Saturday, October 30, 2010

22နှစ် မြောက် မိခင်မွေးနေ့ သို့ 



ABSDF ……….
ရဲဘော်များအား အလေးပြုပါတယ်
အာဏာရှင်စနစ်အား တိုက်ခဲ့သည်မှာ
၂၂နှစ်တောင် ပြည်ခဲ့လေပြီ။
ရာသီစက်ဝန်း ဖြစ်ရပ်မျိုးစုံ အဖုံဖုံကို
မောင်ကျောင်သားတို့ 
ခါးစီးခံခဲ့
အာဏာရှင်စနစ် ဘုံရန်သူအဖြစ်
သတ်မှတ်ခဲ့í
ကျောက်စာပေစာ ပရပိုက် က
ဗမာ့သမိုင်းမှာ သူရဲကောင်းအဖြစ်
မှတ်တမ်းတင်ထားနိုင်လေပြီ


ကျွန်တော့်ငယ်ချစ် ရှစ်ဆယ့်ရှစ်က
ခွပ်ဒေါင်းရဲဘော် ကိုထွန်းအောင်ကျော် မှ အစပြု၍
ကိုယ့်ရင်သွေးပမာ ရဲဘော်သံခဲ သတ္တိသွေး က
သာမာန်ထွားကြိုင်း ရှုတိုင်းမျှော်သည်
တူညီကြတဲ့ အယူအဆတွေက ထပ်တူထပ်မျှ
ပြည်သူချစ်သမို့ ဂုဏ်ယူဝမ်းမြောက်ပါပေသည်။
သမိုင်းစဉ်ဆက်ပေးဆပ်ခဲ့သည့်
ကျောင်သားတပ်မတော် ခွပ်ဒေါင်းတွေက
ပဲခူးမှလုပ်ရပ် တီထွင်ဆလို့ 
ကြိုးစားပြန်လဲ ပြည်သူအတွက်စတေးခံခဲ့ရလေပြီ။


တနေ့ ကမှ ဖတ်လိုက်ရသည့် တပ်ဦးဆီက
ရပ်တည်ချက်ကို အံ့သြလေးစားဂုဏ်ယူမိသည်
2010 ကို ပစ်မှတ်ထားခဲ့
အတုအယောင် ရွေးကောက်ပွဲလဲ
ကျဆုံးပါမည် သက်သေထူသည်
ခွပ်ဒေါင်းမောင်တို့ လာချေပြီ။
ယုံကြည်ချက်နှင့် ရည်မှန်ချက်ကြီး
ခွပ်ဒေါင်းမောင်ရေ ပြည်သူ့ ရဲဘော်
အာဇာနည်အား မမေ့နိုင်ရန် နှစ်လချီ၍
ရာသီများစွာ ကြိမ်ဖန်များလည်း
သွေးသက်သေဖြင့်
မှတ်တမ်းစာရေး ကဗျာတေးက
၂၂နှစ်မြောက်မိခင်တပ်ရင်းအား
အလေးပြုဦးညွတ်ပါတယ်ဗျာ...
22နှစ် မြောက် မိခင်မွေးနေ့ သို့ 


ရဲဘော်ထွန်းဝေ
၎း၀၇ မိနစ် တိုကျို
2010.10.30

0 comments:

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More