Friday, October 29, 2010

ဒေါင်းတွန်သံ

စွယ်တော်နဲ့ ကံ့ကော်မြေနန်း
ယမ်းဖုံး ကျည်သင့်လျက်
မြန်မာပြည် လမ်းမတွေထက်က
မြေလွှာကို ခွာကြည့်ရင်
သွေးနဲ့ရေးခဲ့ ရာဇဝင်သစ်
ရှစ်လေးလုံး သမိုင်းစာမျက်နှာကို
ပြောင်မြောက်စွာ တွေ့ရလိမ့်မယ်။
တပါတီ အာဏာရှင်စနစ်
စစ်အာဏာရှင် စနစ်
အမှောင်ခေတ်မှာ
သူပုန်ဖြစ်ခွင့် ရခဲ့တဲ့
မြန်မာ့ကျောင်းက
ဒေါင်းတို့ ရာဇဝင်။
ထောင်တွေ၊ တန်းတွေလည်း
စာသင်ခန်းဖြစ်ခဲ့။
စာသင်ခန်းတွေလည်း
သပိတ် စခန်းတွေ ဖြစ်ခဲ့။
ရိုးမတောတွေလည်း
ဘဝတ္ကသိုလ်ဖြစ်ခဲ့။
ရှစ်လေးလုံး သ္နိဌာန်
မောင်းပြန်သေနတ်
ဒေါင်းအလံ တင်ကာ တိုက်ပွဲဝင်ဖို့ရာ
မြန်မာပြည် တနံတလျား
ရိုးမတောင်တွေကြားက
ဒေါင်းတမန်များ ပြန်လာမယ်။ ။
နီလွင်သွေး (ဒဿနိက

0 comments:

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More