Saturday, December 11, 2010

လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်

လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဖို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်တဲ့၊ ငါ့လက်သီးတွေက မင်းဆီသက်ရောက်ဖို့ ၊ ငါ့မှာမေးရိုးရှိတယ်။ ခုတော့မင်းမှာမေးရိုးမရှိပဲ မင်းလက်သီးတွေ ငါ့အပေါ် လာလာသက်ရောက်နေတာ အမှန်တရားရေ မင်းတရားလွန်လွန်းပြီ၊                               ( ကဗျာဆရာ-မောင်ချောနွယ် ) အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်လာတော့ ကြားလိုက်ရတဲ့စကားတွေက ကြက်သီးမွေးညှင်း ထလောက်စရာ၊ “ ကျမကို ထိန်းသိမ်းထားတဲ့သူတွေကို ကျမအာဃာတမထားပါဘူး ”တဲ့ ၊ ကိုယ့်အပေါ် ရက်ရက်စက်စက်လုပ်ထားတဲ့ သူတွေအပေါ် ကျနော်တို့သာဆိုရင်...

နှင်းရနံ့တွေ ကျွံဝင်လာတဲ့အခါ……….( ၁၉၉၆ – ကျောင်းသားလှုတ်ရှားမှု )

အသံ (၁) ကျနော့သူငယ်ချင်းတွေကလည်း ဖြူးမြို့ကလာတက်တဲ့ ကျောင်းသားတွေလေ။ မြို့ကိုခဏအလည်ပြန်ဖို့ စော်ဘွားကြီးကုန်းကားဂိတ်မှာ ကားစောင့်နေတုံး၊ စားသောက်ဆိုင်မှာ ခဏဝင်စားသောက်ကြတယ်။ ကျနော်တို့နဲ့မလှမ်းမကမ်းမှာ စားသောက်နေတဲ့သူတွေက စည်ပင်သာယာကရဲတွေ။ သိတ်မကြာဘူးဗျ။ သူတို့အရှိန်ရလာတယ်ထင်တယ်။ ကျနော်တို့စကားပြောတာဆူတယ်တဲ့။ တယောက်က မျက်နှာဆွဲထိုးခံချင်လို့လားလို့မေးတယ်။ ကျနော်တို့လည်း လူငယ်ပဲလေ။ ပြန်ပြီး မိုက်ကြည့်ကြည့်တာပေါ့။ အခြေအနေတေကွ တစထက်တစတင်းမားလာတယ်။ “မအေ -ိုးတွေ၊ဘာလူပါးဝတာလဲ။ ကြာတယ်ကွာ။ရိုက်ပစ်”တဲ့။ သူတို့လေးယောက် ဝုန်းကနဲထလာတယ်။ ကျနော်တို့က ကျောင်းသားတွေပါလို့ပြောတယ်။ မရဘူးဗျာ။ အဲ့ဒီမူးနေတဲ့ စည်ပင်သာယာရဲတွေက၊ “ အေး– ကျောင်းသားဆိုရင် ငါတို့က...

ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ” ရဲဘော်ကျော်သန်း”

တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ် ” ရဲဘော်ကျော်သန်း” ကိုထွန်းအောင်ကျော်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စာတန်းဆန်ဆန် ဆောင်းပါးကို ဖတ်ရပါတယ်။ တန်းတူရေးကို အခြေခံတဲ့ တိုင်းရင်းသားစုံ ညီညွတ်ရေးနဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် သူ့အမြင်တွေကို တင်ပြထားပါတယ်။ စာတမ်းဆောင်းပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံပါတယ်။ သို့သော်လည်း တချို့အချက်များကိုတော့ အပြန်အလှန်ဆွေးနွေးလိုပါတယ်။ ဖြည့်စွက်တင်ပြခြင်း သဘောပါ။ ဒါကလည်း နိုင်ငံရေးသမားတယောက်ရဲ့ တာဝန်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြောသလို နိုင်ငံရေးသမားဆိုတာ ကိုယ့်အမြင်အယူအဆကို လူထုအကြား ပွင့်ပွင့် လင်းလင်း ချပြရဲရမယ်။ အမှားအမှန်ကို သမိုင်း (ရာဇ၀င်) က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ နိုင်ငံနဲ့ ပြည်သူအတွက် ရှောင်ရန် ဘေးအန္တရာယ်တွေ၊ ဆောင်ရန် သာယာဝပြောရေးနဲ့ ညီညွတ်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်တွေ...

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း အပိုင်း ( ၄ )

မဲသရောထ ကြေငြာစာတမ်းပါ အချက် (၆) ချက်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသူများ မငြင်းပယ်နိုင်သည့် အချက်ကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်းအချက်များကို အများပြည်သူ ရှေ့မှောက်တွင် ဖတ်ပြပြီး ထောက်ခံခဲ့ သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များက ချစ်ခင်လေးစား ထောက်ခံကြသည်ဟုဆိုလျှင် မမှားနိုင်ပါ။ ၂၁ ရာစု ပင်လုံစာချုပ်ဟု ဆိုရာ၌ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် တူနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် အဓိကမူဖြစ်သော-(၁) တန်းတူညီမျှရေး။(၂) ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် ရရှိရေး။(၃) စစ်မှန်သော ဖယ်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်ရေးဆိုသည့် မူများကိုတော့ ပြောင်းလဲနိုင်မည် မဟုတ် သလို၊ ငြင်းပယ်လို့လည်း မရနိုင်ပါ။ ၁၉၄၇ စာချုပ်တွင် ပါရှိသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ယနေ့ တိုင်းရင်းသားခေါင်းဆောင်များက ပစ်ပယ်လိုက်ပြီး ပြည်ထောင်စုကြီးအဖြစ် မခွဲမခွာဘဲ ရပ်တည်သွားမည်ဖြစ်ကြောင်း NDF...

Pages 251234 »

Share & Enjoy

Twitter Delicious Facebook Digg Stumbleupon Favorites More