်ပွဲသတင်းဗွီဒီယို

ကရင်နီတပ်တွေနဲ့ နအဖသောင်းကျန်းသူတွေရဲ့ တိုက်ပွဲ ဗွီဒီယိုပါ၊ လွတ်လပ်ခြင်းတရားမျှတခြင်းတွေနဲ့ မွေးရာပါလူ့အခွင့်အရေးတွေ အပြင် အဖိနှိပ်ခံတိုင်းရင်းသားတွေရဲ့ ထိရင်ကြွတတ်ကြတဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တွေ အတုယူမွေးမြူကြစို့၊ ”ရရင်ရ မရရင်ချ”ပါးစပ်က အော်နေရုံနဲ့ မပြီးဘူး တိုက်ပွဲဝင်ကြပါ၊ တိုက်ပွဲဝင်နေသူတွေကို တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ကြပါ၊။...

ဒုတိယပင်လုံညီလာခံအတွက် ပြောကြားသွားတဲ့ ဒေါ်အောင်ဆန်ဒစုကြည် မိန့်ခွန်းစုစည်းမှူ

ဒုတိယ ပင်လုံညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားတဲ့ မိန့်ခွန်းကို တင်ပြပေးထားတယ်။ var docstoc_docid="64002818";var docstoc_title="second pin lon_ dassk";var docstoc_urltitle="second pin lon_ dassk"; second pin lon_ dassk...

တိုင်းရင်းသားများကိုစစ်ဆင်ရန်ကိစ္စ -( တပ်မတော်လျှို့ဝှက်အတွင်းစာ)

var docstoc_docid="64001621";var docstoc_title="than shwe order";var docstoc_urltitle="than shwe order"; than shwe order...

Saturday, November 27, 2010

ကုလကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နိုဝင်ဘာလ ၂၇ ရက်နေ့က သွားရောက်တွေ့ဆုံ ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကို တော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊...

ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်

နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့နေခြင်းဖြစ်သည်။ ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရလက်ထက်တွင် ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ်...

သံဝေဂရစရာ လူဆိုးများ

စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ပုံကိုကြည့်ပြီး၊ လူတွေသံဝေဂရခဲ့ကြတယ်။ တခါတုံးက၊ ဇာတ်မင်း သားလေးလို ကြော့ကြော့လေးနေပြီး မီဒီယာရှေ့မှာ၊ ကလေးတွေကို နမ်းနမ်းပြလေ့ရှိတဲ့၊ ဗိုလ်ချုပ်ခင်ညွှန့်တယောက် အခုလိုမျိုး အထီးကျန်ဆန်စွာ ဇာတ်သိမ်းခဲ့ရလိမ့်မယ်လို့ တွေးထင်ပုံမရခဲ့ဘူး။ (၁)ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ဗိုလ်ချုပ်ခင်ညွှန့်ကို အနည်းဆုံး (၃)ကြိမ်နည်းပါးလောက် အနီးကပ် ဆုံဆည်းခဲ့ကြ ဘူးတယ်။ ပထမအကြိမ်က ဘုန်းမော်အရေးအခင်း ဖြစ်ပွားနေချိန်၊ မတ်လ (၁၅) ရက်နေ့မှာ စစ်ဝါဒီတွေက ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းကို သူပုန်စခန်းတခုလို ဝင်သိမ်းပြီး၊ ကျောင်းသားတွေကို၊ မျက်ရည်ယိုဗုံးနံ့ တွေဝေနေတဲ့ ပင်မအဆောက်အဦးရှေ့မှာ စုထိုင်ခိုင်းတယ်။ ပြည်ထဲရေးဝန်ကြီး...

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ`၏ သဘောထားထုတ်ပြန်ချက်

...

Friday, November 26, 2010

မိဘနဲ့တူသောအစိုးရ အပိုင်း( ၁)

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ဖခင်မယ်တို့တာ။ကျနော်တို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ၀တ္တရားများပေါ့၊ လောကမှာ မိဘတော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ် မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သောချွှင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊  မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တံစာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့...

Tuesday, November 23, 2010

၁၀နှစ်ကျော်ကြာ တွေ့ခွင့် မရခဲ့သည့် ဒေါ်အောင်ဆန်းစုတို့ သားအမိ ပြန်လည်ဆုံတွေ့ခွင့်ရ

(ဓါတ်ပုံ အေပီ)နေအိမ်အကျယ်ချုပ် ၇ နှစ်ကျော်ကြာ ကျခံရပြီး နိုဝင်ဘာလ ၁၃ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် နိုဝင်ဘာလ ၂၃ ၇က် နံနက် ၉နာရီက ထိုင်းနိုင်ငံမှတဆင့် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့် ရရှိသွားပြီဖြစ်ပါသည်။ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်လေဆပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ မိခင်ဖြစ်သူနှင့် ၁၀ နှစ်ကျော်အတွင်း ပထမဦးဆုံး ပြန်လည်တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ Photo by...

ကိုကျော်သူနှင့် အနှပညာရှင်များ အေအိုင်ဒီအက်စ်ရောဂါခံစားနေရသူများကို သွားရောက်တွေ့ဆုံ

၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော်အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံ...ရှိမဖြူဖြူသင်းထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကို လူသားချင်းကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။ အဆိုတော်အနဂ္ဂသည် သူ၏အ၀တ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှ ငွေသားများ၊ ဦးကျော်သူမှ T-Shirtများ၊ ပြည်မြို့ရွှေပေါက်ပင် ဆရာတော်ကြီး၏ ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော်ကျင့်စဉ်စာရွှက်များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော်တစ်ဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်နောက် ခုနှစ်ရက်သားသမီးများ...

Sunday, November 21, 2010

ပြည်တွင်းထုတ် ဂျာနယ် (၉)စောင်အား စာပေစိစစ်ရေးမှ ဂျာနယ် ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း သိရ

ပြည်တွင်း ထုတ်ဝေလျက်ရှိသော အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ် (၈)စောင်အား ဂျာနယ်ထုတ်ဝေခွင့် ယာယီ ရပ်နားစေခဲ့ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ နိုဝင်ဘာလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်အရ သိရသည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ First Eleven Sports Journal နှင့် Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၂)ပတ် ရပ်နားစေခဲ့ပြီး 7 Day၊ Venus ၊ Myanmar Newsweek၊ လျှပ်တစ်ပြက်၊ မြန်မာပို့စ်၊ ပြည်သူ့ခေတ်နှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေခွင့် (၁)ပတ်စီ ရပ်နားစေခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ EEleven Me...

Saturday, November 20, 2010

နာရေးကူညီမှုအသင်း(ရန်ကုန်) မဟာဘုံကထိန်ပွဲ အောင်မြင်စွာ ကျင်းပြ့ပီးစီး

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ၂၀.၁၁.၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံကျင်းပ ပြီးစီးခဲ့ပါသည်။ နာရေးကူညီမှူအသင်း( ရန်ကုန် )မှ ဦးစီးကျင်းပပြုလုပ်သွားခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း မဟာဘုံကထိန် ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန် ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ် ဆုံးပွဲတစ်ခုဖြစ်ခဲ့ပြီး နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ပဒေသာပင်များကိုနံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊...

ပဒေသရာဇ်ခေတ် ကိုတည်ဆောက်နေကြတဲ့ စစ်အာဏာရူးတွေ

စစ်ယူနီဖောင်းချွတ်ထားတာ မကြာသေးတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန် တစ်ယောက် နိုဝင်ဘာ ၁၅ရက်က ကမ္ဘောဒီးယားနိုင်ငံ သွားရောက်ရင်း ဖနွမ်းပင် မြို့ မှာရှိတဲ့ မြန်မာသံရုံးမိသားစုတွေနဲ့ပါ တွေ့ဆုံဖြစ်ခဲ့ပါတယ်၊ တွေ့တာ ရိုးရိုးတွေ့ဆုံတာမဟုတ်ဘဲ ခုံမှာ မှူးကြီးမတ်ရာထိုင်တဲ့ စတိုင်လ်နဲ့ အောက်မှာက သံရုံးဝန်ထမ်းမိသားစုတွေက ကျုံ့ကျုံ့လေးတွေထိုင်လို့ ထိုင်ပါကန်တော့ရတယ်ဆိုတော့ သူကဘာမို့လည်းလို့ မေးစရာရှိလာပါတယ်။ သူ့ဆန်စားရဲမှ ဆိုသလို သူတို့မျက်နှာသာပေးမှ နေရာကောင်းလေးတွေ ရမှာဆိုတော့လည်း…… ဘာဘဲဖြစ်ဖြစ် ခေတ်မှီ၍ တိုးတက်နေသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကို တည်ဆောက်နေပါတယ်ဆိုတဲ့ နအဖစစ်အာဏာရူး တွေကတော့ ခေတ်ဟောင်း ပဒေသရာဇ်ခေတ်ဆီကို နောက်ပြန်ချီတက်ရင်း တိုင်းပြည်ကို ပြာပုံဘ၀ရောက်ယုံတင်မကဘူး...

နအဖသောင်းကျန်းသူများက ထီးတပလယ်ကျေးရွာ အနီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျှက်ရှိ

နိုဝင်ဘာလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ကျနော့်လူတွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ပြောသည်။ထီးတပလယ်ကျေးရွာ တောင်ကုန်းတွင် လှုပ်ရှားနေသော နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့ည ၉နာရီခန့်တွင်...

နိုင်ငံရေးသမားကြီးတွေကို ဂါရ၀ ပြုပွဲ ကျင်းပပြုလုပ်

ပြည်တွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှား နေတဲ့ ဒီမိုအင်အားစုတွေက ၀ါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲတရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့် ရှိ ၀ါရင့်နိုင်ငံရေးသမားဟောင်း သခင်သိန်းဖေ အိမ်တွင် ၂၀.၁၁.၂၀၁၀ စနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သွားခဲ့ကြသည်။ အဆိုပါ ကန်တော့ ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီဝင်များ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်ဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားကျိုးပမ်းနေကြသူများ တက်ရောက်ခဲ့ကြ့ပီး ကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး...

ဒေါ်စုကို ကြိုဆိုလိုက်တဲ့ ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်ခံရ

ပြည်တွင်းမှာ လူကြိုက် များ လှသည့် First Eleven အားကစား ဂျာနယ် မျက်နှာဖုံးစာမျက်နှာပေါ်တွင် အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီအသင်း တို့ တွေ့ ဆုံမှုကို SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟုဖော်ပြထားရှိပြီး“ အနီရောင်စာလုံးများဖြင့် ”စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော စာသားကိုပညာသားပါပါဖြင့် ဖော်ပြခဲ့မှူကြောင့် စာပေစ်စစ်ရေးမှ First Eleven ဂျာနယ်အား စာစောင်ထုတ်ဝေမှူအား နှစ်ပတ် ပိတ်လိုက်သည်။ ၄င်းသတင်းကို Eleven Media Group မှ ၀န်ထမ်း တစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ စာပေစိစစ်ရေးမှ နှစ်ပတ် ပိတ်ခိုင်း...

Friday, November 19, 2010

အိုးဝေအောင်အတု

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ရဲ့ ပထမဦးဆုံးသော ဥက္ကဌဖြစ်ခဲ့ဖူးတဲ့ ကိုထွန်ေးအာင်ကျော်ကို ဒေါင်းအိုးဝေ ဘလော့ဂ် စီဘောက်မှာ ရိုင်းစိုင်းစွာ ပြောဆိုဆဲသွားတဲ့ သူရဲ့ IP Address 67.167.89.190 ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု Lllinois ပြည်နယ် Carol Streamမြို့ကဖြစ်ပါတယ်။ ပုံမှာအသေးစိတ်ကြည့်နိုင်ပါသည်။ ကိုအိုးဝေအောင်အမည်ဖြင့် ဆဲသွားသူရဲ့ အိုင်ပီလိပ်စာအပြည့်အစုံ ကိုအိုးဝေအောင်အစစ်ရဲ့ အိုင်ပီလိပ်စာအစစ်က ဒီပုံမှာ ကြည့်နိုင်တယ် ကိုအိုးဝေအောင်ရဲ့ အိုင်ပီလိပ်စာအစစ်က IP Address 98.165.192.207 ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၊ Arizona ပြည်နယ်၊ Phoenix မြို့ကလို့ စုံစမ်းစစ်ဆေး တွေ့ရှိရပါတယ်။ ဆဲဆိုရေးသားသွားသူရဲ့ အမည်နဲ့ အိမ်လိပ်စာတွေထိပါ...

Wednesday, November 17, 2010

ဖေ့စ်ဘုတ် မှာ ကူးစက်နိုင်သည့် ဗိုင်းရပ်စ် သတိထား

ပြည်တွင်း ပြည်ပရောက် မြန်မာတွေ အသုံးများသည့် နာမည်ကျော် လူမှုရေးကွန်ရက် Website Facebook ပေါ်တွင် Imagine that ဟု အမည်ရသော Facebook Application အယောင်ဆောင် ထားသည့် Virus တစ်မျိုး နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ကာပျံ့နှံ့ အနှောင့်အယှက် ပေးလျက် ရှိကြောင်းသိရှိရပြီး  အဆိုပါ Virus ကူးစက် နှောင့်ယှက်ခံရသော ပြည်တွင်း Facebook Account ပိုင်ရှင်အချို့ထံမှ သိရသည်။ အဆိုပါ Virus သည် သုံးစွဲသူ တစ်ယောက်ထံသို့ မိတ်ဆွေသူငယ်ချင်း များ၏ Comment များမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါ Comment များတွင်ပါဝင်သော http://apps.facebook.com/ /imaginedat ဆိုသည့် Link ကို ကလစ်နှိပ်၍ လက်ခံလိုက်မိပါက ကူးစက်ခံရမည် ဖြစ်ကြောင်း အဆိုပါ နည်းလမ်းဖြင့် ကူးစက်ခံခဲ့ရသော Facebook...

ဒီကေဘီကို ကေအဲန်ယူအစည်းအရုံးမှ ဂုဏ်ပြုကြိုဆို

ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း နိုဝင်ဘာလ ၁၇ ရက်နေ့က ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့် နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ကျင်းပပြုလုပ်သွားခဲ့သည်။ ၁၅နှစ်ကျော်ကြာ သောင်းကျန်းသူနအဖစစ်အစိုးရ၏ ကရင်တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှူကို နည်းလမ်းပေါင်းစုံဖြင့် ဖြိုခွဲခဲ့ပြီး အချင်းချင်း သတ်ဖြတ်၊ တိုက်ခိုက်မှူများ ဖြစ်အောင်လုပ်ဆောင်နေမှူများကို ကရင်လူမျိုးလက်နက်ကိုင် အဖွဲ့တို့မှ ကောင်းစွာနားလည်လက်ခံလာပြီး သောင်းကျန်းသူ နအဖစစ်အာဏာရှင်တို့အား အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသည့်...

ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း ထွန်းအောင်ကျော်

ထွန်းအောင်ကျော်၁၆၊ ၁၁၊ ၂၀၁၀။ အစွန်းရောက် အတွေးအခေါ်များဗိုလ်နေဝင်း၏ စစ်အာဏာစက်အား ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီးဖြင့် တိုက်ချလိုက် စဉ်က ဦးဆောင်သူများမှာ အတွေ့အကြုံ နုနယ်သည့် ကျောင်းသားများက အများစုဖြစ်ခြင်း၊ နိုင်ငံရေးတိုက်ကွက်ထက် ပုဂ္ဂိုလ်ရေးကြော်ကြားမှု Heroism ကို ဦးစားပေးခဲ့ကြခြင်း၊ အတွေ့ အကြုံရှိသော လူကြီးများက ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး သူအိမ်ရှေ့ကဝင်ရင် ငါနောက်ဖေးက ထွက်မည်ဟု မာန်မာန အာဃာတကြီးမားခြင်းတို့ကြောင့် လက်တကမ်းအလို ပြည်သူလိုလား သည့် အစိုးရဖွဲ့စည်းနိုင်ခြေမှ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ တဖန် ၁၉၉၀ ရွေးကောက်ပွဲသည် ညစ်ပတ်မှုများကြားမှ NLD အနိုင်ရလာသည့် အခါတွင်လည်း လက်နက်မဲ့ပြည်သူအင်အားကို တဖက်သတ်အားကိုး၍ တင်းမာရေး လမ်းစဉ်ကို လိုက်ပါခဲ့ကြပြန်သည်။ ဦးကြည်မောင်၏ (Off the record) ထုတ်ပြန်ရန် ခွင့်မပြုသော ပြောကြားချက်ဖြစ်သည်၊ “အကယ်၍ အစိုးရဖွဲ့ပြီးလျှင် စစ်ခေါင်းဆောင်များကို နုရင်ဘတ်ခုံရုံး...

Tuesday, November 16, 2010

ဘုရားသုံးဆူရှိ ဒီကေဘီအေ တပ်စခန်းကို နအဖတပ် ၀င်ရောက်နေရာယူ

နိုဝင်ဘာလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ) ဗွီဒီယိုက မဇ္ဈိမသတင်းက ၁၅ ရက်နေ့က လွင့်တဲ့ သတင်းကို လက်ရှိ သတင်းနဲ့ ဆက်စပ်ကြည့်နိုင်အောင် ပါ။ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ဒီကေဘီအေ တပ်စခန်းတခု ဖြစ်သည့် ရာဘာခြံ (ခေါ်) အင်းဝဂိတ်တွင် ယနေ့ နေ့လည်ပိုင်း၌ ၀င်ရောက်နေရာယူလိုက်ကြပြီဖြစ်ကြောင်း မြို့ခံများက ပြော သည်။ ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဗိုလ်အေ၀မ်းတို့အဖွဲ့ အကုန်ထွက်သွားတော့ ဒီနေ့ နေ့လယ်အချိန်မှာ နအဖတပ်တွေ မြို့ရဲ့ လုံခြုံ ရေးကို တာဝန်ယူဖို့အတွက်ဆိုပြီး အခု ရာဘာခြံစခန်းကို ၀င်ယူနေကြပြီ။ အင်အားတော်တော်များတာပဲ။”ဟု ပြောသည်။ အဆိုပါ အင်းဝဂိတ်စခန်းသည် ဒီကေဘီအေ (၉၀၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောအေ၀မ်း (ကလိုထူးဘောဗျူဟာ အထူးတပ် ခွဲမှူးဟောင်း) ဦးစီးသည့်အဖွဲ့ထိုင်ခဲ့သော စခန်းတခုဖြစ်ပြီး ယခု နိုဝင်ဘာလဆန်းပိုင်းက ဘုရားသုံးဆူမြို့တွင် နအဖနှင့် ဒီကေဘီအေကြား...

သုခကုသိုလ်ဖြစ် ဆေးခန်းသို့ နေ့စဉ်လာရောက် ပြသသူဦးရေ ယခုနှစ်နှောင်းပိုင်းမှစ၍ ၂၀၀ ၀န်းကျင်အထိ မြင့်တက်လာ

နာမကျန်းသူများအားဆေးဝါး အခမဲ့ဆေးဝါး ကုသပေးနေသော သုခကုသိုလ်ဖြစ် ဆေးခန်းသို့ နေ့စဉ် ပျှမ်းမျှလူနာဦးရေ တစ်ရာကျော် လာရောက်ပြသနေရာမှ ယခုနှစ်နှောင်း ပိုင်းမှစတင်ကာ နှစ်ရာဝန်းကျင် အထိ မြင့်တက်မှုရှိလာကြောင်း အဆို ပါဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းကို ၂၀၀၇ခုနှစ် မတ်လဆန်းက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးခန်း စဖွင့်စဉ်ကာလက တစ်ရက်လျှင် လူနာဦးရေ ငါးဆယ်ဝန်းကျင်သာ လာရောက် ပြသမှုရှိကြောင်း သိရသည်။ သို့ရာ တွင် ၂၀၀၈ ခုနှစ်ဆန်းပိုင်းခန့်မှ စတင်ကာ အဆိုပါဆေးခန်းသို့ ရန်ကုန်မြို့တွင်းရှိ မကျန်းမာသူများသာမက ရန်ကုန်နှင့်အနီးတစ်ဝိုက်ရှိမြို့နယ် များတွင်နေထိုင်ကြသူများပါလာရောက် ဆေးဝါးကုသမှုများရှိလာခြင်းကြောင့် လူနာဦးရေမှာ တစ်နေ့ထက်တစ်နေ့...

နာရေးကူညီမှူအသင်း(ရန်ကုန်) စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပမည်။

၂၀.၁၁.၂၀၁၀ (စနေ) နေ့တွင် ကျင်းပမည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အသင်းသူ/ သားများစုပေါင်း ပါဝင်လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဒိုးပတ်ဝိုင်းများ၊ ရှမ်းအိုးစည်ဝိုင်းများဖြင့် ၀ဋ်ကြွေးတော်ပြေ ဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ပဒေသာပင်များ သယ်ဆောင် ပို့ဆောင်ကြမည်ဖြစ်ပြီး စုပေါင်းမဟာဘုံကထိန်ပွဲတော် အကြိုအဖြစ် “အောင်သိဒ္ဓိ” ရှမ်းအိုးစည် သာသနာပြုအဖွဲ့မှ နာရေးကူညီမှူအသင်း ဆီရာသို့ သွားရောက်၍ ရှမ်းအိုးစည်အက၊ ဓါးသိုင်းအကများဖြင့် သွားရောက် ကုသိုလ်ယူဖျော်ဖြေမှုတစ်ရပ်ကို ပြုလုပ်သွားကြောင်း သတင်း၇ရှိသ...

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More